ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီးဦးစိန်ရိုးကို သွားရောက်လှူဒါန်းပြီး လက်ရှိအခြေအနေကို ပြောပြလာတဲ့ ဒိန်းဒေါင်

ပရိသတ်ကြီးရေ.. ရယ်စရာဟာသဇာတ်ရုပ်တွေအပြင် မရိုးနိုင်တဲ့အခွီပြက်လုံးတွေကြောင့် အချိန်တိုအတွင်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးဝန်ရံမှုတွေနဲ့ ချစ်ခင်မှုတွေကို အများဆုံးရရှိထားသူတွေကတော့ လူရွှင်တော်ကြီးဦးစိန်ရိုးနဲ့ ဒိန်းဒေါင်တို့ပဲ ဖြစ်ပါတယ်နော်..။

မျိုးဆက်သစ်သဘင်အနုပညာရှင်တွေရဲ့ အတုယူစရာဝါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက လေဖြန်းသွားခဲ့ပြီး ဆေးကုသမှုခံယူနေရတာကိုလည်း ပရိသတ်တွေအားလုံးသိရှိကြပြီး ဖြစ်မှာပါနော်..။

ဆရာသမားတစ်ယောက်ဖြစ်ပြီး ဆေးကုသနေရတဲ့လူရွှင်တော်ကြီးဦးစိန်ရိုးအတွက် ဒိန်းဒေါင်ကလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ပြီး လက်ရှိကျန်းမာရေးအခြေအနေလေးတွေကိုလည်း အသိပေးဝေမျှလာပါတယ်နော်..။

အသက်အရွယ်ကြီးရင့်နေတာမို့ ပရိသတ်တွေစိတ်ပူစိုးရိမ်နေကြပြီး ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီးဦးစိန်ရိုးအတွက် လူရွှင်တော်အသင်းမှ လှူဒါန်းငွေတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပြီး လက်ရှိအခြေအနေလေးကို ဓာတ်ပုံဗီဒီယိုလေးတွေနဲ့အတူ ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

“လူရွှင်တော်အသင်းမှ အဖေကြီးဦးစိန်ရိုးအား တစ်သိန်းကျပ် ထပ်မံလှူဒါန်းပါသည်ခင်ဗျာ..” ဆိုပြီး ဦးစိန်ရိုးရဲ့လက်ရှိကျန်းမာရေးအခြေအနေလေးတွေကို ဒိန်းဒေါင်က ပရိသတ်တွေကို အသိပေးကာပြန်လည်ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း လူရွှင်တော်ကြီးဦးစိန်ရိုးအတွက် ဆုတောင်းစကားလေးတွေဆိုကာ မှတ်ချက်လေးတွေပေးထားကြတာလည်း တွေ့ရပါတယ်နော်..။

Video ကြည့်ရန်

Add a Comment

Your email address will not be published. Required fields are marked *