ပုတီးစိပ်သောအခါ ဆန္ဒအမြန်ပြည့်ဝစေရန်ပုတီးစိပ်တဲ့အခါ….

ပုတီးစိပ်သောအခါ ဆန္ဒအမြန်ပြည့်ဝစေရန်ပုတီးစိပ်တဲ့အခါ

-ကုသိုလ်ရရန်ပဲစိပ်စိပ်

-အဓိဌာန်ကြောင့်ပဲစိပ်စိပ်

-မိမိမှာရှိသောအခက်အခဲတွေ

ပြေလည်စေဖို့အတွက်ပဲ စိပ်စိပ်

ဘယ်အကြောင်းကြောင်းနဲ့ပုတီးစိပ်သည်ဖြစ်စေ

၉ လုံးပုတီး၊၂၇ လုံးပုတီး၊၁၀၈ လုံးပုတီး ဘယ်လိုသော ပုတီးများနဲ့ပဲ စိပ်သည်ဖြစ်စေ

-ဂုဏ်တော်ပွားခြင်း-ငွေဝင်ဂါထာများရွတ်ခြင်း

-အန္တရာယ်ကင်းဂါထာ မည်သို့သောဂါထာများနှင့် ပုတီးစိပ်သည်ဖြစ်စေ

အခုပြောမည့် နည်းလေးကို အသုံးပြုကြည့်ပါ လျှင်မြန်စွာ ဆန္ဒတွေပြည့်ဝမည်ကိုတွေ့ရပါလိမ့်မယ်

၉ လုံးပုတီး၊၂၇ လုံးပုတီး၊၁၀၈ လုံးပုတီး မည်သို့သောပုတီးဖြစ်စေ ပုတီးတစ်ကုံးစီတိုင်းမှာ ပင်လယ်ကူးဆိုတဲ့အရာလေးပါပါတယ်

ပင်လယ်ကူး ကို ပုံလေးနဲ့ဖော်ပြထားပါတယ်ကျွန်တော်တို့ ပုတီးစိပ်တဲ့အခါ ပုတီးတစ်ပတ်ပြည့်ပြီးရင် နောက်ပုတီးတစ်ပတ်ကို ချက်ခြင်းစပြီးစိပ်လေ့ရှိပါတယ်

ပင်လယ်ကူးကိုကျော် သွားလေ့ရှိတယ်

ပင်လယ်ကူးကို မကျော်သွားရပါဘူး

ပင်လယ်ကူးကိုရောက်တဲ့အခါမှာ ဆုတောင်းပါ

ပင်လယ်ကူးက စေတီပုံနဲ့များပါတယ်

နဝင်းပြည့်လို့ စွမ်းအားပြည့်နေတဲ့အချိန်ဖြစ်နေတယ်

သမာဓိအားကောင်းတဲ့အချိန်မှာ ရှိနေတယ်

တစ်ချို့က ပုတီးစိပ်ပေမယ့် သတိမေ့ပြီး စိတ်လွင့်နေတတ်တယ် လက်က ပုတီးစိပ်တယ် စိတ်က မပါဘူး ဖြစ်တတ်တယ်

အဲဒီလို ဖြစ်နေမယ်ဆိုရင် ပင်လယ်ကူးရောက်တာနဲ့ သတိက အလိုလို ဝင်လာပြီး စိတ်ပြန်ထိန်းနိုင်လာတတ်ပါတယ် ဒါက ပင်လယ်ကူး စွမ်းအားတစ်မျိုးလို့ ဆိုလို့ ရပါတယ်

ပုတီးစိပ်တဲ့အခါတိုင်းမှာ ပင်လယ်ကူးကိုရောက်လျှင် မကျော်ပဲ မိမိဖြစ်လိုသောဆန္ဒကို ဆုတောင်းခြင်းဖြင့် အလျှင်မြန်ဆုံးပြည့်ဝမှာကိုတွေ့ရမှာပါ

ပုတီးအပတ်ရည် မည်မျှစိပ်သည်ဖြစ်စေပုတီးတစ်ပတ်စိပ်ပြီးတိုင်း ပင်လယ်ကူးမှာ တစ်ခါဆုတောင်းပါ သင့်ရဲ့ဆန္ဒတွေသိပ်မကြာခင် ပြည့်ဝလာပါလိမ့်မည်

ဖတ်မှတ်ဖူးသမျှအားပြန်လည်၍ မျှဝေပါသည်

Credit photo

unicode
























Credit photo