ကျမတို့ ထိုင်ကန်တော့ပါရစေ
ညနေစောင်း ဆေးခန်းအပြင်မှာ ph ပြောနေတုန်း…အဖွား တယောက်နဲ့ မြေးလေး ထိုင်နေတာ မြင်တော့…
ဒီမှာ အဖွားတို့ ဘာဖြစ်လို့လဲ??
ကျမတို့ စားဖို့ အဆင်မပြေလို့ပါ…အရမ်းဒုက္ခရောက်နေလို့ မောပြီ ထိုင်နေတာပါ
ဘယ်လိုဖြစ်လို့လဲ ဗျ??
ကျမတို့ ဒီနေ့မှ (၃)သောင်းမပေးနိုင်ရင်… ကျူးပေါ်ကနေ လမ်းဘေးရောက်တော့မှာ…ကျမတို့ မြေးဖွား တနေကုန်လဲ အဆင်မပြေလို့…မပြန်ရဲတော့လို့ပါ
ဟုတ်ပြီ…ဘာစားပြီကြပြီလဲ??
ဘာမှလဲ မစားရသေးပါဘူး
ကဲ ရော့ (50,000) Ks…မြေးလေးကို ထမင်းကျွေးလိုက်ပါ
ကျမ (၃)သောင်းပဲ ယူပါ့မယ်…ကျမတို့ လမ်းဘေး မအိပ်ရရင် ပျော်ပါပြီ
(အရမ်းမောနေရှာတယ်…စကား မနည်း ပြောနေရတယ်😢)
ရတယ် ယူပါ…အရမ်းမောနေတယ်နော်…ဖြေးဖြေးပြန်နော် 🙏🏻
ကျေးဇူးအများကြီးတင်ပါတယ်…ကျမတို့ ထိုင်ကန်တော့ပါရစေ…မြေးလေး ထမင်းစားလို့ရရင် တော်ပါပြီ
ဟာဗျာ…မဟုတ်တာ…ဘာမှမကန်တော့နဲ့နော်…အိမ်ပြန်ကြတော့ နော်
(၆၇ရပ်ကွက် ကျူးမှာ နေတယ် ပြောတယ် 😢)
ဟုတ်ကဲ့…ကျေးဇူးပါ သားရယ် 🥺
(မြေးဖွား(၂)ယောက် ဖြေးဖြေးချင်း ပြန်သွားကြတယ် 😢)
•အော…တကယ့်ကို ဆင်းရဲတွင်းထဲ ရောက်နေကြပြီ…(၇)ရက်သားသမီးများအားလုံး အဆင်ပြေကြပါစေ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
unicode
☎ 09-5408437
Leave a Reply