(၂) လစာ ချေးငွေကို ဝန်ထမ်းများ အမြန်ပြန်ဆပ်ရန် စကစ အမိန့်ထုတ်ပြန် (မရှိရှိတာ ရှာပေးရမည်ဟုဆို)

ကိုဗစ်ကာလ အန်နယ်ဒီ အစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများအား ထုတ်ချေးခဲ့တဲ့ လစာ (၂) လစာ ချေးငွေကို ဝန်ထမ်းများအနေနဲ့ အမြန်ပြန်ဆပ်ရန် အမိန့်ထုတ်လိုက်တယ်လို့ သိရပါတယ်။ အမိန့် အပြည့်အစုံကို ဆက်လက် ဖော်ပြ လိုက်ပါတယ်-

နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များသို့ ကြိုတင်ထုတ်ပေးခဲ့သည့် လစာ (၂) လစာ အတိုးမဲ့ချေးငွေများအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စ၍ လစဉ်ပြန်လည်ကောက်ခံလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါဘေး၏ သက်ရောက်မှုများနှင့် လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်မှု အခြေအနေများအရ နိုင်ငံ့ဝန်ထမ်းများ လစာလုံလောက်မှု ရှိစေရန်အတွက်

နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များသို့ ကြိုတင်ထုတ်ပေးခဲ့သည့် လစာ (၂) လစာ အတိုးမဲ့ချေးငွေကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ လစဉ်ပြန်လည်ကောက်ခံမှုအား ၂၀၂၂ ခုနှစ်၊ မတ်လမှ စတင်၍ (၃) လ ယာယီဆိုင်းငံ့ထားရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အထက်ရည်ညွှန်းစာ (၁) ဖြင့် အကြောင်းကြားခဲ့သဖြင့် အတိုးမဲ့ချေးငွေ ပြန်လည်ကောက်ခံမှုအား ၂၀၂၂ ခုနှစ်၊ မတ်လမှ မေလထိ (၃) လ ယာယီဆိုင်းငံ့ခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များသို့ ကြိုတင်ထုတ်ပေးခဲ့သည့် လစာ (၂) လစာ အတိုးမဲ့ချေးငွေ ပြန်လည်ကောက်ခံမှု ဆိုင်းငံ့ကာလပြည့်ပြီး ဖြစ်ပါသဖြင့် စာရင်းပြုစုရာတွင် ဆောင်ရွက်ရမည့် စာရင်းပြုနည်းလမ်းများအတိုင်း မပျက်မကွက် (မပျက်မကွက်) လိုက်နာဆောင်ရွက်ရန် အသိပေး နှိုးဆော်အကြောင်းကြားပါသည်။

လစာ (၂) လစာ ချေးငွေကို အမြန်ပြန်ဆပ်ဖို့ စကစ အမိန့်ထုတ်ပြန်တဲ့ အပေါ် ပညာရေးဝန်ထမ်းတွေရဲ့ ရင်ထဲက ခံစားချက်တချို့ကိုလည်း ဖော်ပြလိုက်ပါတယ်-

ပညာရေးဝန်ထမ်း (၁) – တော်တော်လေး စိတ်ပျက်ဖို့ ကောင်းလာပြီ အောက်ခြေဝန်ထမ်းတွေ ဘဝ အကြာကြီး မဟုတ်ပါဘူး။

ခဏလောက် ဝင်ကြည့်ပေးပါဦး၊ တိုးပြောင်းက မထွက်၊ စိတ်ဓာတွေက အောက်ဆုံးထိ ရောက်နေပြီ။ ဒီကြားထဲ မျှော်လင့်တဲ့ သတင်းက တက်မလာ၊ မဟုတ်တဲ့ သတင်း တက်လာတယ်။ ဒီခေတ်ထဲ အောက်ခြေ ဝန်ထမ်းတွေ ဘယ်လို ချွေတာသုံးစွဲနေရတယ်ဆိုတာ သိပါလေစ၊

တနေ့တနေ့ ကျောင်းအသွားအပြန် ဆိုင်ကယ်ဆီဖိုးနဲ့တင် ခင်ဗျားတို့ ပေးတဲ့ လခကုန်နေလောက်ပြီ၊ ဒီကြားထဲ လမ်းခရီး ဟိုကြောက်ရ၊ ဒီကြောက်ရနဲ့ စိတ်ပျက်ဖို့ ကောင်းနေပြီ။

အဆင်ပြေတဲ့နေရာပြောင်းတင် ထားကြတယ်လေ။ အပြောင်း order ထွက်ပေးလိုက်လေ၊ ကြည့်ကောင်းနေကြတယ် ထင်တယ်။ လက်တွေ့ မြေပြင်ကွင်းဆင်း လေ့လာကြည့်ကြပါဦး။

ဆပ်ပါမယ် ချေးငွေ၊ ကိုယ်ယူထားတာမလို့ သို့သော် အပြောင်းလေးတော့ မြန်မြန် ထွက်ပေးစေချင်တယ်။ မြန်မာပြည် ပညာရေးဝန်ထမ်းတွေ ဒုက္ခမသေးပါလား။

ပညာရေးဝန်ထမ်း (၂) – ရက်စက်လိုက်တာ အောက်ခြေဖြစ်တဲ့ မူ တိုးပြောင်းတွေကျ တိကျတဲ့ ရက် မကြော်ငြာနိုင်ဘဲနဲ့ အထက်ထက်တွေကိုဘဲ ကြည့်တဲ့ ပညာရေးကို စိတ်ကုန်လာပြီ အလုပ်ထွက်ချင်စိတ်တွေလည်းပေါက်လာပြီ ဘာတွေလုပ်မှန်းမသိ လူတိုင်းအောက်ခြေကတက်လာရတာကို ကိုယ်ချင်းမစာမနာလုပ်ရက်တယ် အောက်ခြေလေးကို ငဲ့ကြည့်ပြီး မူ တိုးပြောင်းလေးတွေ အမြန်ထွက်ပေးစေချင်တယ်။

ပညာရေးဝန်ထမ်း (၃) – ငိုချင်လိုက်တာနော်။ ကုန်စျေးနှုန်းက အဆမတန်စျေးတက်နေတာ။ ကိုယ်တွေဆီမှာဆိုရင် ဆန်တစ်ပြည် ၂၅၀၀၊ ဆီတစ်ပိဿာ ၁၂၀၀၀ ဖြစ်နေပြီ