ကောင်မလေး လည်ပင်းကအညိုကွက်ကဘာဖြစ်တာလဲ..see more

” သမီး ၊ ဒီကိုလာစမ်း ။ လည်ပင်းက အညိုကွက်ကဘာဖြစ်တာလဲ ”

မိခင်မေးလိုက်သည့် စကားကြာင့် မသန္တာစိုး အထိတ်တလန့် ဖြစ်သွားရသည် ။

အသေအချာ ဖုံးကွယ်ထားပါလျက်နှင့် မြင်ဖြစ်အောင်မြင်သေးသည် ။

” သမီးလည်း မသိဘူး မေမေ ” ဟဲ့ …. စန်းတင် ။ စုန်းစုပ်တာနေမှာပေါ့ ….

”အဘွား ဝင်ပြောလိုက်တာကြောင့် မိခင် မျက်မှောင် တစ်ချက် ကုတ်သွားသည်ကို မြင်လိုက်ရသည် ။

” ဟုတ် …ဟုတ်မယ် မေမေ ။ စုန်းစုပ်တာဖြစ်မယ် ”

” ဒီခေတ်ကြီးမှာ စုန်းတွေ ကဝေတွေ မရှိတော့ဘူး ။ မေမေ့ကို မှန်မှန်ပြောစမ်း ”

” တကယ်ပြောတာပါ မေမေရာ ။ မေမေကသာ စုန်းမရှိဘူးပြောတာ ၊ စုန်းစုပ်ခံရတဲ့ ကောင်မလေးတွေ အများကြီးပဲ ။

သမီးရဲ့ သူငယ်ချင်းတွေဆို လည်ပင်းမှာ အညိုကွက်တွေဖြစ်နေလို့ သနပ်ခါးနဲ့တောင် ဖို့ထားရတာ ”

” ဟင်း…ဟင်း….” ခနဲ့ပြီး ရယ်လိုက်တဲ့ မိခင်ရဲ့ ရယ်သံကြောင့် မသန္တာစိုး နေရထိုင်ရ ခက်သွားမိသည် ။

” စန်းတင် ၊ စုန်း ကဝေဆိုတာ ရှိတယ်ဟဲ့ ။ ရွာတည်ရင် စုန်းမရှိလို့ မရဘူး ”

” အမေ မသိရင် ဝင်မပြောပါနဲ့ အမေရာ ။သမီး ညည်း မေမေက ငယ်ရာက ကြီးလာတာနော် ။ မှန်မှန်ပြောစမ်း ”

” သမီး မညာပါဘူး မေမေရယ် ”

” စုန်းက ဘယ်အချိန် စုပ်သွားရတာလဲ ”

” သမီးလည်း ဘယ်သိပါ့မလဲ ”

” လည်ပင်းကိုပဲ စုပ်တာလား ။ ပြစမ်းပါဦး ”

” ဘာကို ပြရမှာလဲ မေမေ ”

” ရင်ဘတ်တွေ ၊ ရင်သားတွေကို မေမေကြည့်ချင်တယ် ”

” ဟာ…မေမေကလည်း ”

” ဟင်း…ဟင်း ။ အမေကို ညာဖို့ မကြိုးစားနဲ့ သမီး ”

” ဟဲ့ …..စန်းတင် ။ နင့်တုန်းကလည်း စုန်းစုပ်ခံရတာ မမှတ်မိဘူးလား ။ လည်ပင်းရော ၊ ရင်ဘတ်ရော ပေါင်မှာရောလေ ”

” အေမ ………”

” အေးလေ ၊ အဲဒီတုန်းက ငါတောင် နနွင်းမန်းတွေ လိမ်းပေးရသေးတယ် ။

အညိုကွက်တွေ ထနေလိုက်တာ အများကြီးပဲလေဟယ် ”

” အမေ…..မဆိုင်ရင် ဝင်မပြောပါနဲ့လား ”” ဘာလို့ မဆိုင်ရမှာလဲ ။

ငါ့မြေးကိစ္စ ငါဝင်ပါမှ ဖြစ်မှာပေါ့ ။နင်တောင် လင်ရပြီးတဲ့အထိ စုန်းစုပ်ခံရတုန်းလေ ”

” ဟာ…….အေမ……”

” ငါတို့တုန်းက စုန်းစုပ်တာ သိပ်မရှိဘူးဟဲ့ ။ သနပ်ခါး ပျက်ရုံလေးပဲ ။

နင်တို့လက်ထက်ကျမှ စုန်းက တစ်ကိုယ်လုံးကို စုပ်တော့တာ ။

စန်းတင် ၊ နင် စုန်းစုပ်ခံရတုန်းကလို နနွင်းလေး လူးပေးလိုက်စမ်းပါ ”

” အမေရာ…..။ သမီး…မေမေ့ရှေ့က မြန်မြန် ထွက်သွားတော့ ” မိခင်ရှေ့က အမြန်ထွက်ရင်း

အဘွား လှမ်းအော်လိုက်တဲ့စကားကြောင့် …မသန္တာစိုးတစ်ယောက် မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချလိုက်မိပါတော့တယ် ။

” မြေးရေ ၊ ရေချိုးရင် ကြေးသေချာတွန်းကွယ့် ။ တော်ကြာ စုန်း စိတ်ပျက်သွားမယ်”

စကားချပ် ကိုယ်တေလဲငယ်ငယ်က အပျိုကြီးတော်တော်များများ စုန်းကိုက်ခံရတာမြင်ဖူးပါတယ်။

ဆန်စေ့တွေ ဝါးပြီးလဲကပ်ပေးဖူးပါတယ်။ ကြီးမှသိတော့တယ် စုန်းတကယ်ရှိတာပဲပေါ့…။

ဘဝအမောဖြေနိုင်ကြပါစေ……။

Credit

Unicode

” အမေ ………”

” အေးလေ ၊ အဲဒီတုန်းက ငါတောင် နနွင်းမန်းတွေ လိမ်းပေးရသေးတယ် ။

အညိုကွက်တွေ ထနေလိုက်တာ အများကြီးပဲလေဟယ် ”

” အမေ…..မဆိုင်ရင် ဝင်မပြောပါနဲ့လား ”” ဘာလို့ မဆိုင်ရမှာလဲ ။

ငါ့မြေးကိစ္စ ငါဝင်ပါမှ ဖြစ်မှာပေါ့ ။နင်တောင် လင်ရပြီးတဲ့အထိ စုန်းစုပ်ခံရတုန်းလေ ”

” ဟာ…….အမေ……”