လပက်လက်ဖြစ်နေတာ ၄ ရက်လောက်ရှိပါပြီ အပြင်ထွက်ကြည့်ကြပါ မြန်မာရာဇဝင်မှာ ဒီလိုရှိခဲ့ဖူးတယ်

မိန်းမ နန်းတက် လပက်လက်

လပက်လက်ပြောင်းတိုင်းပြည်ထီးဆောင်းမင်းကောင်း ပေါ်လတ္တံ့။

မင်းဆိုးမင်းညစ် ပြောင်းလဲ ပစ်လို့။

တိုင်းပြည်သာယာဝပြောအံ့” ပုပ္ပနိမိတ် မိန်းမ မင်းဖြစ်လတ္တံ့။

လပက်လက်ဖြစ်နေတာ ၄ ရက်လောက်ရှိပါပြီ အပြင်ထွက်ကြည့်ကြပါ

လပက်လက် နှင့်ပတ်သက်သော အယူဆများစွာရှိပါတယ် ကျနော် သိတာလေး ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်သောခက်ခဲနက်နဲပြီး လျှို့ဝှက်သော ပညာရပ်တစ်ခု (black magic ) နှင့်ခပ်ဆင်ဆင် လောကီပညာကိုတတ်ကျွမ်းသည့် အမျိုးသားလောကီပညာရှင်တစ်ဦးပေါ်ထွန်းမည် ။

အဲ့သည်ပညာရပ်က အထက်နတ်မှသည် အောက်မိစ္ဆာ တို့နှင့်ပါ စိတ်တန်ခိုးနှင့်လိုအပ်သလို ဆက်သွယ် နိုင်ခြင်း လူတယောက်ကို ထိန်းချုပ်နိုင်ခြင်းကိုယ်လိုသလို အမိန့်ပေးခိုင်းစေနိုင်သော လောကီပညာဖြစ်သည်။

လပက်လက်အဓိပ္ပါယ် ~ သင်မျက်လုံးနှင့်မြင်မြင်သမျှ အဖြစ်ပျက်အရာ အားလုံး ကောင်းသောဖက်ကိုသာဦးတည်သည် ။

ကျနော် တို့၏မျက်လုံးသည် အဖြူ အနက်ဖြင့်ဖွဲ့စည်းထားသည် ။ အနက် (မျက်ဆံ) ဖြင့်သာ အမြင်အာရုံရအောင် (မြင်ရအောင်) နတ်တို့ကဖန်ဆင်းထားသည် ။ အမှောင်ကိုဖြတ်ကျော်ပြီးမှအလင်းကိုမြင်ရမည်။

သာမာန်မိုးသားကင်းစင်သော ညဉ့်ဦးယံမှာ အမှောင်ကြီးစိုးလာတာနဲ့အမျှ သဘာဝအရ လထွက်ပေါ်လာခြင်းဟာ ထူးဆန်းမူမဟုတ်ပါ။ သို့သော် ထွက်ပေါ်လာသော လဟာ လပက်လက် ဖြစ်ခြင်းကတော့ ဖြစ်တောင့်ဖြစ်ခဲမို့ ထူးဆန်းမှု ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ယနေ့လို လဆန်း ၈ ရက်မှာ လ က စက်ဝိုင်းခြမ်းကို ထောင်ထားတဲ့ ပုံစံ ဖြစ်ရပါမယ်၊ ခုလို ပက်လက် ဖြစ်မနေရပါဘူး။

(လ က ပုံမှန်မှာကို ဘယ်ရက်မှာမှ ပက်လက် မဖြစ်ပါဘူး၊ လ ပြည့်လာပုံ အဆင့်ဆင့်ကို တင်ပေးထားပါတယ်။)

