“ဆယ်တန်းအောင်ပညာတတ်မှ လူရာဝင်တာမဟုတ်ဘူး…ပိုက်ဆံများများရှာနိုင်ရင် လူရာဝင်တယ်ဆိုပြီး တွေးထားတဲ့လူတွေအတွက်”

ဆယ်တန်းအောင်ပညာတတ်မှ လူရာဝင်တာမဟုတ်ဘူး…ပိုက်ဆံများများရှာနိုင်မှ လူရာဝင်တာတဲ့ စာဖတ်ပြီး..နည်းလောက်လျှာရှည်အုံးမယ်နော်😏

အမှန်တကယ်က…

အတန်းပညာသင်တယ်ဆိုတာ ကြီးပွားချမ်းသာဖို့အတွက် မဟုတ်ပါဘူး… စဥ်းစားတွေးခေါ်တတ်ဖို့ပါ…

ပညာတတ်တဲ့သူက..ပိုက်ဆံများများရှာနိုင်မှ…အသုံးဝင်တယ်ဆိုတဲ့အတွေးက…လုံးဝမှားပါတယ်နော်

အတန်းပညာကိုငွေကြေးရှာဖွေနိုင်မှုနဲ့မနှိုင်းယှဉ်သင့်ပါ။

ကျောင်းဆရာမတစ်ယောက်က..မချမ်းသာရင်နေမယ်..

ဒါပေမယ့်..လူအများရဲ့ရိုသေလေးစားမှူကိုတော့ ခံရပါတယ်

ဒီလိုပဲ..ချမ်းသားနေတဲ့လူတစ်ယောက်က…ပညာမတတ်ရင်သာနေမယ်….လူအများရဲ့အလေးပေးမှုကိုခံရနိူင်ပါတယ်။

ဒါပေမယ့်…ပညာတတ်တစ်ယောက်..လူရာဝင်ပုံနဲ့…ပညာမတတ်ပဲချမ်းတာတဲ့သူရဲ့…လူရာဝင်ပုံချင်းကတော့…မတူဘူးပေါ့။

ဘယ်လိုပင်..ပညာတတ်သူနဲ့မတတ်တဲ့သူကို..နှိုင်းယှဥ်ပါစေ…ပညာတတ်တဲ့လူတစ်ယောက်က..ချမ်းသာအောင်မလုပ်နိုင်ရင်နေမယ်….အကြောင်းအရာတစ်ခုကို…စဥ်းစား

တွေးခေါ်တဲ့အပိုင်းမှာတော့…ပညာမတတ်တဲ့သူထက်…အမှန်တရားကို…ထိုးထွင်မြင်နိုင်စွမ်းပိုသာပါတယ်။

တချို့ကပြောလိမ့်မယ်…ပညာတတ်ပြီး…အသိတရားမရှိတဲ့လူကလည်းအများကြီးပဲလို့…

ငြင်းစရာမရှိပါဘူး…တကယ့်အမှန်ပဲလေ..

တချို့က…ပညာတွေတော့…ကောင်းကောင်းသင်ကြားခဲ့ရပါရဲ့…နဂိုပင်ကိုယ်ဗီဇဥာဏ်ရည်ကနိမ့်တဲ့အပြင်..စာပေလေ့လာလိုက်စားခြင်းမရှိတာကြောင့်…စဥ်းစားတွေးခေါ်နိုင်စွမ်းနည်းတတ်ပါတယ်။ တကယ်လို့..အဲ့လိုလူက..ပညာသာကောင်းကောင်းမသင်ယူခဲ့ရရင်..အခုလက်ရှိအနေထားထက်ပိုဆိုးမယ်ဆိုတာ..အသေအချာပဲလေ

တချို့က…အတန်းပညာ ကောင်းကောင်းမသင်ခဲ့ရပေမယ့် ပင်ကိုယ်ဗီဇဥာဏ်ရည်မြင့်တဲ့အပြင်..စာပေလေ့လာလိုက်စားတာကြောင့်..စဥ်းစားတွေးခေါ်နိုင်တဲ့ဥာဏ်ရည်မြင့်တယ်။တချို့ဆို..ပညာတတ်ထက်တောင်ထိုးထွင်မြင်နိုင်စွမ်းပိုသာတာတောင်ရှိပါသေးတယ်။

တကယ်လို့…အဲ့လိုလူက…အတန်ပညာသာ..ကောင်းကောင်းသင်ခဲ့ရရင်..အခုထက်ပိုပြီး..ထက်မြက်နေမယ်ဆိုတာ..အမှန်ပါပဲ…

ဒါကြောင့်…ပညာရေးကို..အလကားမပြောစေချင်ပါ

ပညာတတ်တဲ့လူတစ်ယောက်ကို​

နင်ကအတန်းပညာတွေတတ်ထားလဲ …..အလကားပဲ သုံးစားမရဘူး ..အသိဥာဏ်မရှိဘူး””လို့…ပြောတာမှားပါတယ်..

“”နင်က…တကယ်လို့ပညာသာ..မတတ်ခဲ့ရင်…အခုထက်…အခြေအနေပိုဆိုးမယ်”””လို့…ပြောတာကမှအမှန်ပါ

ကိုယ်တိုင်မြင်တွေ့ဖူးခဲ့တယ် လွန်ခဲ့တဲ့နှစ်နှစ်ကပေါ့

ဗဟုသုတကမရှိ..စဥ်းစားတွေးခေါ် နိုင်တဲ့ဥာဏ်ရည်က

နိမ့်..အရေးထဲစာကတစ်လုံးမှမတတ်..

အဲ့လိုလူတွေကလေ…စကားတစ်ခွန်းကိုပြောရင် ဗရမ်းဗသာတွေ….၂နှစ်သားလေးက..၃နှစ်သမီးလေးကိုနမ်းတာ…

ဒီအရွယ်လေးနဲ့ကလေးက ဒီစိတ်ရှိနေပြီ

နှာဗူးထတတ်နေပြီ..ကြီးလာရင်မလွယ်ဘူးတဲ့. …😂😂

စဥ်းစားကြည့်ကြပေါ့နော် စဥ်းစားတွေးခေါ်နိူင်တဲ့ဥာဏ်ရည်..ဘယ်လောက်ထိနိမ့်ကျလိုက်သလဲဆိုတာ…စာရှည်မှာစိုးလို့…စားမယ်အိပ်မယ် ဆော့မယ်ဆိူတာကလွဲလို့…ဘာမှမသိနားမလည်သေးတဲ့ကလေးငယ်တွေကို…ဒီကလေးကြီးလာရင်..ဘာဖြစ်မယ်ညာဖြစ်မယ်ပြောတဲ့ ဥာဏ်တိမ်သမားတွေအကြောင်း…နောက်မှဆက်ရေးပါမယ်

ပြောချင်တာက…တကယ်ပဲ..အတန်းပညာက..ဘာမှအသုံးမဝင်ဘူးဆိုရင်…ဘယ်မိဘကမှ သူတို့အပင်ပန်းခံ…ငွေကုန်ကြေးကျခံပြီး..ခက်ခက်ခဲခဲ…ကျောင်းထားနေကြမှာမဟုတ်ပါဘူး။

ငွေရှိမှလူရာဝင်တယ်..အတန်းပညာတတ်လည်းအလကားပဲဆိုတဲ့သူတွေကိုယ်တိုင်ကရော…သူတို့သားသမီးကိုကျောင်းမထားတော့ပဲ..ငွေသက်သက်ပဲရှာခိုင်းမလားလို့….??မေးကြည့်…No😏😏

သူတို့သာ…ပညာမတတ်ရင်နေမယ် ….သူတို့ကပိုလို့တောင်…သူတို့ကလေးကိုသူများထက်ပိုထူးချွန်တတ်မြောက်စေချင်ကြသေးတယ်😆

ပညာတတ်တဲ့မိဘဖြစ်ဖြစ်..မတတ်တဲ့မိဘဖြစ်ဖြစ်..သူတို့သားသမီးတိုင်းကို…ပညာကောင်းကောင်းသင်ပေးချင်ကြတယ်ဆိုတာ….ပညာရေးဟာ…အလကားမဟုတ်ဘူးဆိုတဲ့သက်သေပဲလေ…

အတန်းပညာဆိုတာ….သူ့အရွယ်နဲ့သူသင်ကြားရတာပါ…

ငွေက…ပညာသင်ကြားပြီးချိန်….ဘယ်ချိန်ရှာရှာ..ရပါတယ်။

ပညာရှာချိန်မှာပညာရှာပြီး…ငွေရှာချိန်မှာငွေရှာတာအကောင်းဆုံးပါပဲ။

ပိုက်ဆံတစ်ခုထဲမဟုတ်ပဲ

ပညာနဲ့ငွေကိုတွဲရှာနိုင်ရင်အကောင်းဆုံးပါပဲ

တကယ်လို့.. ပညာတတ်တဲ့သူနဲ့မတတ်တဲ့သူကို..နှိုင်းယှဥ်ကြည့်ချင်ရင်…

ပညာတတ်တဲ့သူနဲ့ပညာမတတ်တဲ့သူ…

ငွေရှာနိုင်တာချင်းအတူတူဆိုရင်…ဘယ်သူက..ပိုလူရာဝင်မယ်ထင်ပါသလဲ…??

ပညာတတ်သူနဲ့မတတ်တဲ့သူ….

ငွေမရှာနိုင်တာချင်းအတူတူဆိုရင်ရော…

ဘယ်သူကလူရာပိုဝင်မယ်…ထင်ပါသလဲ…??

ပိုက်ဆံရှာနိုင်တာချင်း….

ပိုက်ဆံမရှာနိုင်တာချင်းတူနေရင်တောင်…

ရိုသေလေးစားမှူက..ကွာသွားနိူင်ပါတယ်။

သေချာတာတစ်ခုကတော့…ငယ်ရွယ်စဥ်ပညာသင်ကြားခဲ့တဲ့သူတွေဟာ…အလကားလုံးဝဖြစ်မနေဘူးဆိုတာ..ဘယ်သူမှငြင်းလို့မရတဲ့..အမှန်တရားပါပဲ👍👍👍

အတန်းပညာ…ဆုံးခန်းတိုင်အောင်…မသင်ကြားခဲ့ရသူတွေမှာလည်း..အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။

တချို့က…ပညာကိုဆုံးခန်းတိုင်…သင်ယူချင်ပေမယ့်..မိဘကမပြည့်စုံလို့…ကျောင်းမထားပေးနိုင်တာမျိူးတွေ…အိမ်မှာအကြီးဆုံးမို့မိဘကိုငဲ့နေရတာမျိုးတွေရှိသလို…

တချို့လည်း မိဘကကျောင်းထားပေးတယ်…ကလေးတွေကိုယ်တိုင်ပညာရေးကိုစိတ်မဝင်စားလို့…ကျောင်းထွက်တာမျိုးတွေ….တချိူ့လည်းမွေးရာပါ မှတ်ဥာဏ်အားနည်းတာကြောင့်…ကျောင်းစာကိုမလိုက်နိူင်လို့…ကျောင်းကိုကြောက်ပြီးထွက်တာမျိုးတွေ….တချို့လည်း..ပညာရှာချိန်..၅တန်၆တန်းကတည်းက..ရည်စားတွေစထားတတ်နေပြီ…အာ့တော့စာကိုကြိုးစားဖို့ထက်…ရည်စားအရေးကိုပဲစိတ်ဝင်စားတော့တာကြောင့်..ပညာကောင်းကောင်းမသင်ယူချင်တာမျိုးတွေရှိတယ်…

အတန်ပညာဆိုတာ..အလကား…ဘာမှသုံးစားမရဘူးလို့ပြောနေတဲ့သူတွေကိုကြည့်လိုက်……

#ပညာဆိုတာ..တကယ်ပဲ…အလကားလို့…ထင်နေတာထက်..

#သူတို့ကိုယ်တိုင်က…အထက်ပါအကြောင်းအမျိုးမျိုး

ကြောင့်…ပညာမတတ်ဖြစ်ခဲ့ရတာကိုးးး..

မခံချင်စိတ်..မနာလိုစိတ်ကြောင့်…ပညာတတ်တွေကိုပုတ်ခတ်ချင်ဇောနဲ့…ပြောနေကြတာချည်းပဲ…

ဒါကြောင့်..ကလေးတို့ရေ…..ပညာသင်တာအလကားပါဆိုပြီး….ရေးတဲ့စာတွေကိုဖတ်မိရင်..အတွေးမမှားကြပါနဲ့

ဘယ်သူတွေဘာပြောပြော..ပညာရေးဟာ….လူငယ်တစ်ယောက်အတွက်…အရေးပါအရာရောက်တဲ့..အမှန်တရားတစ်ခုဖြစ်လို့…မိဘတိုင်းက…ပညာသင်ချိန်…ပညာသင်ကြားပေးခြင်းပါပဲ

လက်တွေ့ ဥပမာပြရရင်..

.မအလကိုကြည့်😁😁ဆယ်သက်စားမကုန်အောင်ချမ်းသာနေပေမယ့်…လူရာဝင်လို့လား😂

ချမ်းသာနေတိုင်းလည်းလူရာမဝင်သလို….ပညာတတ်တိုင်းလည်းလူရာမဝင်ဘူး….

ဒီနေ့ခေတ်တချို့အမျိုးသမီးလေးတွေ..ချမ်းသာချင်လို့…သူများအိမ်ထောင်ရေးကိုဖျက်ဆီအငယ်ခံတယ်…

ကြီးကြီးကျယ်ကျယ် မဂ်လာတွေဆောင်ပြနဲ့…

အဲ့တာလူရာဝင်တယ်များထင်ကြသလား😂

အကောင်းစားတွေ သုံးပြနိုင်..စားပြနိုင်မှလူရာဝင်တာမဟုတ်ပါဘူးနော်…

ချမ်းသာခြင်း..ပညာတတ်ခြင်းရဲ့နောက်မှာ…စိတ်ဓာတ်နဲ့လုပ်ရပ်လေးလည်းကောင်းနေအုံးမှ…အစစ်အမှန်လူရာဝင်နိုင်တာပါလို့…..

အမှားပါရင်တောင်းပန်ပါတယ်နော်…စာရေးဆရာမ…မဟုတ်ပါဘူး😁ဝါသနာအရ..အတွေးအမြင်ကိုချပြခြင်းပါ😊😊

မူရင်းရေးသားသူအား လေးစားစွာ

Credit ပေးပါသည်။