ရေပေါ်ဆိုလာ လျှပ်စစ်စီမံကိန်း မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ စစ်ကောင်စီက စီစဉ်နေ

ဇွန်လ ၂၃ ရက်နေ့။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေပေါ်ဆိုလာ Floating Solar စီမံကိန်းကို နေပြည်တော်က ဆည်တွေပေါ်မှာတည်ဆောက်ဖို့ နစက က စီစဉ်နေတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနကနေ သိရှိရပါသည်။

ဒီစီမံကိန်းကို အခုမှစတင်မှာဖြစ်ပြီး တင်ဒါတောင်မခေါ်ရသေးဘူးလို့ သိရှိရပါသည်။

ရှေ့ပြေးစီမံချက်အနေနဲ့စတင်မှာဖြစ်ပြီး အောင်မြင်ရင်တော့ တစ်နိုင်ငံလုံး အဆင်ပြေမယ့်နေရာတွေမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီ ရေပေါ်ဆိုလာ Floating Solar စီမံကိန်းမျိုးကို ထိုင်းနိုင်ငံမှာလည်း လုပ်ဆောင်နေပြီး မအောင်မြင်လို့ ရပ်ထားရတာဖြစ်ပါသည်။

လက်ရှိအချိန်မှာတော့ စကစ ဟာ လာမယ့်နွေရာသီလျှပ်စစ်ဓာတ်အားလုံလောက်ဖို့ဆိုပြီး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း (၁၈) ခုကိုလည်း တင်ဒါခေါ်ထား‌ကြောင်းသိရှိရပါသည်။

Zawcode: