အိမ်ငှားခသွားတောင်းသည့် အမျိုးသမီးအား အိမ်ငှားလင်မယားက thet ဖြတ်ကာ အလောင်းဖျောက်မှု့ဖြစ်ပွား………..

zawgyi

အိမ္ငွားခသြားေတာင္းသည့္ အမ်ိဳးသမီးအား အိမ္ငွားလင္မယားက သတ္ျဖတ္ကာ အေလာင္းေဖ်ာက္မႈ႔ၿဖစ္ပြား။

ရန္ကုန္၊ ဇူလိုင္ ၄

အိမ္ငွားခသြားေတာင္းသည့္ အမ်ိဳးသမီးအား အိမ္ငွားလင္မယားက သတ္ျဖတ္ကာ

ေသတၱာအတြင္းထည့္၍ အေလာင္းေဖ်ာက္မႈ႔ စစ္ကိုင္းၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း

ဇြန္ ၂၂ ရက္က စစ္ကိုင္းၿမိဳ႕ပန္းဘဲတန္းရပ္ကြက္၌ ေနထိုင္သည့္ အသက္ ၅၀ ေက်ာ္

အရြယ္အမ်ိဳးသမီးသည္ သူမငွားရမ္းထားသည့္ ေနအိမ္ငွားရမ္းခကို အိမ္ငွားလင္မယားထံ

သြားေတာင္းရာ အိမ္ငွားလင္မယားက သတ္ျဖတ္ကာ အေလာင္းအား ေသတၱာအတြင္းထည့္ခဲ့ၿပီး

မီနီအိုးေဝယာဥ္ျဖင့္ ေကာင္းမႈ႔ေတာ္ ေစတီအနီးတြင္ ေသတၱာကိုစြန႔္ျပစ္ထားခဲ့ေၾကာင္း သိရသည္။

“၂၂ ရက္ေန႔က ျဖစ္တာပါ။ ကာယကံရွင္က စစ္ကိုင္းၿမိဳ႕ ပန္းဘဲတန္းရပ္ကြက္ကပါ။

သူတို႔ကအိမ္ငွားထားတာပါ။ အဲဒီအိမ္ငွားလင္မယားက သတ္သြားတာပါ။ အိမ္ရွင္က

ေရႊသုံးက်ပ္ခြဲသားေလာက္ ဝတ္ထားတယ္။ အခုသတ္တဲ့တရားခံ လင္မယားက ေျပာင္းလာတာမၾကာေသးဘူး။

သူတို႔အိမ္ကိုသြားၿပီး အိမ္ရွင္မိန္းမက အိမ္ငွားခသြားေတာင္းတာ။ အိမ္ထဲေရာက္ေတာ့ သတ္တယ္ေျပာတယ္။

သတ္ၿပီးေတာ့ အိမ္အခန္းထဲမွာ သံေသတၱာထဲထည့္ ေစာင္ေတြနဲ႔အုပ္ၿပီး မီနီအိုး ေဝတစ္စီးငွားၿပီးသြားတာ။

ပတ္ဝန္းက်င္အျမင္အရ အဝတ္တစ္ထည္ ကိုယ္တစ္ခု ေသတၱာတစ္လုံးနဲ႔ အိမ္ေျပာင္းသြားတယ္ဆိုၿပီးလုပ္တာ”

ဟု ျမန္မာနိုင္ငံ လူမွုကယ္ဆယ္ေရးအဖြဲ႕ (စစ္ကိုင္း)မွ အဖြဲ႕ဝင္တစ္ဦးက ျဖစ္စဥ္ကိုရွင္းျပသည္။

ထို႔ေနာက္ ေသဆုံးသူ၏မိသားစုမ်ားက ရဲစခန္းတြင္ လူေပ်ာက္တိုင္ၾကားထား ရာမွ ၎တို႔

အိမ္ကပ္လ်က္ရွိ အပ္ခ်ဳပ္ဆိုင္၌ အမ်ိဳးသမီးငယ္တစ္ဦးအား ေသဆုံးသူကဝင္ပူးၿပီး ျဖစ္စဥ္အေျခအေနအားေျပာျပ၍

ရွာေဖြရွာမွ အေလာင္းကို ဇြန္ ၃ ရက္ေန႔က စစ္ကိုင္းၿမိဳ႕နယ္၊ ပဲကတိုးေက်းရြာအလြန္ ထြဋ္ေခါင္ေတာရ ေက်ာင္းအနီ

း သံလမ္းေဘးျခဳံထဲမွ သံေသတၱာထဲထည့္ထားသည့္ အရိုးက်ေနေသာ ႐ုပ္အေလာင္းကိုေတြ႔ခဲ့ရေၾကာင္း ျမန္မာနိုင္ငံ

လူမႈ႔ကယ္ဆယ္ေရး အဖြဲ႔ (စစ္ကိုင္း)မွ အဖြဲ႕ဝင္တစ္ဦးက ဆက္လက္ ရွင္းျပသည္။

“သူတို႔ရဲ့အိမ္နဲ႔ကပ္လ်က္က စက္ခ်ဳပ္ဆိုင္ရွိတယ္။ အဲ့ဒီက ေကာင္မေလးကို ဝင္ပူးၿပီးေျပာတယ္။ ေနရာေတာ့

အတိအက်မေျပာနိုင္ဘူး။ အေမွာင္ႀကီးထဲမွာထားတယ္။ သူ႔ရဲ့ ဝိဉာဥ္က ခႏၶာကိုယ္နဲ႔ ပါမသြားဘူး

အိမ္မွာက်န္ခဲ့တယ္လို႔ဝင္ ပူးၿပီးေျပာတယ္။ အဲ့တာနဲ႔ ရဲနဲ႔သြားရွာရင္းေတြ႔တယ္။ သူတို႔ငွားသြားတဲ့

မီနီအိုးေဝသမားကလည္း အိမ္ငွားေတြ ေျပာင္းတယ္ဘဲထင္တာေပါ့၊ ေကာင္းမႈေတာ္ကိုေက်ာ္ၿပီ

း မုံရြာဘက္သြားတဲ့လမ္းမွာ ထြဋ္ေခါင္ေတာရေက်ာင္းနားမွာ ဆက္သြားလို႔မရေတာ့လို့ ထားခဲ့လိုက္တယ္။

အဲ့ဒီလင္မယားက အဲ့ေသတၱာကို ဘယ္ နားပစ္လိုက္လဲေတာ့ မသိဘူး။ မေန႔ကမွ ဌာနဆိုင္ရာက

body လာသယ္ပါဆိုလို႔သယ္မွ ဒီဟာျဖစ္ေနတာ” ဟု ၎က ဆက္လက္ရွင္းျပသည္။

လက္ရွိတြင္ ေသဆုံးသူ၏အေလာင္းအား စစ္ကိုင္းၿမိဳ႕ ယုန္ျဖဴသုသာန္တြင္ မီးသၿဂိဳလ္ခဲ့ကာ

သတ္ျဖတ္သြားသူ အိမ္ငွားလင္မယားအား စစ္ကိုင္းၿမိဳ႕မရဲစခန္း မွ လူသတ္မႈ႔ပုဒ္မျဖင့္အမႈ႔ဖြင့္ကာ

ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

ေမာင္ေဇာ္

ဓါတ္ပုံ-ျမန္မာနိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (စစ္ကိုင္း)

ယေန႔ ေခတ္

unicode

အိမ်ငှားခသွားတောင်းသည့် အမျိုးသမီးအား အိမ်ငှားလင်မယားက သတ်ဖြတ်ကာ အလောင်းဖျောက်မှု့ဖြစ်ပွား။

ရန်ကုန်၊ ဇူလိုင် ၄

အိမ်ငှားခသွားတောင်းသည့် အမျိုးသမီးအား အိမ်ငှားလင်မယားက သတ်ဖြတ်ကာ

သေတ္တာအတွင်းထည့်၍ အလောင်းဖျောက်မှု့ စစ်ကိုင်းမြို့၌ ဖြစ်ပွားခဲ့ကြောင်း

ဇွန် ၂၂ ရက်က စစ်ကိုင်းမြို့ပန်းဘဲတန်းရပ်ကွက်၌ နေထိုင်သည့် အသက် ၅၀ ကျော်

အရွယ်အမျိုးသမီးသည် သူမငှားရမ်းထားသည့် နေအိမ်ငှားရမ်းခကို အိမ်ငှားလင်မယားထံ

သွားတောင်းရာ အိမ်ငှားလင်မယားက သတ်ဖြတ်ကာ အလောင်းအား သေတ္တာအတွင်းထည့်ခဲ့ပြီး

မီနီအိုးဝေယာဉ်ဖြင့် ကောင်းမှု့တော် စေတီအနီးတွင် သေတ္တာကိုစွန့်ပြစ်ထားခဲ့ကြောင်း သိရသည်။

“၂၂ ရက်နေ့က ဖြစ်တာပါ။ ကာယကံရှင်က စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက်ကပါ။

