အားလုံးကို ဂရုစိုက်စေချင်ပါတယ် Strength of Materials သဘောအရ….



 

 


 

 



ကျေးဇူးတင်ပါသည်၊

unicode version

အားလုံးကို ဂရုစိုက်စေချင်ပါတယ်၊ Strength of Materials သဘောအရ တံတားတစ်ခု၏ ခံနိုင်ရည်ဝန်သည် တည်ငြိမ်ရပ်နေသော weight နှင့် လှုပ်ရှားသွားလာနေသော weight အလေးချိန် ခံနိုင်ရည်မတူကြပါ၊

 

 

လူအုပ်စုများပင် တံတားပေါ်ဖြတ်လျှောက်စဉ် ဘယ်ညာ တစ်ပြိုင်နက် မလျှောက်ကြရပါ၊ တန်းဖြုတ်၍ လျှောက်ကြရပါသည်၊ ပုံသေအလေးချိန် ဝန်ပမာဏကို အချိန်ပြည့် ထမ်းထားစေရန် design လုပ်မထားပဲ လူအများစုပြုံနေကြလျှင်လွန်စွာ အန္တရာယ်ကြီးမားပါသည်၊

Design ကောင်းသော၊ ထည့်သွင်းထားသော တည်ဆောက် ပစ္စည်းမှန်ကန်သော အချိုးအစားမလျှော့ထားသောနိုင်ငံများ၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြိုကျတတ်ပါသည်၊ လူရာဂဏန်းများ အထိအသက်ဆုံးရှူံးကြဘူးသည်၊

 

 

ယခုကာလတွင်အောက်ပါနေရာမျိုးများ၌ တခုခုဖြစ်မှာ အလွန် စိုးရိမ်မိပါသည်၊ အထိအခိုက်ရာချီသွားနိုင်သည်၊ တဖက် အဓမ္မ အုပ်စုလေးအတွက် အကုသိုလ် ထပ်ဝင်စေမည်ကိုမလိုလားလို့ပါ၊

မိမိသည် civil engineer မဟုတ်၍ ဘယ်နှစ်ဦးသာ ကန့်သတ်ပေးပါဟု မပြောတတ်ပါ၊ ဝိုင်းဝန်းအကြံပြုပြီး precautionary measures ချမှတ်ပေးကြပါ။

 

 

ကျေးဇူးတင်ပါသည်၊

Add a Comment

Your email address will not be published. Required fields are marked *