ဒီ‌မနက်ကျနော်အိပ်ယာနိုးတော့ တစ်ရွာလုံး အုံးအုံးကြွပ်ကြွပ် ဖြစ်နေကြတယ်။ ကျနော့်အိမ်မှာလည်းထိုနည်းလည်းကောင်းပါပဲ။ ဘာတွေဖြစ်နေကြတာလဲလို့ အိမ်ကလူတွေကို အိပ်ချင်မူးတူးနဲ့ ကျနော်မေးလိုက်တော့, ကိုယ့်အိမ်က ဘုရားကျောင်းဆောင်အောက်တည့်တည့်မှာ မီးသွေး‌တူးနေကြတာတဲ့။ ဘာလုပ်ဖို့လဲဆိုတော့, ရေစိမ်သောက်ဖို့တဲ့။ ဘယ်သူကပြောတာလဲဆိုတော့,ဘယ်ရွာကဆရာတော်ဆိုလား၊ဘုန်းကြီးဆိုလား ညက အိပ်မက်မက်လို့တဲ့။ ကိုယ့်အိမ်က ဘုရားကျောင်းဆောင် အောက်တည့်တည့်က မြေကြီးကိုတူးကြည့်ရင် မီးသွေးခဲလေးတွေ တွေ့လိမ့်မယ်တဲ့၊အဲ့ဒါကို ရေစိမ်သောက်တဲ့ ဗ်ုိင်းရပ်စ်ရောဂါကိုကာကွယ်ပေးလိမ့်မတဲ့။ တစ်ရွာလုံးတူးကြတာ အိမ်တိုင်းလိုလို မီးသွေးခဲလေးတွေရတယ်။အိမ်မှာလည်း ကျနော့်တူလေး အိမ်ခေါင်းရင်းမှာ သွားတူးတာ ပုံထဲကအတိုင်း မီးသွေးခဲလေးတွေရလာတယ်။ အဲ့ဒါကို ကျနော့်အမက ရေသန့်ဘူးထဲထည့်ပြီး စိမ်ထားတယ်။ အိမ်ခေါင်းရင်း ဘုရားကျောင်းဆောင်အောက်က မီးသွေးခဲတွေကို ...