ကိုယ်ကြိုက်တဲ့ အရောင်လေးကို ရွေးပီးဖက်ကြည့် သင့်အကြောင်းတွေကွက်တိ…..

ကိုယ်ကြိုက်တဲ့ အရောင်လေးကို ရွေးပီးဖက်ကြည့် သင့်အကြောင်းတွေကွက်တိ…

ခင်ဗျားကတော့ အငယ်တယောက်ဖြစ်နေရင်တောင် တဖက်သားအပေါ် အနိုင်မယူဘူး

အရှိကိုအရှိတိုင်း မြင်တတ်တယ် စာနာတတ်တယ် ကြင်နာတတ်တယ်

ဖြစ်လာမယ့် ဖြစ်တည်မှုတိုင်းကိုလည်း လက်ခံတက်တယ်

တခုခုဆို အကဲမခက်တတ်တဲ့ မင်းက လူတွေကို အရမ်းယုံလွယ်တယ်

ဒါကြောင့်လေ သိမ့်ငယ်နေရတတ်တယ် ဘယ်သူကိုမှ စကားအများကြီး မပြောမဲ့ အရှိကိုအရှိတိုင်း မြင်နိုင်တယ် ကိုယ့်အပေါ် နည်းနည်းလေး ကောင်းပြလိုက်တာနဲ့ ဆယ်ဆ ကောင်းပြတဲ့သူမျိုးပါ

ဒါကြောင့်လည်း လိုသုံးလိုလို အမြဲ အသုံးချခံရတယ် မိသားစုဝင် ကြားမှာလည်း သိပ်ပြီး အချစ်မခံရဖူး အပေါင်းအသင်းကြားမှာလည်း ဦးစားမပေးခံရဖူး

သို့သော် ကိုယ့်ချစ်ရတဲ့ လူတွေ အနားမှာ ရှိရင် ပြည့်စုံနေပီးလို့ တွေးတတ်တဲ့ မင်းလို လူကို အားကျပါတယ်နော်

မင်းက စိတ်ထားကောင်းတဲ့ လူတယောက်ပါ

အပေါ်ယံတွေ များပေမဲ့လည်း စိတ်မပျက်ပဲ စိတ်ရင်းနဲ့ ပေါင်းတက်တဲ့

မင်းစိတ်လေးက သဘောကျဖို့ကောင်းတယ်

တခါတလေ တယောက်တည်း အထီးကျန်ပေမဲ့ပေါ့ပေါ့ပါးပါးနဲ့

ဘဝကိုဖြတ်သန်းတက်တဲ့ လူငယ်တယောက်ပါ ပေါတောတောလေးနေပြီး

လူချစ်လူခင်ပေါတယ် လိုချင်တာ မရရင် ရအောင်ယူတက်သူမျိုးပေါ့

ကိုယ့်တွက်သီးသန့်မဟုတ်ရင် ဘယ်အရာကိုမှ မမက်မောဘူး အစွဲအလန်း ကြီးပေမဲ့ ကိုယ့်မက်မောတဲ့ အရာတွေ မရပဲ ကံဖယ်နေတတ်သူလေးပါ

ဘယ်လိုအခြေအနေပဲရောက်ရောက် ဇွဲမလျော့ပဲ ကိုယ့်Typeကို ယုံကြည်မူရှိရှိ နေတတ်တဲ့ မင်းပုံစံလေးက ချစ်ဖို့ကောင်းပါတယ်

ခင်ဗျားက လူတော်လေးပါ ဘယ်ကိစ္စမဆို ရင်ဆိုင်နိူင်သူပေါ့

အပေါင်းအသင်းကြားမှာလည်း ထူးခြားတယ် အမြဲရှေ့က ရပ်တည်ပေးတယ် ဘာပဲလိုလို ကူညီဖို့ ရှေ့ဆုံးကပဲ လူချစ်လူခင်ပေါတယ် အဲဒီလိုစိတ်ကြောင့် သံယောဇဉ် ကြီးတယ်

ချစ်ရတဲ့ လူတယောက် ကိုယ့်အနားမှာ မရှိတော့ရင်လေ

အားငယ်လွယ်တယ် ခလေးဆန်တယ် ဒေါသလည်းကြီးသလို

တဇွတ်ထိုးလုပ်တတ်တဲ့ မင်းစိတ်ကိုလည်း ပြင်သင့်ပြီ ကလေးရေ

မင်းကတော့ အထူးခြားဆုံးပဲ

စိတ်ရင်းကောင်းသလို မဟုတ်မခံ စိတ်လေးကလေး စိုးမိုးထားတယ်

ကိုယ့်အရှေ့မှာ မတရားတာလေးတွေ တွေ့ရင်လေ ဝင်ပါတတ်တယ်

သူများကိစ္စကိုလည်း ကိုယ့်ကိစ္စဆိုပြီး ပါပါနေတတ်တယ် မိသားစုအပေါ်ကို သိတတ်တယ် သူများကို အမြဲလိုလို ဆရာကြီးလုပ်ရတာ ကြိုက်တယ်

စိတ်ခုစရာတွေ ကြုံလာပေမဲ့ စိတ်မပျက်ပဲ ပျော်ရွာစရာလေးတွေ ကြံဖန်ပီး နေတက်လို့ မင်း စိတ်ဓာတ်လေးကို ချီးကျူးပါတယ်