မြန်မာပြည်မှာ ဖြေသမျှလူအားလုံး အအောင်ပေးခဲ့တဲ့ တချိန်က အစိုးရစစ် စာမေးပွဲတခု

၁၉၅၆ ခုနှစ်က မြန်မာနိုင်ငံမှာ အရေးအခင်း တစ်ခု ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက အစိုးရစစ် စာမေးပွဲ ဖြစ်တဲ့ သတ္တမတန်း စာမေးပွဲရဲ့ မေးခွန်းက မဖြေရသေးခင် ဗမာ့ခေတ် သတင်းစာထဲ ပါလာတယ်။ ဒါကြောင့် မေးခွန်း ပေါက်ကြားလို့ ဆိုပြီး အဲဒီနှစ် စာမေးပွဲ ဖျက်သိမ်း ခဲ့တယ်။

အဲဒါကို မကျေနပ်လို့ ကျောင်းသားတွေ ဆန္ဒပြတာကို ‌ေ-နတ်နဲ့ ပစ်ခတ် နှိမ်နင်း တာကြောင့် စိန်ပေါလ်က ၇ တန်း ကျောင်းသား ဟယ်ရီတန် သေဆုံးခဲ့တယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရက ဗမာ့ခေတ် သတင်းစာ အယ်ဒီတာတွေကို အရေးယူတာ၊ ကျောင်းသား-ရဲ ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ဖွဲ့တာတွေ လုပ်ပေးခဲ့ပြီး အဲဒီနှစ် သတ္တမတန်း စာမေးပွဲကို ဆက်မစစ်တော့ဘဲ ကျောင်းသားတွေ ဝိုင်းရှံ့ချနေတဲ့ ကြားက ဖြေဆိုသူ အားလုံးကို စာမေးပွဲ အအောင် ပေးခဲ့တယ်။

အဲဒီ အချိန်က စပြီး ဟယ်ရီတန် အရေးအခင်း ဖြစ်တဲ့နှစ် ၇ တန်း အောင်တဲ့သူ ဆိုရင် လှောင်စရာ၊ ပြောင်စရာ၊ နှိမ်စရာလို ဖြစ်သွားခဲ့တယ်။

အလုပ် ခန့်တာပဲ ဖြစ်ဖြစ်၊ တခြား အောင်လက်မှတ် ပြရတဲ့ နေရာမှာပဲ ဖြစ်ဖြစ် ဟယ်ရီတန် ၇ တန်းအောင် ဆိုရင် သိပ်ပြီး အရာမသွင်း ချင်ဘူး။
သူ့ဘာသာ ဘယ်လိုပဲ တကယ့် အရည်အချင်းနဲ့ ဖြေခဲ့တာ ပြောပြော အုတ်ရောရော ကျောက်ရောရော ခုနှစ်မှာ ဖြေပြီး အောင်လာတဲ့သူ ဖြစ်လို့ အထင်မကြီး ကြတာ။

ဒါတောင် အဲဒီတုန်းက ကျောင်းသားတွေမှာ ဘာအပြစ်မှ မရှိဘူးနော်။ အစိုးရ စီမံ ခန့်ခွဲမှု အလွဲကြောင့် တကယ် ကြိုးစားခဲ့တဲ့ သူတွေပါ နစ်နာရတာ။

တစ်နိုင်ငံလုံးက ကျောင်းသား အရွယ် လူငယ်တွေ အသက်ဆုံးတဲ့ သူကဆုံး၊ ထောင်ကျတဲ့ သူကကျ၊ တောထဲ တောင်ထဲ ဆင်းရဲ ဒုက္ခခံပြီး လက်-က်ကိုင် တိုက်တဲ့ သူကတိုက်၊ မိတကွဲ ဖတကွဲ ပြေးလွှား ရှောင်တိမ်းတဲ့သူက ရှောင်၊ စစ်ဘေး ဒုက္ခသည် ဖြစ်တဲ့သူက ဖြစ်နေတဲ့ အချိန်မှာ စစ်ကောင်စီရဲ့ ဆယ်တန်း စာမေးပွဲ ဝင်ဖြေဖို့ ရွေးချယ်ခဲ့တဲ့ သူတွေ ကတော့ သူတို့ ရွေးချယ်မှုနဲ့ သူတို့ပဲ။ နောင်တချိန်ကျရင် မင်းအောင်လှိုင်ရဲ့ ဆယ်တန်း အောင်တွေ ဆိုတဲ့ အသုံး အနှုန်း ပေါ်ရင် ပေါ် လာမှာလေ။

(ရေးသားသူ – Zin Thaw Naing