အသည်းကင်ဆာ ဖြစ်စေနိုင်သည့် အဖာတောက်ဆင်မှိုများ ပြည့်လျှံနေသည့် မြန်မာနိုင်ငံမှ ငရုတ်သီးမှုန့်များ

ဘုတ်ဆုံမ ငရုတ်သီးမှုန့်အပါအဝင် မြန်မာနိုင်ငံမှ ငရုတ်သီးမှုန့်များအား လန်ဒန်ဓါတ်ခွဲခန်းတွင် စမ်းသပ်ရာ

အားလုံးတွင် ငရုတ်သီး မှုန့် မဟုတ်သော အမှုန့်များ ၆၀ ရာခိုင်နူန်းခန့် ပါဝင်နေပြီး၊ အသည်းကင်ဆာ ဖြစ်စေနိုင်သည့် အဖာတောက်ဆင်မှိုများ ပြည့်လျှံနေသည်ဟု သိရသည်။ သတိထားစားသုံးကပါ

May Yee

( Za Myanmar)

ငရုတ်သီးမှုန့် လုပ်ရတဲ့ process ကြီးတစ်ခုလုံးကိုမြင်ရင် ပိုနားလည်နိုင်ပါလိမ့်မယ်။

ငရုတ်ပင်က ဆွတ်လာတဲ့ ငရုတ်သီးတွေကို ငရုတ်ဝယ်လက်၊ ဒိုင်ဆီမှာ သွင်းလိုက်ပါတယ်။

အဲဒီငရုတ်တွေကို ရေနွေးဖျောပါတယ်။

ပြီးမှ နေလှမ်းပါတယ်။

အဲဒီလိုနည်းက သဘာဝအတိုင်း နေရောင်မှာလှမ်းတဲ့နည်းထက် အပုပ်သက်သာပြီး မြန်မြန်ခြောက်လို့လည်း ဖြစ်လို့ပါ။

ငရုတ်ခြောက်တွေကို ပို့ဖို့အတွက် အိတ်တွေထဲ ထည့်ပါတယ်။

တကယ့်ကို အိပ်ပါးလေးတွေပါ။

ငရုတ်ကို အဲဒီအတိုင်းသာ အိတ်ထဲထည့် ပို့လို့ကတော့ အညှာကျွတ်မယ်။ ကွဲထွက်ကုန်မယ်။ အစေ့တွေ ထွက်ကျကုန်မယ်။

ငရုတ်ခြောက်ရဲ့အလေးချိန်ကလည်း အသားထက် အစေ့နဲ့အညှာအပေါ် မူတည်နေတာကိုး။

အဲဒီတော့ ငရုတ်အိတ်ကို ရေဖျန်းရပါတယ်။ အသီးမကွဲ အစေ့မထွက်ဘဲ ပြားသွားတော့ သယ်ရ ထပ်ရတာလည်းအဆင်ပြေ၊ အလေးချိန်လည်း ပိုတိုးပေါ့လေ။

ပြဿနာက အဲဒီမှာပါပဲ။ ပူလိုက်အိုက်လိုက် စိုစိုစွတ်စွတ်ဖြစ်လိုက်ဟာ မှိုတွေပွားဖို့ လက်ယပ်ခေါ်နေသလိုပါပဲ။ Aflatoxin အဆိပ်ထုတ်တဲ့မှိုတွေ ပွားပြီး အဆိပ်တွေ ငရုတ်မှာ ကပ်ကျန်ခဲ့ပါပြီ။

( ဖုန်နဲ့တခြား အညစ်အကြေးတွေကိုတော့ ထည့်မပြောတော့ပါဘူး)

အဲသလိုငရုတ်ကို ကြိုက်သလို အခြောက်လှမ်းလှမ်း၊ ကြိတ်ကြိတ်၊ ကြော်ကြော်၊ လှော်လှော် ကြိုက်ရာလုပ်။ အဆိပ်က ပါနေမယ်၊ ဓာတ်ပြယ်တယ်လို့ မရှိ။

များလာ စုလာတဲ့အခါ အသည်းဟာ ပြဿနာတက်တော့တာပါပဲ။ ဘီပိုး၊ စီပိုး အခံရှိသူတွေကတော့ ပိုဆိုးပေမပေါ့။

အဲဒီဖြစ်စဉ်ကြီးတစ်ခုလုံးကို နားလည်မှ ပြဿနာကိုင်တွယ်ဖြေရှင်းရတာ အဆင်ပြေပါလိမ့်မယ်။

အိုဘယ့် FDA အသည်းတွေကို ကယ်တင်ပါလော့။

အိုဘယ့်ပြည်သူတွေ အစပ်မပါ မနေသာရင် ငရုတ်အစိမ်းကိုသာ ချက်လိုချက်၊ မီးဖုတ်ထောင်းလိုထောင်း။

အခြောက်မှ အခြောက် တန်းလန်းစွဲတွေကတော့ ကိုယ့်ဟာကို အခြောက်ခံပြီး ငရုတ်ဆုံမှာသာ ထည့်ထောင်းပေရော့။

Credit : Chit Ko Ko

Add a Comment

Your email address will not be published. Required fields are marked *