ဇာတ်မင်းသမီး မနှင်းဆီ နှင့် သမီး
မနက် (၆)နာရီလောက် အိပ်ယာနိုးတော့…ထုံးစံအတိုင်း FB ပွတ်တော့…..
အရင်က ဇာတ်မင်းသမီး မနှင်းဆီ နှင့် (၁၃)နှစ်အရွယ် သူ့သမီးလေးတို့….
မြန်မာသီချင်း နဲ့ ကုလားသီချင်း…တခါ က (၁)ထောင်ကျပ်ပဲပေးပါဆိုပြီ….
ရပ်ကွက်တကာ…လမ်းတကာ စက်ဘီးလေးနဲ့ ပတ်ပြီ….Bluetooth Speaker နဲ့ လိုက်ကပြီ စားဝတ်နေရေးအတွက်…ဖျော်ဖြေနေတယ်ဆိုတဲ့ သတင်းလေး တွေ့တော့…
ရင်ထဲ မကောင်းလို့ သွားရောက်ခဲ့ပါတယ်
ရောက်သွားတော့…..
သမီးလေးကော….မနှင်းဆီကော တွေ့ခဲ့ပါတယ်
မနှင်းဆီကတော့…ခု အသက် (၆၀)နှစ်မှာ…ရင်သားကင်ဆာကြောင့် ရင်ဘတ်ဖြတ်ထားရပြီ…ခု အနာကနေ အပေါက်ဖြစ်ပြီ ရောဂါဝေဒနာ ခံစားနေရပါတယ်
သမီးလေးကို ဘာလုပ်ချင်လဲ မေးကြည့်တော့….
`ဦး သမီး ကျောင်းတက်ချင်တယ်…စာသင်ချင်တယ်တဲ့ ‘
အေးပါ သမီးလေးရယ်…သင်ရမှာပေါ့
မနှင်းဆီ နဲ့ သမီးလေးက…ကုလား သီချင်း တပုဒ်နဲ့ ဖျော်ဖြေပြသခဲ့ပါတယ်
တပုဒ် (၁)ထောင်အစား…. တပုဒ်ကို ဦးက (၁)သိန်းပေးတယ်နော် ဆိုတော့….
`မေမေ (၁)သိန်းဆိုတာ ဘာလဲဟင်…အများကြီးလားတဲ့
ရင်ထဲ အတော် မကောင်းဘူးဗျာ
မနှင်းဆီကတော့….ကျေးဇူးတင်ပါတယ် သားရယ်…အန်တီ ဆေးခန်းလေး ပြန်ပြနိုင်ပြီပေါ့ တဲ့
သမီးလေးအတွက်ကော မနှင်းဆီအတွက်ကော…ကတဲ့အခါ ဝတ်ဖို့ အင်္ကျီအသစ်လေးတွေ ယူသွားဖြစ်တယ်…
သမီးလေးကတော့ အတော်ပျော်နေရှာတယ်
•အော….ဘဝတွေ အတော်ခက်ခဲနေကြပါလားဗျာ …မနက်နိုးနိုးချင်းတည်းက စိတ်မကောင်းလို့…ချက်ချင်းရောက်အောင် သွားလှူပေးခဲ့ပါတယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
09-5408437
unicode
09-5408437
Leave a Reply