အချိန်တန်ရင် ခေါ်အိပ်လိုက် ပြီးရင် ပြန်လွှတ်လိုက်နဲ့ တစ်ချို့မိန်းခလေးတွေဆို ဂျုံးဂျုံးကျနေပါပြီ…

အချိန်တန်ရင် ခေါ်အိပ်လိုက် ။ပြီးရင် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းခလေးတွေဆို လက်ဆုပ် လက်ကိုင် ပြစရာ ယောကျ်ားသာ မရှိတာ အိမ်ထောင်သည်

ချစ်သူ ရည်းစားတွေ တွဲလာတာ ကြာလာတဲ့ အပြင် တယောက် အကြောင်း တယောက် သိပြီး

( Living Together ) လင်မယားလို ဖြစ်နေရင်တော့ လက်ထပ်လိုက် ကြတာ အကောင်းဆုံးပါ ။

အချိန်တွေ ဘာတွေ ဆွဲပြီး တွဲနေရင်တော့ ကောင်လေးဘက်က မနစ်နာပေမယ့်ကောင်မလေး ဘက်က အရမ်းကို နစ်နာတယ် ။

အချိန်တန်ရင် ခေါ်အိပ်လိုက် ။ပြီးရင် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းခလေးတွေဆို လက်ဆုပ် လက်ကိုင် ပြစရာယောကျ်ားသာ မရှိတာအိမ်ထောင်သည် မိန်းမကြီးတွေနဲ့ တူပြီး Snare သီချင်းထဲကလို ဂျုံးဂျုံး ကျနေပြီ ။

နိုင်ငံခြား တိုင်းပြည်တွေကို အားကျပြီး တယောက် အကြောင်း တယောက် သိအောင်တယောက် စရိုက်တွေ တယောက် လေ့လာနိုင်အောင်လို့ Living together နေကြပြီးတခါတလေ သွေးသား ဆန္ဒအရ အတူနေမိ ၊ အတူအိပ်မိတာကို ဒီဘက် ခေတ်မှာ နားလည်ပေးရ ပါမယ် ။ လက်ခံပေး ရပါမယ်။

ဘာမှ မကျူးလွန်မိပဲ ထိန်းသိမ်းနိုင် ရင်တော့ ယောကျ်ားလေးရော မိန်းခလေးရော တန်ဖိုး အရှိဆုံးပါ။

အခုက living together ဆိုတာ sေx ကိစ္စ တခုထဲ ကိုသာ ဦးတည်နေပြီးအချိန်တန်ရင် ဖုတ်ဖက် ခါပြီး ကိုယ့်အိမ်ကိုယ် ပြန်သွားကြ၊ တွေ့တဲ့ အချိန်တိုင်းလည်း ဒီကိစ္စကိုပဲ ဦးတည်နေ ကြတော့ တယောက်ကို တယောက် လေ့လာဖြစ်ကြ သလား ၊ မလေ့လာဖြစ်ကြ လားတော့ မသိ ။

ဒီလိုနဲ့ နှစ်တွေ ကြာလာတဲ့ အခါမှာ ၊ တချို့ဆို လပိုင်းလေး လာက်လေးနဲ့ ရိုးအီ သွားလို့နောက်တယောက်ဆီ ခြံခုန်လို့ ရမယ့် အကွက်တွေ မြင်တော့ ” မင်းနဲ့ငါ ဆက်တွဲလို့ အဆင်မပြေတော့ဘူး ”

” မင်းနဲ့ငါ ပြတ်ပီ ” ဆိုတဲ့ စကားလေးတွေ နဲ့တင် ကိုယ့်ဘဝကြီး တခုလုံးကို အစိတ်စိတ် အမွှာမွှာ ဖြိုခွဲသွားပါ လိမ့်မယ် ။

မိန်းကလေးတိုင်း ကိုယ့်ချစ်သူကို အပြစ် မရှိတဲ့ ရိုးစင်းတဲ့ ယုန်သူငယ်လေး တွေလို မြင်ကြ သလိုကိုယ့်ရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပေး ကာကွယ်ပေးမယ့် သူရဲကောင်းကြီး တွေလိုလည်း အားကိုးတတ် ကြပါတယ်။

သူများတွေက ကိုယ့်ချစ်သူကို မကောင်းပြောရင် ၊ သတိပေးရင် လက်မခံကြ ပါဘူး ။ မကြိုက်ပါဘူး။

သေချာတာ ကတော့ စွန့်ပစ်ခံ ထားခဲ့ခံ ရတဲ့ မိန်းမတွေလည်း တချိန်တုန်း ကတော့ ငါ့ချစ်သူက ဒီလို ယောကျ်ားမျိုး မဟုတ်ဘူး

ဒီလို လုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်ကြဖူး ပါတယ် ။ အဲဒီလိုမျိုး ယုံကြည်မှုတွေကပဲ ရှုံးပြီးရင်း ရှုံးအောင် တွန်းပို့ခဲ့ကြ တာပါ ။

ဒီခေတ်က ကိုယ့်လက်ထဲ ရောက်နေရင်တောင် ဘယ်သူက လာနှိုက်မလဲ လို့ ရင်ပူနေရတဲ့ ခေတ်ပါ ။

ကိုယ့် လက်ထဲလည်း မရောက်သေးတဲ့အပြင် ဘဝနဲ့ ရင်းပီးပါ ချစ်ပြထား ရင်တော့အချိန်တန်ရင် ဆုံးရှုံးရမှာ ကိုယ်ပါ နာကျင်ရမှာ ကိုယ်ပါ ။

နာကြည်းရမှာ ကိုယ်ပါ။အဲ့ဒီတော့ ကောင်လေးဘက် ကလည်း ကောင်မလေးတွေ ဘက်ကို ထည့်တွက်ရင် အချိန် အကြာကြီး ဆွဲပြီး မတွဲသင့်ဘူး ။

ငါ့ကို ဒီကောင်က အရမ်း ချစ်တာ ၊ ငါ့လက်ထဲက ရုန်းနိုင်မှာ မဟုတ်ဘူးလို့ကိုယ့်ကိုယ်ကို သွေးနားထင် မရောက်ပါနဲ့နော် ။

Everything is possible ပါ။ကောင်လေးတွေက ဒီနေ့မှာ ကိုယ့်ကို နတ်သမီးလို့ မြင်ပေမယ့် နောက်တနေ့ မှာ ရွှေကြာ လို့လဲ မြင်နိုင်ပါတယ် ။

အဲ့ဒီတော့ တွဲလာတာ ကြာနေပေမယ့် ရှေ့ရေးတွေ နောက်ရေးတွေ စဉ်းစားနေရလို့ မယူနိုင်သေးဘူး ဆိုရင် သူထားခဲ့တဲ့ အချိန် ကိုယ် ကျန်ခဲ့ရမယ့် အရေးထက် ဘယ်ဟာကမှ အရေးပိုမကြီးနိုင်ဘူး ဆိုတာလည်း ထည့်တွေးပါ ။

ကိုယ်က တယောက် မကောင်းတော့ နောက်တယောက် ပြောင်းချစ် နောက် တယောက် ကလည်း ဒီအချိုးတွေပဲ ဆိုရင် အသက်ကသာ ကြီးပြီး အခွံ ဘဝသာ ကျန်လိမ့်တယ် ။

တန်ဖိုးထား ခံရခြင်း ဆိုတဲ့ အရသာကို မသိလိုက်မှာ စိုးလို့ပါ ။

ယောကျ်ားလေးဘက်က ဖေဖေတွေ မေမေတွေ အကြောင်းပြပြီး အချိန်ဆွဲနေရင်တော့ အခြေအနေ သိပ်မကောင်းပါ ။

ဒီနေ့ခေတ် မေမေတွေက သားတွေနဲ့ ပွင့်လင်းမြင်သာ ဆွေးနွေးမှု ရှိပြီး သားနဲ့ အမေ အရာရာ တိုင်ပင်ပြီး လှုပ်ရှားကြတာ ပါနော် ။

အနာတွေ ရှိရင်တော့ စပ်ပါလိမ့်မယ် ။ စပ်စေချင်လို့ ဆားဖြူးတာတော့ မဟုတ်ပါဘူး ။

ထားခဲ့ ခံရလို့ လာပြီး ရင်ဖွင့်တဲ့ မိန်းခလေးတွေ များလာတာရယ် ၊ တချို့မိန်းခလေးတွေ ထပ်ပြီး ထားခဲ့တာ ခံရမှာ စိုးတာရယ်ကြောင့် သတိပေးတာပါ ။

Living together ကို လက်ကိုင် ထားတယ် ဆိုရင်လည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ တူဂဲသား နိုင် ကြပါစေ ။