သူတို့ကအိမ်ငှားထားတာပါ။ အဲဒီအိမ်ငှားလင်မယားက သတ်သွားတာပါ။ အိမ်ရှင်က

ရွှေသုံးကျပ်ခွဲသားလောက် ဝတ်ထားတယ်။ အခုသတ်တဲ့တရားခံ လင်မယားက ပြောင်းလာတာမကြာသေးဘူး။

သူတို့အိမ်ကိုသွားပြီး အိမ်ရှင်မိန်းမက အိမ်ငှားခသွားတောင်းတာ။ အိမ်ထဲရောက်တော့ သတ်တယ်ပြောတယ်။

သတ်ပြီးတော့ အိမ်အခန်းထဲမှာ သံသေတ္တာထဲထည့် စောင်တွေနဲ့အုပ်ပြီး မီနီအိုး ဝေတစ်စီးငှားပြီးသွားတာ။

ပတ်ဝန်းကျင်အမြင်အရ အဝတ်တစ်ထည် ကိုယ်တစ်ခု သေတ္တာတစ်လုံးနဲ့ အိမ်ပြောင်းသွားတယ်ဆိုပြီးလုပ်တာ”

ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)မှ အဖွဲ့ဝင်တစ်ဦးက ဖြစ်စဉ်ကိုရှင်းပြသည်။

ထို့နောက် သေဆုံးသူ၏မိသားစုများက ရဲစခန်းတွင် လူပျောက်တိုင်ကြားထား ရာမှ ၎င်းတို့

အိမ်ကပ်လျက်ရှိ အပ်ချုပ်ဆိုင်၌ အမျိုးသမီးငယ်တစ်ဦးအား သေဆုံးသူကဝင်ပူးပြီး ဖြစ်စဉ်အခြေအနေအားပြောပြ၍

ရှာဖွေရှာမှ အလောင်းကို ဇွန် ၃ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာအလွန် ထွဋ်ခေါင်တောရ ကျောင်းအနီ

း သံလမ်းဘေးခြုံထဲမှ သံသေတ္တာထဲထည့်ထားသည့် အရိုးကျနေသော ရုပ်အလောင်းကိုတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံ

လူမှု့ကယ်ဆယ်ရေး အဖွဲ့ (စစ်ကိုင်း)မှ အဖွဲ့ဝင်တစ်ဦးက ဆက်လက် ရှင်းပြသည်။

“သူတို့ရဲ့အိမ်နဲ့ကပ်လျက်က စက်ချုပ်ဆိုင်ရှိတယ်။ အဲ့ဒီက ကောင်မလေးကို ဝင်ပူးပြီးပြောတယ်။ နေရာတော့

အတိအကျမပြောနိုင်ဘူး။ အမှောင်ကြီးထဲမှာထားတယ်။ သူ့ရဲ့ ဝိဉာဉ်က ခန္ဓာကိုယ်နဲ့ ပါမသွားဘူး

အိမ်မှာကျန်ခဲ့တယ်လို့ဝင် ပူးပြီးပြောတယ်။ အဲ့တာနဲ့ ရဲနဲ့သွားရှာရင်းတွေ့တယ်။ သူတို့ငှားသွားတဲ့

မီနီအိုးဝေသမားကလည်း အိမ်ငှားတွေ ပြောင်းတယ်ဘဲထင်တာပေါ့၊ ကောင်းမှုတော်ကိုကျော်ပြီ

း မုံရွာဘက်သွားတဲ့လမ်းမှာ ထွဋ်ခေါင်တောရကျောင်းနားမှာ ဆက်သွားလို့မရတော့လို့ ထားခဲ့လိုက်တယ်။

အဲ့ဒီလင်မယားက အဲ့သေတ္တာကို ဘယ် နားပစ်လိုက်လဲတော့ မသိဘူး။ မနေ့ကမှ ဌာနဆိုင်ရာက

body လာသယ်ပါဆိုလို့သယ်မှ ဒီဟာဖြစ်နေတာ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

လက်ရှိတွင် သေဆုံးသူ၏အလောင်းအား စစ်ကိုင်းမြို့ ယုန်ဖြူသုသာန်တွင် မီးသဂြိုလ်ခဲ့ကာ

သတ်ဖြတ်သွားသူ အိမ်ငှားလင်မယားအား စစ်ကိုင်းမြို့မရဲစခန်း မှ လူသတ်မှု့ပုဒ်မဖြင့်အမှု့ဖွင့်ကာ

ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မောင်ဇော်

ဓါတ်ပုံ-မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)

ယနေ့ ခေတ်