တစ်ချိန်က ကျောင်းဆရာမတဲ့ခုတော့ လမ်းပေါ်မှာ စွန့်ပစ်ခဲ့ထားရရှာသူ အဘွားရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်

တစ်ချိန်က ကျောင်းဆရာမတဲ့ခုတော့ လမ်းပေါ်မှာ စွန့်ပစ်ခဲ့ထားရရှာသူ အဘွားရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်

အရမ်းကြေကွဲစရာအဖြစ်အပျက်လေးပါအရင်က တပည့်တွေကို စာသင်ပေးခဲ့ပြီး နိုင်ငံ့သားကောင်းတွေ မွေးထုတ်ပေးခဲ့တဲ့ ဆရာမခုတော့ ကူသူမရှိ လမ်းပေါ်မှာ စိတ်ဖောက်ပြန်ပြီး လျှောက်သွားနေရတဲ့ အဖြစ်သို့ ရောက်နေရပါပြီ ကြုံခဲ့ပြီး ကူညီခဲ့တဲ့ အစ်မတစ်ယောက်က ဒီအကြောင်းလေးကို ခုလိုပြောပြထားပါတယ် “ပုံ့တို့တွေ ဂျင်းအကြီးကြီးမိခဲ့ကြတာပါငယ်ငယ်တုံးက မိဘတွေ ပြောတဲ့ ပညာတတ်ရင် ထမင်းစားလက်မှတ်ရသွားပြီ၊

လူတန်းစေ့လေးနေနိုင်ပြီဆိုတာ ဂျင်းပါ…တကယ်က ကိုယ်ဘယ်လိုဘဝမှာ နေရမယ်ဆိုတာ ကိုယ်ပြုခဲ့တဲ့ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ တွေနဲ့ဘဲ ဆိုင်တာပါဒီအဖွားဆို ကျောင်းဆရာမဟောင်းတစ်ဦးပါအသက်ကြီး သူငယ်ပြန်တော့ မိသားစုက အခုလို စလင်းနဲ့ ကံပြားကြား ကားလမ်းဘေးမှာ ပစ်သွားကြတယ် စိတ်ဖောက်ပြီ

လျှောက်သွားနေရှာတဲ့အဖွားကို ဆိုင်ကယ်က ထပ်တိုက်ပြေးသွားပြန်ပါတယ်ဒီလိုနဲ့ အခု အဖွားဟာ ဖင်ဒရွတ်ဆွဲကြီးနဲ့ နေပူပူ ကတ္တရာလမ်းမပေါ် လျှောက်သွားနေရှာတယ်မကြည့်ရက်တဲ့လူတွေက လမ်းဘေးတဲထိုးပေးထားပေမဲ့ လျှောက်သွားနေတာပါဘဲဒါကို အကိုတစ်ယောက်ကတွေ့ပြီး ပုံ့ဆီ ဆက်သွယ်လာခဲ့တာပါ

တကယ်ဆို ပုံ့ရိပ်သာလေး အရမ်းငွေကြေးခက်ခဲနေတဲ့ အချိန်ပါဒီနေ့တောင် ရိပ်သာမှာ မနက်ဖြန်အတွက် သုံးစရာ ငွေမရှိတော့လို့ သူများဆီက (၅) သိန်း ချေးခဲ့ရပါသေးတယ် ပုံ့ရိပ်သာ အသုံးစရိတ်က တနေ့ကို ၃ သိန်းအထက်မို့ တလ တလ လောက်ငှဖို့ မနဲပြူပြဲနေအောင် ရှာရတာပါ

ဒါပေမဲ့ ဒီလိုဘဝတွေ တွေ့ပြန်တော့လဲ မကယ်ဘဲ မနေနိုင်ပါဘူး ကိုယ်သာ ရင်ဘတ်တွေ အောင့်တဲ့အထိ စိတ်ပင်ပန်းတွေခံ မရရအောင် ရုန်းကန်ပြီး လူတွေထပ်ထပ် ကယ်ဖြစ်နေပါတယ်မနိုင်ဝန်ပေမဲ့ ကြုံးရုန်း ထန်းနေပါတယ်..အခုလဲ အဖွားကို ကယ်ဖို့ ပုံ့ စလင်းမှာပါ။ပုံ့ လမ်းမှာ တွေးမိတယ်…လူတွေဟာ ကိုယ့်ဘဝအတွက် အသုံးမဝင်တော့ဘူးထင်ရင် သားသမီးကလဲ မိဘကို တိရိစ္ဆာန် တစ်ကောင်လို လမ်းဘေးနေ၊ လမ်းဘေးစား၊

