၂၀၂၁-ခုနှစ် တနလာၤသားသမီးများအတွက် (၁)နှစ်စာ ကံကြမ္မာဟောစာတမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ .

၂၀၂၁-ခုနှစ် တနလာၤသားသမီးများအတွက် (၁)နှစ်စာ ကံကြမ္မာဟောစာတမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ

တနလာၤသားသမီးများ အိမ်တွင်းရေး|လူမူရေးကိစ္စများကြောင့် ခေါင်းကိုက်ရူပ်ထွေးနေရတတ်ပြီး|မိမိဆန္ဒမိမိသဘောနဲ့လုပ်ဆောင်ခွင့်မရပဲ|ထိန်းချုပ်များစွာတွေ့ကြုံရတတ်ပါတယ်။

ဒီနှစ်ဟာကိုယ်ပိုင်ဆုံးဖြတ်ချက်|ကိုယ့်စွမ်းကိုယ်စများအသုံးချပြီး ကျော်ဖြတ်နိုင်မှသာ အောင်မြင်မှုရရှိမဲ့နှစ်တစ်နှစ်ပါ။

အလုပ်အကိုင်မှာ ထင်သလောက် အဆင်မပြေပဲ ပြဿနာများ ရူပ်ထွေးနေရတတ်ပါတယ်။

ဒါပေမယ့် ပြဿနာတွေတခုလာတိုင်း|ပြဿနာနောက်က အောင်မြင်ခြင်းနှင့် လာဘ်လာဘ ပါလာတတ်တာကို သင်မမေ့ပါနဲ့|ထို့ကြောင့်ပြဿနာကို ရဲရင့်စွာစဉ်းစားရင်ဆိုင်သင့်ပါတယ်။ ဖခင်ကျမ်းမာရေးညံနေတတ်ပါတယ်

ကျမ်းမာရေးမှာတော့အာရုံကြောအားနည်းခြင်း|ဦးခေါင်းပိုင်းနှင့်ပတ်သက်သောရောဂါ|ကိုက်ခဲခြင်းများဖြစ်တတ်ပြီး အစာအဆိပ်သင့် အစားမှားခြင်းများလည်းဖြစ်တတ်ပါတယ်

ပညာရေးမှာ အတော်ကြိုးစားမှတော်ရုံကျပါမယ် အပေါင်းအသင်းကြောင့်အပျက်စီးနေတတ်ပါတယ်

အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်အူတိုမှုများ ပိုမိုပြင်းထန်လာပြီး မကြာခဏ စကားများနေရတတ်ပြီး အကြောင်းတခုကြောင့် ပြန်အဆင်ပြေသွားပါမယ် စကားများပြီး မခေါ်မပြောရှိပါက ကြားလူဝင်တတ်ပြီး ပြိုကွဲနိုင်ပါတယ်။

(၆)လပိုင်း|(၁၀)လပိုင်းများမှာ ကံကောင်းသောလများဖြစ်လို့ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်သင့်ပါတယ်။

အိမ်ထောင်သည်များ အိမ်ယာအသစ်ရရှိခြင်း အိမ်အပြောင်းရွှေ့လုပ်ရခြင်းများ ပေါ်ပေါက်တတ်ပါတယ် မမျှော်လင့်ပဲ ထီပေါက်တတ်ပါမယ်

ငွေကြေးကိစ္စမှာ စုနိုင်မှတော်ရုံကြပါမယ်|ယိုပေါက်များနေတတ်ပြီး ဖြစ်နိုင်ရင် မိမိလက်ထဲငွေမထားပဲ ဘဏ်လိုနေရာမျိုး (သို့မဟုတ်) တနေနေရာမှာစုထားသင့်ပါတယ်

ခရီးခဏခဏသွားခြင်ကို တတ်နိုင်သလောက်ရှောင်ပေးပါ။ ခရီးကပြန်လာရင်ဖျားနာခြင်း|ပြဿနာတက်ခြင်းတွေ့ရတတ်ပါမယ် ဒီလိုနှစ်မျိုးမှာ အမှုအခင်းမဖြစ်အောင်နေပါ ဖြစ်ပါက နောက်နှစ်အထိမပြီးပဲဖြစ်နေတတ်ပါတယ်

ယတြာ – မွေးနေ့တိုင်း ကြေးလင်ပန်းထဲ ပန်းသီး(၅)သစိပ်ကို သကြားဖြူးပြီး အိမ်ဘုရားလှူပေးပါ

အလုပ်အကိုင်ကိစ္စများ အဆင်ပြေစေလိုပါက -အာလူး(၁)လုံးပေါ် အလံစိုက်ပြီး အလံတွင် အလုပ်ကိစ္စရေးပြီး အိမ်ဘုရားမှာလှူပေးပါ။

အိမ်ထောင်ရေး အဆင်ပြေစေလိုပါက-အိမ်ထောင်ဘက်၏မွေးနံထောင့်တွင် ရေ(၇)ခွက်| ထီး(၇)လက်လှူပေးပါ။

ငွေကြေးအခက်ခဲပြေလိုလျှင်-မွေးနေ့တွင် ငွေ(၁၀၀၀)ပံ့သကူလှူပေးပါ။

ရာထူးတိုးလိုပါက -မွေးနံဒေါင့်မှာ တံခွန်(၃)ခု လှူပြီးဆုတောင်းပါ။

ကံကောင်စေသောအရောင် -ပန်းဆီရောင်နှင့် အဖြူရောင်များ။ ကံကောင်းစေသောဂဏန်း- (၂)(၄)(၉)

ကံကောင်းစေသော နေ့များကတော့- တနလာၤနေ့ နှင့် ဗုဒ္ဓဟူးနေ့

ကံကောင်းစေသော အချိန်- တနလာၤနေ့ နံနက်(၉)နာရီမှ(၁၀)နာရီခွဲတွင်း

ကံကောင်းစေသော အဆောင်ရုပ်မှာ-ကြေးခေါင်းလောင်း

တနလာၤသားသမီးအပေါင်း တစ်နှစ်တာလုံး ကြံစည်တိုင်းအောင်မြင်၍ တောင့်တဆန္ဒများပြည့်စုံကြပါစေ

ဆရာကျော်ဇောဟိန်း ၃၄လမ်း-၇၃လမ်းနှင့်၇၄လမ်းကြား-မောရဂီဝါရပ်ကွက်-မန္တလေးမြို့ Ph09256029906 Ph09766470530

Zawgyi

၂၀၂၁-ခုနှစ် တနလာင်္သားသမီးများအတွက် (၁)နှစ်စာ ကံကြမ္မာဟောစာတမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ

တနလာင်္သားသမီးများ အိမ်တွင်းရေး|လူမူရေးကိစ္စများကြောင့် ခေါင်းကိုက်ရူပ်ထွေးနေရတတ်ပြီး|မိမိဆန္ဒမိမိသဘောနဲ့လုပ်ဆောင်ခွင့်မရပဲ|ထိန်းချုပ်များစွာတွေ့ကြုံရတတ်ပါတယ်။

















ကံကောင်းစေသော နေ့များကတော့- တနလာင်္နေ့ နှင့် ဗုဒ္ဓဟူးနေ့

ကံကောင်းစေသော အချိန်- တနလာင်္နေ့ နံနက်(၉)နာရီမှ(၁၀)နာရီခွဲတွင်း


တနလာင်္သားသမီးအပေါင်း တစ်နှစ်တာလုံး ကြံစည်တိုင်းအောင်မြင်၍ တောင့်တဆန္ဒများပြည့်စုံကြပါစေ


Add a Comment

Your email address will not be published. Required fields are marked *