ဂျူပီတာ လို့ခေါ်တဲ့ ကြာသပတေးဂြိုလ်ကြီးက ဒီနေ့ည ၁၁း၃၀ ဆိုရင် ကုမ်ရာသီနယ်ထဲကို ခဏကူးပြောင်းလိမ့်မယ်

ဂျူပီတာ လို့ခေါ်တဲ့ ကြာသပတေးဂြိုလ်ကြီးက ဒီနေ့ည ၁၁း၃၀ ဆိုရင် ကုမ်ရာသီနယ်ထဲကို ခဏကူးပြောင်းလိမ့်မယ်

အဲဒီအတွက် ကောင်းတာတစ်ခုက မြန်မာပြည်သူတွေဟာ ရဟန်းသံဃာတွေနဲ့ပတ်သက်တဲ့ ကျိန်စာသင့်ခြင်းကလွတ်မယ်။

(အမှန်တော့ ကျိန်စာသင့်တတ်ခြင်း လို့ပြောမှ ပိုမှန်ပါတယ်။)

လူကြီးပိုင်းတွေ အတွေးလွဲပြီးလုပ်ဆောင်ချက်အားနည်း နေတာတွေလည်း ပျောက်ပြယ်မယ်။

အတွေးအ‌ခေါ်တွေပိုမှန်လာမယ်။ပိုပြီးပြတ်သားလာကြမယ်။ ဘာသာတရားကိုပြီးကိုင်းရှိုင်းလာကြမယ်။

ဒါပေမဲ့ စားရိတ်စကတွေအကုန်အကျများတော့မယ်။ ဘာကြောင့်ဆိုတာ‌တော့ အတိအကျပြောပြဖို့မလွယ်ဘူး။သတိထားစရာတွေလည်း ပိုများလာတယ်။

အတိုက်အခံတွေလည်း ပိုများလာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဂျူပီတာပြောင်းတာကို ကျနော် သဘောကျပါတယ်။ အဆိုးထဲကအကောင်းပါပဲ။

ရာဟုဂြိုလ်စီး၊ရာဟုဒသာကလည်း အဆိုးထဲကအကောင်းကိုအားပြုပေးနေတယ်။

မားစ်ခေါ် အင်္ဂါဂြိုလ်ကလည်း အဆိုးထဲကအကောင်းကိုအားပြန်ပြုထားတာရှိနေပါတယ်။ ဘာရယ်မဟုတ်ပါဘူး။

မိုးလေးကအေးအေးမှာ ကော်ဖီထိုင်သောက်ရင်း Astrology ပညာနဲ့ ကျနော်သုံးသပ်နေမိတာပါ။

အားသာချက်အားနည်းချက်တွေကို ချိန်ဆကြည့်နေမိတာပါ။

အယူအဆမတူသူတွေအတွက်တော့ ဘာမှပြန်ပြောစရာမရှိပါ။

သင်္ကြန်စာထွက်နေတာကြာပြီ။ သင်္ကြန်မင်းက ကျွဲရဲကိုစီးထားတယ်။

ရေစင်အိုးပိုက်ထားတယ်။ပန်းခိုင်ကိုကိုင်ထားတယ်။

သိကြားမင်းမဟုတ်ဘူးနော်။တနင်္ဂနွေဂြိုလ်မင်းပါ။ သင်္ကြန်မင်းလို့ခေါ်ပါတယ်။

သင်္ကြန်စာထဲမှာရေးထားတာလေးက တန်ခူးလမှာ မြန်မာပြည် အောင်မြင်မှုရရှိပြီး နိုင်ငံ၏ပုံရိပ် မြင့်မားအံ့။ပြည်သူ့မျှော်မှန်းချက်အောင်မြင်အံ့လို့ အတိအကျရေးထားတာကိုလည်း ဖတ်ရတယ်။

ဧပြီ ၁၂ ရက်ဆိုရင်တန်ခူးလဆန်းပါပြီ။ ကျနော်ကတော့ ကုသိုလ်စိတ်လေးတွေနဲ့ လုပ်စရာရှိတာကို လုပ်‌နေကြစေချင်တာပါပဲ။

အဓိက ပြောချင်တာကတော့ သင်္ကြန်စာထဲက ပုံလေးဟာ အေးချမ်းလာမဲ့ ပုံရိပ်နိမိတ်တစ်ခုအဖြစ် ကျနော်သုံးသပ်မိပါတယ် လို့။

