ထဘီလေး ပေါင်ပြီ… ဆန်ပြုတ်လေး သောက်တယ်

 

ထဘီလေး ပေါင်ပြီ… ဆန်ပြုတ်လေး သောက်တယ်ကျနော် မိတ်ဆွေ လင်မယားက… အဖွားကို ကျနော့် ဖုန်းနံပါတ်လေး ပေးလိုက်တော့……

သားလေး မောင်ပူတူးလား ဟင်… အဖွားတို့ သားမိကို ကယ်ပါနော်

ဘာဖြစ်လို့ပါလဲ အဖွား… မငိုပဲ ပြောပေးပါနော်

အဖွားတို့ ထမင်းမစားရတာ (၃)ရက်ရှိပါပြီ သားရယ်…..

အဖွားကို မကယ်ရင်နေပါ… ဒီ ပိုလီယိုသားလေးကို ကယ်ပေးပါနော် သားရယ်

အဲ့လို အကြောင်းလေး ကြားတော့… မနေနိုင်ဘူး သွားကြည့်တော့…..

တကယ့်ကို အဆင်မပြေဘူး….အဖွားပြောတဲ့ အတိုင်း ပိုလီယိုသားလဲ တွေ့ရတယ်

ကျနော့် အရှေ့ပဲ…. အိမ်လစာ လာတောင်းသွားလို့… အဖွား ဆံပင်ဖြတ် ရောင်းပြီ ပေးလိုက်တယ်တဲ့

ဘယ်လောက်ရလဲမေးတော့…. (၁)သောင်းခွဲရတယ် သား

ကဲ အဖွား ထမင်းမစားရတာ (၃)ရက်ရှိပြီဆိုတော့… အဲ့ရက်တွေ ဘာစားကြလဲ??

အဖွား ထဘီလေး (၃)ထည်ပေါင်တာ…(၁)ထောင်ရတယ် သားလေးရယ်…

အဲ့ (၁)ထောင်ကို ဆန်ကြမ်းလေး ဝယ်ပြီ…အဖွားတို့ ဆန်ပြုတ်လေး ပြုတ်သောက်ကြတယ်

အရင်ကကော ဘာအလုပ်လုပ်လဲ အဖွား??

အရင်က အဖွား စျေးပတ်ရောင်းတယ်… လေ(၁)ခြမ်းဖြတ်ပြီ စျေးမရောင်းနိုင်တော့ဘူး…လုပ်ကျွေးတဲ့ သား(၂)ယောက်ကလဲ ကိုဗစ်မှာ ဆုံးသွားကြတယ်

အဖွားကို ကယ်ပါ သားလေးရယ်…အဖွားကို ကယ်ပေးပါနော်

ဟုတ် အဖွား… ဒီမှာ အဖွားတို့တွက် ဆန် ဆီ စားစရာတွေ နှင့် အဖွား နဲ့ အဖွားသားတွက် ဆေးဖိုး (100,000)Ks အဖွား

အဖွား ပြောမပြတတ်လောက်အောင်… ဝမ်းသာတယ်… (မျက်ရည်တွေ ကျလာရော )

မငိုပါနဲ့ အဖွား… အခု အဆင်ပြေပြီလေနော်

အဖွား ငိုတာ… အဖွားတို့ သားမိ ငတ်မသေတော့ဘူး… အဖွားသားလေး ထမင်းစားရတော့မှာ… အဖွား….. (ငိုပြန်ရော အားရပါးရကြီး ငိုပါရော )

ဟုတ် အဖွား… အဆင်ပြေသွားမှာပါ… အားတင်းထားကြပါနော်

•အော… ကျနော်တို့တွေကသာ ထမင်း ဟင်းပိုရင် ပစ်လိုက်ဆိုပြီလုပ်ကြတာ…. တချို့တွေမှာ ထမင်းမပြောနဲ့ ဆန်ပြုတ် သောက်ဖို့တောင် မနည်းကြိုးစားနေရတယ်

(အဖွားခွင့်ပြုချက်ဖြင့် ပုံ တင်ပါသည်။)

*** ပို့စ်အား Copy & Paste မလုပ်ခြင်းဖြင့် ကူညီပေးကြပါ… ပြဿနာတွေ ရှင်းရလွန်းလို့ပါ

လူနာတင်ယာဉ် အကူညီလိုအပ်ပါက……

ကိုပူတူးနှင့်ဘော်ဒါများ

095408437