ကြိုက်တဲ့လူ စော်ကားလို့ရတဲ့ ဘဝမှာ ပစ်သွားဖို့ ဝန်မလေးကြတော့သလိုကိုယ့်ဘဝအတွက် ရှုပ်တယ်လို့ ထင်လာရင် ကိုးလလွယ် ဆယ်လဖွား ကိုယ်မွေးထားတဲ့ သားလဲ မိဘအရင်းတွေက အမှိုက်တခုလို ကျီးထိုးထိုး ခွေးစားစား လွယ်လွယ်ဘဲ လွှင့်ပစ်လိုက်ကြတယ် ဒီလိုနဲ့ဘဲ ဒါလူ့ဘဝပါလို့ သတ်မှတ်ဖို့တောင် ခက်ခဲတဲ့

တိရိစ္ဆာန်သာသာ ဘဝတွေနဲ့ ရှင်သန်နေကြရရှာတဲ့ သက်ကြီးရွယ်အိုတွေ၊ လောကကြကို အရွဲ့တိုက်မယ်ဆိုတဲ့ မျိုးဆက်သစ်တွေ များလာခဲ့တယ် ဒါဟာ လောကပါလတရားတွေ ပျက်သုဉ်းလာလို့ပါဘာသာရေး ရှု့ဒေါင့်ကနေကြည့်ရင်တချိန်မှာ သားကို ပစ်ခဲ့တဲ့ အမိဟာသားက ပစ်သွားတဲ့ အမိဖြစ်လာမယ်အမိကို ပစ်မိတဲ့ သားဟာလဲအမိက အပစ်ခံရတဲ့ သားပြန်ဖြစ်လာမှာဘဲဒီလိုနဲ့ သံသရာတွေလည်နေမယ်ပစ်သူများလေ အပစ်ခံရသူများလေနဲ့ လောကကြီး ဆုတ်သွားမယ်ဒီလိုနဲ့ဘဲ ပုံ့တို့ မကယ်နိုင်တော့ထိ များပြားလာမယ်ထင်ပါတယ်

ဒီလို ဆုတ်ကပ်ကြီးထဲ ရှင်သန်ရမယ့် လူဖြစ်နေတဲ့အတွက် ဘဝဆက်တိုင်း ကြားသမျှ မြင်သမျှ ဒုက္ခဟူသမျှ ကယ်တင်နိုင်သောသူ ဖြစ်ရပါလို၏ ဆိုတဲ့ ဆုလေးတစ်ခုတောင်းရင်းနဲ့ နိဗ္ဗာန်ဆိုတာ ဘယ်မှန်းမသိ…ကိုယ်ကယ်တဲ့ လူတွေ အဆင်ပြေစေဆိုဖို့တွက် လေဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်နေတဲ့ လားရားမကောင်းလောက်တဲ့ ပရဟိတ သမားဘဝမှာ ပျော်နေမိတယ်..”

ပွင့်လာမယ့် ပန်းလေးတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာမခုတော့ ဒုက္ခရောက်နေရပါတယ်အဲအစ်မလည်း ကူညီနေတယ်ကြားပါတယ် ပရိသတ်ကြီးတို့လည်း ကူနိုင်သူတွေ တွေ့အောင် ဒီစာလေးကို မျှဝေပေးပါဆရာမကျေးဇူးကို အထူးဆပ်နိုင်ကြပစေ

Credit-Writer ; Kwee (Jeeptoolay)/ Source ; Thinn Shwe Sin Hlaing

တစ္ခ်ိန္က ေက်ာင္းဆရာမတဲ့ခုေတာ့ လမ္းေပၚမွာ စြန႔္ပစ္ခဲ့ထားရရွာသူ အဘြားရဲ႕ ဝမ္းနည္းစရာအျဖစ္အပ်က္