အ​သေ၀နာ စ ဗာလာနံ။ အားလုံးသတ္တဝါ ချမ်းသာပါစေ။

သက်နှင်းဆွေ၊ပုပ္ပါး၊

ဂ်ဴပီတာ လို႔ေခၚတဲ့ ၾကာသပေတးၿဂိဳလ္ႀကီးက ဒီေန႔ည ၁၁း၃၀ ဆိုရင္ ကုမ္ရာသီနယ္ထဲကို ခဏကူးေျပာင္းလိမ့္မယ္

အဲဒီအတြက္ ေကာင္းတာတစ္ခုက ျမန္မာျပည္သူေတြဟာ ရဟန္းသံဃာေတြနဲ႔ပတ္သက္တဲ့ က်ိန္စာသင့္ျခင္းကလြတ္မယ္။

(အမွန္ေတာ့ က်ိန္စာသင့္တတ္ျခင္း လို႔ေျပာမွ ပိုမွန္ပါတယ္။)

လူႀကီးပိုင္းေတြ အေတြးလြဲၿပီးလုပ္ေဆာင္ခ်က္အားနည္း ေနတာေတြလည္း ေပ်ာက္ျပယ္မယ္။

အေတြးအ‌ေခၚေတြပိုမွန္လာမယ္။ပိုၿပီးျပတ္သားလာၾကမယ္။ ဘာသာတရားကိုၿပီးကိုင္းရွိုင္းလာၾကမယ္။

ဒါေပမဲ့ စားရိတ္စကေတြအကုန္အက်မ်ားေတာ့မယ္။ ဘာေၾကာင့္ဆိုတာ‌ေတာ့ အတိအက်ေျပာျပဖို႔မလြယ္ဘူး။သတိထားစရာေတြလည္း ပိုမ်ားလာတယ္။

အတိုက္အခံေတြလည္း ပိုမ်ားလာလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ ဂ်ဴပီတာေျပာင္းတာကို က်ေနာ္ သေဘာက်ပါတယ္။ အဆိုးထဲကအေကာင္းပါပဲ။

ရာဟုၿဂိဳလ္စီး၊ရာဟုဒသာကလည္း အဆိုးထဲကအေကာင္းကိုအားျပဳေပးေနတယ္။

မားစ္ေခၚ အဂၤါၿဂိဳလ္ကလည္း အဆိုးထဲကအေကာင္းကိုအားျပန္ျပဳထားတာရွိေနပါတယ္။ ဘာရယ္မဟုတ္ပါဘူး။

မိုးေလးကေအးေအးမွာ ေကာ္ဖီထိုင္ေသာက္ရင္း Astrology ပညာနဲ႔ က်ေနာ္သုံးသပ္ေနမိတာပါ။

အားသာခ်က္အားနည္းခ်က္ေတြကို ခ်ိန္ဆၾကည့္ေနမိတာပါ။

အယူအဆမတူသူေတြအတြက္ေတာ့ ဘာမွျပန္ေျပာစရာမရွိပါ။

သၾကၤန္စာထြက္ေနတာၾကာၿပီ။ သၾကၤန္မင္းက ကၽြဲရဲကိုစီးထားတယ္။

ေရစင္အိုးပိုက္ထားတယ္။ပန္းခိုင္ကိုကိုင္ထားတယ္။

သိၾကားမင္းမဟုတ္ဘူးေနာ္။တနဂၤေႏြၿဂိဳလ္မင္းပါ။ သၾကၤန္မင္းလို႔ေခၚပါတယ္။

သၾကၤန္စာထဲမွာေရးထားတာေလးက တန္ခူးလမွာ ျမန္မာျပည္ ေအာင္ျမင္မႈရရွိၿပီး နိုင္ငံ၏ပုံရိပ္ ျမင့္မားအံ့။ျပည္သူ႔ေမၽွာ္မွန္းခ်က္ေအာင္ျမင္အံ့လို႔ အတိအက်ေရးထားတာကိုလည္း ဖတ္ရတယ္။

ဧၿပီ ၁၂ ရက္ဆိုရင္တန္ခူးလဆန္းပါၿပီ။ က်ေနာ္ကေတာ့ ကုသိုလ္စိတ္ေလးေတြနဲ႔ လုပ္စရာရွိတာကို လုပ္‌ေနၾကေစခ်င္တာပါပဲ။

အဓိက ေျပာခ်င္တာကေတာ့ သၾကၤန္စာထဲက ပုံေလးဟာ ေအးခ်မ္းလာမဲ့ ပုံရိပ္နိမိတ္တစ္ခုအျဖစ္ က်ေနာ္သုံးသပ္မိပါတယ္ လို႔။

အ​ေသ၀နာ စ ဗာလာနံ။ အားလုံးသတၱဝါ ခ်မ္းသာပါေစ။

သက္ႏွင္းေဆြ၊ပုပၸါး၊

Add a Comment

Your email address will not be published. Required fields are marked *