ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ် ပြည့်မွေးနေ့ ဖြစ်ပါတယ်

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ် ပြည့်မွေးနေ့ ဖြစ်ပါတယ်။

သူ့ရဲ့ ၃၅ နှစ်နီးပါး မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုအတွင်း စစ်အစိုးရ အဆက်ဆက်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာကြောင့် မွေ့နေ့ပေါင်း ၁၆ ကြိမ်ကို အကျဉ်းစံဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ဒီတစ်ကြိမ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း ၁၀၀ ကျော်အထိ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲ ဖမ်းဆီးထားတာကြောင့် မွေးနေ့ကို အကျဉ်းစံဘဝနဲ့ ဖြတ်သန်းရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် ကမ္ဘာက ချီးမြောက်မှုကို ခံခဲ့ရသလို၊ ရိုဟင်ဂျာကိစ္စမှာ မြန်မာစစ်တပ်ကို အကာအကွယ်ပေးသူ အဖြစ်နဲ့လည်း အပြစ်တင်ခံခဲ့ရတာပါ။

မြန်မာပြည်သူ အများစုကြားမှာတော့ လူထုထောက်ခံမှု အများဆုံးရထားတဲ့ နိုင်ငံရေးသမားဖြစ်ပါတယ်။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်ဖြစ်တဲ့ Freedom From Fear (ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး) စာသားကို လက်တစ်ဖက်က ကိုင်ဆောင်၊ အခြားတစ်ဖက်မှာ ၇၇ စာလုံးကို ရေးထိုးပြီး လူမှုကွန်ရက်ကနေ အွန်လိုင်းလှုပ်ရှားမှု တွေကြလုပ်ဖို့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေက နှိုးဆော်ထားပါတယ်။source-RFA

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ် ပြည့်မွေးနေ့ ဖြစ်ပါတယ်။

သူ့ရဲ့ ၃၅ နှစ်နီးပါး မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုအတွင်း စစ်အစိုးရ အဆက်ဆက်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာကြောင့် မွေ့နေ့ပေါင်း ၁၆ ကြိမ်ကို အကျဉ်းစံဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ဒီတစ်ကြိမ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း ၁၀၀ ကျော်အထိ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲ ဖမ်းဆီးထားတာကြောင့် မွေးနေ့ကို အကျဉ်းစံဘဝနဲ့ ဖြတ်သန်းရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှုအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် ကမ္ဘာက ချီးမြောက်မှုကို ခံခဲ့ရသလို၊ ရိုဟင်ဂျာကိစ္စမှာ မြန်မာစစ်တပ်ကို အကာအကွယ်ပေးသူ အဖြစ်နဲ့လည်း အပြစ်တင်ခံခဲ့ရတာပါ။

မြန်မာပြည်သူ အများစုကြားမှာတော့ လူထုထောက်ခံမှု အများဆုံးရထားတဲ့ နိုင်ငံရေးသမားဖြစ်ပါတယ်။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်ဖြစ်တဲ့ Freedom From Fear (ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး) စာသားကို လက်တစ်ဖက်က ကိုင်ဆောင်၊ အခြားတစ်ဖက်မှာ ၇၇ စာလုံးကို ရေးထိုးပြီး လူမှုကွန်ရက်ကနေ အွန်လိုင်းလှုပ်ရှားမှု တွေကြလုပ်ဖို့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေက နှိုးဆော်ထားပါတယ်။

source-RFA