မိမိရစရာရှိသောအကြွေးများ အမြန်ပြန်ရစေသော အစီရင်
Zawgyi
Unicode
မိမိရစရာရှိသောအကြွေးများ အမြန်ပြန်ရစေသော အစီရင်
မိမိရစရာရှိသောအကြွေးများ အမြန်ပြန်ရစေသော ယတြာ
မိတ်ဆွေများအားလုံးမင်္ဂလာပါ။
မိမိရစရာရှိအကြွေးများပြန်မရ၍စိတ်ညစ်နေရခြင်း။ မိမိကိုပေးနိုင်ရက်နှင့် ရှောင်ဖယ်ရှောင်ဖယ်လုပ်နေခြင်း။
မိမိအာမခံလုပ်၍ယူပေးခဲ့သောအကြွေးများပြန်မပေးခြင်း အကြွေးဆပ်မရနိုင်ပဲ ကြွေးပူမိနေခြင်းများအတွက်….။
ပန်းကန်ပြားတစ်ချပ်တွင် ညောင်ရွက်(၃)ရွက်ခင်းပေးပါ။
လက်ဖက်ခါးနှင့်နနွင်းမှုန့်ကိုသမအောင်နယ်ပြီးလျှင် ညောင်ရွက်(၃)ရွက်၏အလယ်တွင်(၃)ပုံတင်ပေးပါ။
ထိုပန်းကန်ပြားကိုမိမိအိမ်ဘုရားစင်ထောင့်တစ်နေရာ တွင် ထား၍ ကပ်လှူပေးပါ။ (နေရာပြောင်းရွှေ့ခြင်း မပြုလုပ်ရပါ။)
ဤယတြာကို တနင်္လာနေ့(သို့)ကြာသပတေးနေ့ နံနက်(၇)နာရီမှ(၉)နာရီအတွင်း လုပ်ဆောင်ပေးရမည်။
ဘုရားစင်တွင်တင်လှူစဉ် မိမိရစရာရှိသော အကြွေးများ အမြန်ဆုံး ရယူလိုပါ၏ ဟူ၍ ဆုတောင်းပါ။
ယတြာကို(၂၁)ရက်တိတိ လုပ်ဆောင်ရပါမည်။
(၇)ရက်သားသမီးများ အကြွေးပူမိနေခြင်းဒုက္ခများမှ ကင်းဝေးကြပါစေ ခင်ဗျ။
ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာကျော် M.Sc(bot) 09764251903 09978031461