ရခိုင်အငူမှာ လေဝဲဖြစ်နေပြီး လေပြင်းတိုက်နိုင်သည့် မြို့နယ်များစာရင်း

မိုးလေဝသဂြိုလ်တုမှတဆင့် ခန့်မှန်းချက်များဘင်္ဂလားပင်လယ် ရခိုင်အငူအနောက်တောင်ဘက်တွင်လေဝဲတစ်ခုဖြစ်ပေါ်နေပါတယ်။

ထိုလေဝဲကြောင့် ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းအရှေ့ပိုင်းမြစ်ဝကျွန်းပေါ်ဒေသတွေမုတ္တမ ကမ်းလွန်ကမ်းနီး မွန်ပြည်နယ် ကမ်းလွန်ကမ်းနီးနှင့် ဒေသအချို့တို့တွင် လေပြင်းတိုက်ခတ်မှု့ အနည်းငယ်ရှိလာနိုင်သလို လျှပ်စီးလက်ခြင်းမိုးထစ်ချုန်းခြင်း မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ယနေ့ ‌လက်ရှိလေထုလှုပ်ရှားမှု့တွေကရှမ်းပြည်နယ်ကယားပြည်နယ်နေပြည်တော်ပဲခူးတိုင်းရန်ကုန်တိုင်းဧရာဝတီတိုင်းရခိုင်ပြည်နယ်အချို့မွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းတို့တွင်မိုးထစ်ချုန်းရွာနိုင်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းနှင့် တောင်ပိုင်းတွေမှာလျှပ်စစ်မိုးကြိုးအန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းအနေနဲ့ကျိုက်ထိုဘီးလင်းသထုံပေါင်ဘာအံကော့ကရိတ်မော်လမြိုင်ကျိုက်မရောမုဒုံသံဖြူဇရပ်လမိုင်းရေးမြို့ထားဝယ်မြိတ်ကော့သောင်း ဘက်မှာ ရွာမှာပါ။

လျှပ်စီးလက်ခြင်း မိုးကြိုးပစ်ခြင်းမိုးထစ်ချုန်းခြင်းများဖြစ်ပေါ်ပြီးအချို့နေရာများတွင်မိုးကြီးနိုင်ပါတယ်။

#HtayAung





#HtayAung

Add a Comment

Your email address will not be published. Required fields are marked *