ရွှေတိဂုံဘုရားရင်ပြင်က သေသွားတဲ့ ထန်းပင်နေရာမှာ စစ်ကောင်စီမှ ထန်းပင်အသစ်ပြန်စိုက်

ဇွန်လ ၂၃ ရက်နေ့။

ရွှေတိဂုံစေတီတော်ရဲ့ ရင်ပြင်တော်ဆီက သေသွားတဲ့ ထန်းပင်နေရာမှာ ထန်းပင်အသစ် အစားထိုးစိုက်ပျိုးနေတယ်လို့ သိရပါတယ်။

ရွှေတိဂုံစေတီတော်ရဲ့ ရင်ပြင်တော် မြောက်ဘက်စောင်းတန်းထိပ်၊ ခြေတော်ရာ တန်ဆောင်းအနီးမှာ အရင်တုန်းကရှိခဲ့တဲ့ ထန်းပင်က သေသွားပြီဖြစ်လို့ အဲ့ဒီနေရာမှာ အစားထိုးစိုက်ပျိုးနေတာလို့ ဆိုပါသည်။

ဒီကနေ့ (ဇွန်လ ၂၃ ရက်နေ့) နံနက်ပိုင်းမှာ ရွှေတိဂုံစေတီ အနောက်တောင်ထောင့်၊ အောက်ပစ္စယံပတ်လမ်းမှာရှိတဲ့ ထန်းပင်တစ်ပင်ကို ရွှေတိဂုံစေတီတော် ဝတ္တကအသင်းက တူးယူခဲ့ပြီးတော့ ရင်ပြင်တော် မြောက်ဘက်စောင်းတန်းကနေတဆင့် ရင်ပြင်တော်ကို ပို့ဆောင်ခဲ့တယ်လို့ သိရှိရပါသည်။

လက်ရှိမှာတော့ အဲ့ဒီထန်းပင်အသစ်ကို သေသွားတဲ့ ထန်းပင်နေရာမှာ လတ်တလော‌ ယာယီထောင်မတ်ထားပြီး စိုက်ပျိုးထားတာဖြစ်တယ်လို့ သတင်းကြားသိရပါသည်။

ရွှေတိဂုံစေတီတော်ရဲ့ ရင်ပြင်တော်မှာ ဟိုးယခင်ကတည်းက ထန်းပင်တွေ ရှိခဲ့တာဖြစ်ပြီး ထန်းပင်တစ်ပင်တည်းသာ သက်တမ်းရင့်ထန်းပင်အဖြစ် ဆက်လက်ကျန်ရှိပါသည်။

Zawcode: