ဒီမိုကရေစီအစိုးရလက်ထက် ကုန်သွယ်မှု လိုငွေရှိပေမယ့် မိမိထက်မှာ ပိုငွေ ဒေါ်လာ တစ်ဘီလီယံကျော် ဖြစ်အောင် လုပ်နိုင်ခဲ့‌ကြောင်းမင်းအောင်လှိုင်ပြောကြား

ဇွန်လ ၁၉ ရက်နေ့။

(ပြည်ပသွင်းကုန်တွေအကုန်နီးပါးကန့်သတ်ထားပြီး ကုန်သွယ်မှုပိုငွေပြတာကို ဂုဏ်ယူနေတာလို့ ဝေဖန်မှုတွေမြင့်တက်လျက်ရှိနေပါတယ်)

ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရလက်ထက်တွေမှာ ကုန်သွယ်မှုလိုငွေတွေ အများအပြားဖြစ်ခဲ့ပေမယ့် နစက လက်ထက်မှာတော့ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောပါသည်။

ယမန်နေ့က ဇွန်လ ၁၆ ရက်မှာ လုပ်ခဲ့တဲ့ စကစ အစည်းအဝေး (၅/၂၀၂၂) မှာ အခုလိုပြောခဲ့တာပါ။

“မိမိတာဝန်ယူ ဆောင်ရွက်ချိန်တွင် ကုန်သွယ်မှုနှင့်ပတ်သက်၍ အချို့သော မလိုအပ်သည့် ပစ္စည်းများတင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့ပြီး လိုအပ်သည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းစေခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီ၍ ၂၀၂၂ မေလအထိ ကုန်သွယ်မှုပိုငွေ စုစု‌ပေါင်း အမေရိကန်ဒေါ်လာ ၁၁၄၀ သန်း ဖြစ်ပေါ်ခဲ့ပါသည်”ဆိုပြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါသည်။လက်တွေ့မှာ ပြည်သူအားလုံးဒုက္ခ ရောက်‌‌ နေဆဲဖြစ်ပါသည်။

ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ဆက်မှာ ကုန်သွယ်မှု လိုငွေ ဖြစ်ခဲ့ပေမယ့် သူ့လက်ထက်မှာတော့ကုန်သွယ်မှု ပိုငွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း သူက ဆိုပါ‌သေးသည်။

မြန်မာ့စီးပွားရေးစောင့်ကြည့်သူတွေကတော့ သွင်းကုန်တွေကို ပိတ်ပြီး ကုန်သွယ်မှုပိုငွေပြအောင်လုပ်ဆောင်နိုင်တာ ထူးခြားတဲ့ကိစ္စမဟုတ်ဘဲ၊ သွင်းကုန်တွေကို မပိတ်ဘဲ ပို့ကုန်တင်ပို့ရေးကိုသာ ပိုပြီးဦးစားပေးလုပ်ရမယ့်ကိစ္စလို့ ထောက်ပြပါသည်။

သွင်းကုန်တွေကို ပိတ်ခြင်းအားဖြင့် ပြည်တွင်းမှာ သွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာတာမျိုးတွေ ကြုံတွေ့နေရတယ်လို့လည်း သူတို့က ထောက်ပြထားပါသည်။

မြန်မာနိုင်ငံမှာ သွင်းကုန်တွေကို ပိတ်ဆို့တားဆီးတဲ့ စီးပွားရေးမူဝါဒဟာ အာဏာရှင်ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ကျင့်သုံးခဲ့ပေမယ့် မအောင်မြင်ခဲ့တာကို တွေ့မြင်ခဲ့ရပြီးဖြစ်ကာ အဲဒီ့အချိန်တုန်းက ပိတ်အုပ်တွေ၊ နို့ဆီ၊ အချိုရည်နဲ့ ဘီစကွတ်လို ကုန်စည်တွေကအစ ဈေးကြီးပေးပြီး ဝယ်စားနေရတာကို နမူနာယူသင့်တယ်လို့ ဆိုကြပါသည်။

Zawcode:

RELATED POSTS