အရမ္းေၾကကြဲစရာအျဖစ္အပ်က္ေလးပါအရင္က တပည့္ေတြကို စာသင္ေပးခဲ့ၿပီး ႏိုင္ငံ့သားေကာင္းေတြ ေမြးထုတ္ေပးခဲ့တဲ့ ဆရာမခုေတာ့ ကူသူမရွိ လမ္းေပၚမွာ စိတ္ေဖာက္ျပန္ၿပီး ေလွ်ာက္သြားေနရတဲ့ အျဖစ္သို႔ ေရာက္ေနရပါၿပီ ႀကဳံခဲ့ၿပီး ကူညီခဲ့တဲ့ အစ္မတစ္ေယာက္က ဒီအေၾကာင္းေလးကို ခုလိုေျပာျပထားပါတယ္ “ပုံ႔တို႔ေတြ ဂ်င္းအႀကီးႀကီးမိခဲ့ၾကတာပါငယ္ငယ္တုံးက မိဘေတြ ေျပာတဲ့ ပညာတတ္ရင္ ထမင္းစားလက္မွတ္ရသြားၿပီ၊

လူတန္းေစ့ေလးေနႏိုင္ၿပီဆိုတာ ဂ်င္းပါ…တကယ္က ကိုယ္ဘယ္လိုဘဝမွာ ေနရမယ္ဆိုတာ ကိုယ္ျပဳခဲ့တဲ့ အတိတ္ကံ၊ ပစၥဳပၸန္ကံ ေတြနဲ႔ဘဲ ဆိုင္တာပါဒီအဖြားဆို ေက်ာင္းဆရာမေဟာင္းတစ္ဦးပါအသက္ႀကီး သူငယ္ျပန္ေတာ့ မိသားစုက အခုလို စလင္းနဲ႔ ကံျပားၾကား ကားလမ္းေဘးမွာ ပစ္သြားၾကတယ္ စိတ္ေဖာက္ၿပီ

ေလွ်ာက္သြားေနရွာတဲ့အဖြားကို ဆိုင္ကယ္က ထပ္တိုက္ေျပးသြားျပန္ပါတယ္ဒီလိုနဲ႔ အခု အဖြားဟာ ဖင္ဒ႐ြတ္ဆြဲႀကီးနဲ႔ ေနပူပူ ကတၱရာလမ္းမေပၚ ေလွ်ာက္သြားေနရွာတယ္မၾကည့္ရက္တဲ့လူေတြက လမ္းေဘးတဲထိုးေပးထားေပမဲ့ ေလွ်ာက္သြားေနတာပါဘဲဒါကို အကိုတစ္ေယာက္ကေတြ႕ၿပီး ပုံ႔ဆီ ဆက္သြယ္လာခဲ့တာပါ

တကယ္ဆို ပုံ႔ရိပ္သာေလး အရမ္းေငြေၾကးခက္ခဲေနတဲ့ အခ်ိန္ပါဒီေန႔ေတာင္ ရိပ္သာမွာ မနက္ျဖန္အတြက္ သုံးစရာ ေငြမရွိေတာ့လို႔ သူမ်ားဆီက (၅) သိန္း ေခ်းခဲ့ရပါေသးတယ္ ပုံ႔ရိပ္သာ အသုံးစရိတ္က တေန႔ကို ၃ သိန္းအထက္မို႔ တလ တလ ေလာက္ငွဖို႔ မနဲျပဴၿပဲေနေအာင္ ရွာရတာပါ

ဒါေပမဲ့ ဒီလိုဘဝေတြ ေတြ႕ျပန္ေတာ့လဲ မကယ္ဘဲ မေနႏိုင္ပါဘူး ကိုယ္သာ ရင္ဘတ္ေတြ ေအာင့္တဲ့အထိ စိတ္ပင္ပန္းေတြခံ မရရေအာင္ ႐ုန္းကန္ၿပီး လူေတြထပ္ထပ္ ကယ္ျဖစ္ေနပါတယ္မႏိုင္ဝန္ေပမဲ့ ႀကဳံး႐ုန္း ထန္းေနပါတယ္..အခုလဲ အဖြားကို ကယ္ဖို႔ ပုံ႔ စလင္းမွာပါ။ပုံ႔ လမ္းမွာ ေတြးမိတယ္…လူေတြဟာ ကိုယ့္ဘဝအတြက္ အသုံးမဝင္ေတာ့ဘူးထင္ရင္ သားသမီးကလဲ မိဘကို တိရိစာၦန္ တစ္ေကာင္လို လမ္းေဘးေန၊ လမ္းေဘးစား၊

