ဝမ်းသာလိုက်တာ…ဆီးချိုဆေးလေး ဝယ်လို့ရပြီ
အဖိုး ငှက် (၁)ကောင် ဘယ်လောက်လဲ ဗျ??
(၁)ကောင်….. (၅၀၀)ပါ သားရယ်
ဘယ်နှကောင်ရှိလဲ အဖိုး??
အဲ့လို ပြောလို့ မရဘူး သား…..တကောင်ချင်း အဖိုး လှောင်အိမ်ထဲက ဖမ်းပေးမယ်…သားတို့ လွှတ်ရင်း တွက်ကြမယ်
ဟုတ် အဖိုး…ပြီတော့ ဒီငှက်တွေကို ဘယ်လိုဖမ်းလဲ အဖိုး ??
အဖိုးတို့ ဖမ်းမရဘူး…တဆင့်ပြန် ဝယ်ရတာ သား
အဖိုး လှောင်အိမ်ထဲက အကုန်လွှတ်ပေးလိုက်တော့မယ်…တကောင်ချင်းမဖမ်းနဲ့တော့ ဖွင့်ပေးလိုက်တော့နော်
အေးပါ သားရယ်…ကျေးဇူးတင်ပါတယ် အကုန် အားပေးတာ
ရပါတယ် အဖိုးရယ်…ဘယ်နှကောင်လဲ အဖိုး ??
သား စုပေါင်း (၆၀)လောက်ရှိတယ် သား
ဟုတ် အဖိုး…ရော့ (50,000) Ks
ဟာ…ပိုနေတယ် အများကြီး…
ဟုတ် အဖိုး…အဖိုးတွက်ပါ ကြိုက်တာသုံး…မိုးလဲ မဲနေပြီ အိမ်စောစောပြန်စေချင်လို့ပါ
ဝမ်းသာလိုက်တာ သားရယ်…အဖိုး ဆီးချိုဆေးလေး ဝယ်လို့ရပြီ
ဟုတ် အဖိုး
နောက် အဖိုးကို လမ်းမှာတွေ့ရင် ခေါ်နော်…အဖိုးက ဆင်းရဲတော့ သားကို ခေါ်ရမှာ အားနာလို့ပါ…သား မကြိုက်မှာလဲ စိတ်ပူလို့
ဟာ…မဟုတ်တာ…သားမှာ အဲ့စိတ်မရှိဘူး…ပခုံး (၂)ဖက် ခေါင်းပေါက်ကြတာပဲ…အကုန် တူတူပဲ အဖိုး…သား မတွေ့လဲ အဖိုးခေါ်နော်
ကျေးဇူးတင်ပါတယ် သားရယ်…ခုလို အဖိုးကို လှူဒါန်းပေးတာ ကျေးဇူးပါ
ဟုတ် အဖိုး…မိုးရွာတော့မယ် ပြန်တော့နော်
•အော…အဖိုး ပြုံးရီပြီစက်ဘီးလေး နင်း…ထွက်သွားတာလေး ကြည့်ပြီ…အရာအားလုံးက အဆင့်တန်းမခွဲခြားရင် အကုန် လှပနေရောပဲ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
unicode
☎ 09-5408437
Leave a Reply