ဒီအမျိုးသမီးဟာ ဘဝမှာ ဘာမှမလိုချင်တော့အောင်ပြည့်စုံနေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ….

ဒီအမျိုးသမီးဟာ ဘဝမှာ ဘာမှမလိုချင်တော့အောင်ပြည့်စုံနေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ ။

မျိုးရိုးဂုဏ်သိမ် ပြည့်စုံကြွယ်ဝတဲ့အမျိုးသမီးရုပ်ဆင်းအင်္ဂါမှာ ကုံလုံလှပတဲ့အမျိုးသမီးအနုပညာ ၊ အတတ်ပညာမှာ အရည်အချင်းရှိတဲ့အမျိုးသမီး

အရည်အချင်းရှိတဲ့အမျိုးသားကို ပေါင်းဖက်နိုင်တဲ့အမျိုးသမီး

ချမ်းသာကြွယ်ဝမှုမှာ လူတန်းစေ့နေနိုင်ပြီဖြစ်တဲ့အမျိုးသမီး

ပေါင်းသင်းဆက်ဆံရေးမှာ ကောင်းဂုဏ်သတင်းကျော်ဇောတဲ့အမျိုးသမီး

အလွှာအသီးသီးက ချစ်ခင်အားကျခံရတဲ့အမျိုးသမီး

ဒီလိုအစစ အရာရာပြည့်စုံနေတဲ့အမျိုးသမီးကပြည်သူပေးတဲ့အားနဲ့ ပြည်သူကျွေးတဲ့ထမင်းစားပြီး ရပ်တည်မှရလာတဲ့သူမဟာ ပြည်သူအတွက် ရှေ့ထွက်လာခဲ့တယ် ။

သွေးဆိုတာ ရေထက်ပျစ်ပြီး မျိုးရိုးဆိုတာမတိမ်ကောကြောင်း ပြခဲ့တဲ့ ဒီအမျိုးသမီး

ဒီအမျိုးသမီးကို နှစ်ပေါင်း ၂၅ နှစ်ကျော်ကျော် အားပေးခဲ့ရတာ ဘယ်တုန်းကမှ နောင်တမရခဲ့ရဘူး ။

အရေးတော်ပုံအထိ ဂုဏ်ယူစရာကောင်းနေတဲ့ ဒီအမျိုးသမီးကို ပြန်လာရင်ပိုချစ်ရဦးမယ် ။

မင်းခြံထဲက မင်းပျိုးထားတဲ့ပန်းတွေကပြောတယ် မင်းပြန်လာမှပွင့်မယ်တဲ့ အွဲ ရေ … ။

မွေးနေ့အမီ မင်းတိုက်ယူနေရတဲ့ ဒီမိုကရေစီနဲ့ပြန်လာနိုင်ပါစေ

(ပြည်သူ့ သရုပ်ဆောင် ပြည်သူ့ ပြန်ပေး)

ဦးပြည်တီဦး နဲ့ မအူဝဲ အထိခိုက် မရှိဘဲ ပြန်လာနိုင်
ပါစေ🙏🏻

#Crd

Add a Comment

Your email address will not be published. Required fields are marked *