ႀကိဳက္တဲ့လူ ေစာ္ကားလို႔ရတဲ့ ဘဝမွာ ပစ္သြားဖို႔ ဝန္မေလးၾကေတာ့သလိုကိုယ့္ဘဝအတြက္ ရႈပ္တယ္လို႔ ထင္လာရင္ ကိုးလလြယ္ ဆယ္လဖြား ကိုယ္ေမြးထားတဲ့ သားလဲ မိဘအရင္းေတြက အမႈိက္တခုလို က်ီးထိုးထိုး ေခြးစားစား လြယ္လြယ္ဘဲ လႊင့္ပစ္လိုက္ၾကတယ္ ဒီလိုနဲ႔ဘဲ ဒါလူ႔ဘဝပါလို႔ သတ္မွတ္ဖို႔ေတာင္ ခက္ခဲတဲ့

တိရိစာၦန္သာသာ ဘဝေတြနဲ႔ ရွင္သန္ေနၾကရရွာတဲ့ သက္ႀကီး႐ြယ္အိုေတြ၊ ေလာကၾကကို အ႐ြဲ႕တိုက္မယ္ဆိုတဲ့ မ်ိဳးဆက္သစ္ေတြ မ်ားလာခဲ့တယ္ ဒါဟာ ေလာကပါလတရားေတြ ပ်က္သုဥ္းလာလို႔ပါဘာသာေရး ရႈ႕ေဒါင့္ကေနၾကည့္ရင္တခ်ိန္မွာ သားကို ပစ္ခဲ့တဲ့ အမိဟာသားက ပစ္သြားတဲ့ အမိျဖစ္လာမယ္အမိကို ပစ္မိတဲ့ သားဟာလဲအမိက အပစ္ခံရတဲ့ သားျပန္ျဖစ္လာမွာဘဲဒီလိုနဲ႔ သံသရာေတြလည္ေနမယ္ပစ္သူမ်ားေလ အပစ္ခံရသူမ်ားေလနဲ႔ ေလာကႀကီး ဆုတ္သြားမယ္ဒီလိုနဲ႔ဘဲ ပုံ႔တို႔ မကယ္ႏိုင္ေတာ့ထိ မ်ားျပားလာမယ္ထင္ပါတယ္

ဒီလို ဆုတ္ကပ္ႀကီးထဲ ရွင္သန္ရမယ့္ လူျဖစ္ေနတဲ့အတြက္ ဘဝဆက္တိုင္း ၾကားသမွ် ျမင္သမွ် ဒုကၡဟူသမွ် ကယ္တင္ႏိုင္ေသာသူ ျဖစ္ရပါလို၏ ဆိုတဲ့ ဆုေလးတစ္ခုေတာင္းရင္းနဲ႔ နိဗၺာန္ဆိုတာ ဘယ္မွန္းမသိ…ကိုယ္ကယ္တဲ့ လူေတြ အဆင္ေျပေစဆိုဖို႔တြက္ ေလဘ၊ ေဒါသ၊ ေမာဟေတြနဲ႔ ျပည့္ေနတဲ့ လားရားမေကာင္းေလာက္တဲ့ ပရဟိတ သမားဘဝမွာ ေပ်ာ္ေနမိတယ္..”

ပြင့္လာမယ့္ ပန္းေလးေတြကို ေျမေတာင္ေျမႇာက္ေပးခဲ့တဲ့ ဆရာမခုေတာ့ ဒုကၡေရာက္ေနရပါတယ္အဲအစ္မလည္း ကူညီေနတယ္ၾကားပါတယ္ ပရိသတ္ႀကီးတို႔လည္း ကူႏိုင္သူေတြ ေတြ႕ေအာင္ ဒီစာေလးကို မွ်ေဝေပးပါဆရာမေက်းဇူးကို အထူးဆပ္ႏိုင္ၾကပေစ

Credit-Writer ; Kwee (Jeeptoolay)/ Source ; Thinn Shwe Sin Hlaing