ချမ်းသာကြွယ်ဝပြီး ကံကောင်းစေတဲ့ မှဲ့(၈)မျိုး

ချမ်းသာကြွယ်ဝပြီး ကံကောင်းစေတဲ့ မှဲ့(၈)မျိုး

ချမ်းသာကြွယ်ဝပြီး ကံကောင်းစေတဲ့ မှဲ့(၈)မျိုး=မှဲ့နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိကြပါတယ်။ မှဲ့တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ချ်တစ်ခုစီရှိပါတယ်လို့ မှဲ့ပညာရှင်တွေက

ဆိုကြပါတယ်။ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာ ရှိတဲ့မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့။နှုတ်ခမ်းအပေါ်ဘက်မှာရှိတဲ့မှဲ့=အရမ်းကို ကောင်းတဲ့

မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ်။ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ် အရမ်းကို မြန်မြန်ဆန်ဆန်အောင်မြင်တတ်တဲ့သူတွေဖြစ်ပါတယ်။

နှာခေါင်းပေါ်မှာရှိတဲ့မှဲ့=နှာခေါင်းရဲ့ တစ်ဘက်တစ်ချက်မှာ မှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ဒါပေမဲ့ အောင်မြင်မှုနဲ့ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှ ရရှိတတ်ပါတယ်။

ညာဘက်ပါးပြင်ပေါ်ကမှဲ့=ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံးရှိမယ်ဆိုရင် အိမ်ထောင်ပြုပြီးနောက်မှာ အရမ်းကို ချမ်းသာကြွယ် ဝလာမယ်လို့ သိနိုင်ပါတယ်။မ်က္ခုံး/မ်က္လုံးနွစ္ခုကြားကမွဲ့=မျက်ခုံးနှစ်ခုကြားမှာဖြစ်ဖြစ်၊ မျက်လုံးနှစ်လုံးကြား

မှာဖြစ်ဖြစ် မှဲ့တစ်လုံး ရှိမယ်ဆိုရင် ချမ်းသာပြီး ဘဝတစ်ခုကို သာသာယာယာနဲ့ အခြေချနိုင်မယ့် သူတစ်ဦးဖြစ်ပါလိမ့်မယ်။ဘဝမှာ တောင့်တစရာမလိုဘဲ ငွေကြေးပြည့်ပြည့်စုံစုံနဲ့ နေရတတ်ပါတယ်။ခါး=ခါးရဲ့ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ မှဲ့က

ချမ်းသာကြွယ်ဝပြီး ကံကောင်းစေတဲ့ မှဲ့(၈)မျိုး

ကံကောင်းခြင်းရော ကံဆိုးခြင်းရော နှစ်မျိုးစလုံးဖြစ်စေနိုင်ပါတယ်။ဥစ္စာပစ္စည်းပြည့်စုံကြွယ်ဝပြီး ကြီးပွားတိုးတက်မှာ ဖြစ်ပေမဲ့ ဘဝရဲ့အချိန်တော်တော်များများမှာ ဝမ်းနည်းစရာ၊ စိတ်မချမ်းမြေ့စရာတွေကြုံရမှာ ဖြစ်ပါတယ်။

ညာဘက်လက်ဝါးပြင်ကမှဲ့=ညာဘက်လက်ဝါးပြင်မှာ မှဲ့ရှိရင် ဘဝမှာ အောင်မြင်မှုနဲ့ ကြွယ်ဝမှုနှစ်မျိုးလုံး ရနိုင်ပါတယ်။ ဒါပေမဲ့ ကံကောင်းမယ့်အချိန်က လက်ဝါးပြင်ပေါ်က မှဲ့ရဲ့ တည်နေရာအပေါ်မှာမူတည်ပါတယ်။

မှဲ့က လက်ဝါးရဲ့ အပေါ်ပိုင်းမှာရှိမယ်ဆိုရင် ငယ်ရွယ်တဲ့အချိန်ကစပြီး အောင်မြင်ပြည့်စုံမှာဖြစ်ပြီး လက်ဝါးရဲ့ အောက်ပိုင်းမှာရှိမယ်ဆိုရင် အသက်ရလာတဲ့အချိန်မှာမှ စည်းစိမ်ဥစ္စာနဲ့ အောင်မြင်မှုတွေရရှိနိုင်မှာပါ။

ရင်ဘတ်ပေါ်မှာရှိတဲ့မှဲ့=ရင်ဘတ်ရဲ့ ညာဘက်အခြမ်းမှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာ အများအပြားပိုင်ဆိုင်စေပြီး ဘဝကို အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ခြင်းကို ပြတဲ့မှဲ့ဖြစ်ပါတယ်။

မေးစေ့ပေါ်မှာရှိတဲ့မှဲ့=မေးစေ့ပေါ်မှာရှိတဲ့မှဲ့က စည်းစိမ်ဥစ္စာနဲ့ ပတ်သက်ရင် ကံကောင်းခြင်းကို ပြပေမဲ့ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ရင် အားနည်းပြီး အထီးကျန်နေရတတ်တဲ့သူတွေဖြစ်ပါတယ်။

Credit