မိန်းမကောင်းတစ်ယောက်ရဲ့တန်ဖိုး









မိန်းမကောင်းတစ်ယောက်ရဲ့တန်ဖိုး

မိန်းမကောင်းတစ်ယောက်ရဲ့ တန်ဖိုးကပိုင်ရှင်ရှိတဲ့သူကို မပတ်သတ်မိအောင်ရှောင်နိုင်တာပဲ။

ကိုယ့်ရဲ့တန်ဖိုး.ကိုယ့်ရဲ့သိက္ခာကို လေးစားတဲ့မိန်းမတိုင်းပိုင်ရှင်ရှိတဲ့သူကို ယောင်မှားလို့တောင်မျက်စောင်းမထိုးဘူး။

မိန်းမသားဆိုတာ စောင့်ထိန်းရမယ့်စည်းဘောင်တွေက ယောင်္ကျားတွေထက္များပြားပါတယ်။

ကိုယ့်ရဲ့ဂုဏ်သိက္ခာ.ကိုယ့်ရဲ့တန်ဖိုးကို အလေးထားတဲ့မိန်းမတိုင်းက ကိုယ့်ရဲ့ဂုဏ်သိက္ခာပွန်းပဲ့စေမယ့် ကိုယ့်ရဲ့တန်ဖိုးကျဆင်းစေမယ့် လုပ်ရပ်တွေကိုရှောင်ရှားကြတယ်။

လောကမှာ ကိုယ်ကျင့်တရားနဲ့ဂုဏ်သိက္ခာကို အချစ်နဲ့မလဲလှယ်တတ်ကြတဲ့ မိန်းမမျိုးတွေက တန်ဖိုးရှိတဲ့မိန်းမကောင်းတွေဖြစ်တယ်။

ဒါကြောင့် လောကမှာမိန်းမပေါ့.မိန်းမပျက်တွေကို မြင်တိုင်းမိန်းမတွေတန်ဖိုးမရှိဘူးလို့တော့ သိမ်းကြုံးပြီးအထင်မသေးလိုက်ပါနဲ့။

ကိုယ်ကျင့်တရားနဲ့ဂုဏ်သိက္ခာကို အပွန်းအပဲ့မခံပဲ ကိုယ့်ရဲ့တန်ဖိုးအဖြစ်အလေးထားတဲ့ မိန်းမသားတွေလည်းရှိနေကြလို့ပါ။