ပြည်သူ့‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အချုပ်ထောင်ထဲသို့ စစ်ကောင်စီ ပို့ဆောင်

ဇွန်လ ၂၂ ရက်နေ့။

နိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ယခင်ထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်ထဲကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ပို့ဆောင်လိုက်ကြောင်း သိရှိရပါသည်။

အဲ့ဒီ နေပြည်တော်အချုပ်ထောင်ထဲမှာ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီးတော့ ဆောက်ထားတဲ့ အဆောက်အဦးတစ်ခုရှိပြီး အဲ့ဒီအဆောက်အဦးထဲကို ပို့လိုက်တာဖြစ်တယ်လို့ ကနဦး သိရှိရပါသည်။

မနက်ဖြန်မှာ စစ်ဆေးဖို့ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု့တွေကိုလည်း နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ ပြောင်းပြီးစစ်ဆေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါသည်။

စစ်ကောင်စီ အနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖမ်းဆီးချိန်ကတည်းက အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိပါဘူး။

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီးတဲ့နောက် မတရားစွပ်စွဲ အမှုပေါင်း ၁၉ မှု့နဲ့ ထပ်မံတရားစွဲဆိုခဲ့ပြီး လက်ရှိမှာ အမှုခြောက်မှု့အတွက် စစ်ကောင်စီမှ ထောင်ဒဏ် ၁၁ နှစ် မတရားချမှတ်လိုက်ပြီဖြစ်ပါသည်။

Zawcode: