ဦးနှောက်ကအကျိတ်က အချိန်မရွေးသေနိုင်တယ်လို့ ပြောလာတဲ့ အိအိချွန်

မြန်မာသံတေးဂီတတွေနဲ့အောင်မြင်မှုရနေတဲ့ တေးသံရှင် အိအိချွန်ဟာ မကြာသေးခင်ကမှ သီလရှင်ဝတ်ခဲ့ပါသေးတယ်။

သူမက မိဘကျေးဇူးဆပ်ချင်တာရယ် ကုသိုလ်တွေတိုးပွားအောင် ဝတ်ခဲ့တာလို့လဲ ပြောပါတယ်။

စိတ်မကောင်းစရာ သတင်းတစ်ခုကတော့ သူမရဲ့ဦးခေါင်းမှာ အကျိတ်ရောဂါရနေတာဘဲဖြစ်ပါတယ်။

သူမကတော့ တစ်ယောက်ထဲသမားပီပီ အချိန်မရွေးသေလို့ရတယ်။မသေခင်ပျော်ပျော်နေမယ်ဆိုတဲ့အကြောင်းကို ယခုလိုပြောပြထားပါတယ်။

“ဦးနှောက်အကျိတ်လေးက အမြင်အာရုံကြောပေါ်မှာပိမိနေတဲ့အတွက်ကြောင့် မ်က္လုံး ဝါးတယ် အမြင်မကြည်တော့ဘူး

ဆရာဝန်ကလည်းကားမမောင်းခိုင်းတော့ဘူး ကားမောင်းရင် တိုက်မယ် ဖုန်းတွေအမြဲမကြည့်ဖို့လည်းမှာထားတယ် ဘာလို့ဆို အမြင်အာရုံ ကွယ်နိုင်တဲ့အတွက်ဂရုစိုက်ဖို့မှာထားတယ်။ပရိသတ်တွေကိုမပြောပဲနေခဲ့တာအခုမှသာဖွင့်ပြောပြတာပါ

ဒီရောဂါစဖြစ်ထဲက ကိုယ္က အချိန်မရွေးသေနိုင်တယ် တစ်ယောက်ထဲ သမားဖြစ်တဲ့အတွက်ဘာမှပူပင်စရာစွဲလန်းစရာမရှိဘူး သေလို့ရှိရင်တောင်မှသေပျော်ပြီသေလို့ရပြီ အမြဲတမ်းသေဖို့တွေးထားပြီးသားပါ”ဆိုတဲ့အိအိချွန်

Credit:popular journal






