ဒီနေ့တော့ ရှူးရှဲနဲ့ မစားရတော့ဘူး…ဝက်သားဟင်းနဲ့ စားမယ်
မနေ့ညက တွေ့လိုက်တဲ့ ဆိုက်ကားပေါ်မှာ ငရုတ်သီးစ်မ်းလေး ကိုက်…ရှူးရှဲလက်ဖက်လေးနဲ့ ထမင်းစားနေတဲ့ Video တခုလေးကြောင့်…မနက်က ရောက်သွားခဲ့တယ်
ဗျို့…ဆိုက်ကား ဆရာကြီး အားလား ဗျ??
အားတယ် အကိုရေ…လာပြီ လာပြီဆိုပြီ…အားရပါးရ လာရှာတယ်
ဘယ်သွားမလဲ အကို ??
ဟုတ် ရှေ့ မီးပွိုင့်အကျော်လေးပဲ ဗျ…ဘယ်လောက်ပေးရမလဲ ??
သိပ်မဝေးဘူးပဲ…အကို ပေးချင်သလောက် ပေးပါ
ဟုတ် ဒါဆို ရော့ (50,000) Ks….ကျနော် မလိုက်တော့ဘူး
ဟာ…ဗျာ…ဒီပိုက်ဆံကြီးက ကျုပ်ကို ပေးတာလား
ဒါပေါ့ ဗျာ…မနေ့က ရှူးရှဲ ငရုတ်သီးကိုက်နေတာ မြင်တော့…ရောက်လာခဲ့တာ
ဟုတ်…မိုးကရွာ…ဆိုက်ကားက မနင်းရတော့…၂၀၀ဖိုးလောက်နဲ့ ဗိုက်ဖြည့်ပြီ အားတင်းရှေ့ဆက်ရတော့ပေါ့ အကိုရာ
ကဲ…ဒီနေ့ကော ရှုးရှဲနဲ့ စားမှာလား??
(အားရပါးရ ရယ်ပြီတော့)…..
ဟာ ဗျာ…ဒီနေ့ ခု အကိုကြီး ပေးတာနဲ့ ဝက်သားဟင်း နေ့လည်စာ ဝယ်စားမယ်…ထမင်းနဲ့ဟင်း မစားရတာ ကြာပြီလေ ဗျာ
ဟုတ်…ဘယ်မှ မသွားနဲ့တော့…ခု ထမင်းဆိုင်ကို သွားပြီ ထမင်း သွားစားတော့နော်…မိုးလဲ ရွာတော့မယ် ဂရုစိုက်နင်းနော်
ကျေးဇူးပါ အကိုရာ…ကျနော် ဘာမှ မပြောပြတတ်တော့ဘူး…ကျေးဇူးပါ
မလိုပါဘူး…ထမင်း စားနောက်ကျနေမယ်…စားချင်တာ အဝတာ စားခဲ့ဗျာ
•အော…ကိုယ်တွေအတွက် မသိသာပေမဲ့…တကယ့်ဘဝတွေကျ ထမင်းတနပ် ခက်ခဲလိုက်ကြတာ…ဘာဖြစ်ဖြစ် ဆရာကြီး အဆင်ပြေပါစေဗျာ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
09-5408437
unicode
09-5408437
Leave a Reply