အကယ်၍ ကောင်းကင်မှာ လ ပက်လက်ဖြစ်ခြင်းဟာ ‘ကောင်းသော နိမိတ်’ ဖြစ်ပါတယ်တဲ့။

အောင်သပြေအညွန့်ကို မြေမှာစိုက်ပြီး ရေလောင်းကာ ‘တိုင်းပြည်မှာ မင်းကောင်းမင်းမြတ် အမြန်ဆုံး နန်းတက်ပြီး ပြည်သူအများ ကျန်းမာ ချမ်းသာ စည်ပင် ဝပြောပါစေကြောင်း’ ဆုတောင်း ရပါသတဲ့ဗျာ 🙏🙏🙏

လပက်လက်ဖြစ်နေတာ ခုဆိုရင်၄ရက်မြောက်နေ့ဖြစ်ပါသည်။ အတိတ်၊ နိမိတ်တွေဆိုတာ အချိန်အခါနဲ့ ကြုံကြိုက်တိုင်း ပေါ်ပေါက်လာစမြဲပါ။

ရှေးအဆိုအမိန့်အရ လသည် ပက်လက်ဖြစ်သည်ရှိသော် သာသနာပြုမင်းလောင်းမင်းမြတ်အမျိုးသားကောင်း အာဇာနည်မင်းမြတ်ပေါ်လာအံ့။

ထွက်ပေါ်လာသော မင်းမြတ်သည် အမျိုးသမီးဖြစ်အံ့။

တိုင်းပြည်အေးချမ်းသာယာစည်ပင်ဝပေါအံ့။

ဆူပူထကြွသောင်းကျန်းမူများချုပ်ငြိမ်းအံ့။

မိစ္ဆာနှင့်အပေါင်းအပါများ ချုပ်ငြိမ်းအံ့။

Photo credit – Htet Zaw Aung

လပက်လက်

မြန်မာရာဇဝင်မှာဒီလိုရှိခဲ့ဖူးတယ်။မွန်ဘုရင်မကြီး ရှင်စောပုနန်းမတက်မှီ မတ်တော် ဘုရင်ဖြစ်နေတုန်း ယခုကဲ့သို့ လပက်လက်ပေါ်တာ လထီးဆောင်းတာ လဗိုင်းငင်တာ စတဲ့ အတိတ်နမိတ်တွေခဏခဏဖြစ်ခဲ့လို့ ပညာရှိပုဏ္ဏားတွေတွက်ချက်တဲ့အခါမှာ ပြည်သူကို မိခင်ရင်းကဲ့သို့ နွေးထွေးနှစ်သိမ့်ပေးနိုင်မယ့် သာသနာပြုမင်းကောင်းမင်းမြတ်ပေါ်မယ်တိုင်းပြည်သာယာ ဝဖြိုးမယ် အေးချမ်းမယ်လို့ နမိတ်ဖတ်ခဲ့ကြပါတယ်။

များမကြာမီမှာပဲ မင်းဆက်သက်ဆိုးမရှည်တဲ့ဟံသာဝတီထီးနန်းမှာ မတ်တော်ဘုရင်ကံတော်ကုန်ပြီး ဘုရင်မကြီးရှင်စောပု တက်လာပါတယ်။

ဘုရင်မ ကြီးနန်းတက်ပြီးနောက်မှာ မင်းဆက်မမြဲတဲ့ ဟံသာဝတီနိုင်ငံတော်ဟာ စစ်မက်ရေးရာမှ ကင်းဝေးပြီးအေးချမ်းသာယာခဲ့ပါတယ်။

ဘုရင်မကြီးဟာလည်း ကံတော်ကုန်တဲ့အထိထီးနန်းကိုကြာရှည်စွာအုပ်စိုးနိုင်ခဲ့ပါတယ်။

ဒါကြောင့် လပက်လက်ပေါ်ရင် လဗိုင်းငင်ရင်

အမျိုးသမီး နိုင်ငံ့အကြီးအကဲ ဖြစ်လိမ့်မယ်လို့ပြောစမှတ်ပြုကြပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *