အရင်လို တပည့်တွေနဲ့ English စာပြန်သင်ချင်တာပေါ့ သားရယ်

အရင်လို တပည့်တွေနဲ့ English စာပြန်သင်ချင်တာပေါ့ သားရယ်

အဖိုး…ခိုစာလေး တပွဲ ဘယ်လောက်လဲ??

တပွဲ – ၁၀၀ ပါ သားရယ်

ဟုတ် အဖိုး…သား ခိုစာကျွေးမယ်နော်…..

အေး…သား ကျွေးလေ…အဖိုး ထည့်ပေးမယ်

အဖိုးရေ…သံပုရာသီးလေးတွေကော ဘယ်လောက်လဲ??

(၃)လုံး – ၁၀၀ ပါ သားရယ်

ဟုတ် အဖိုး…အကုန် ယူမယ်နော်

ကျေးဇူးပါ သားရယ်…မနက်အစောကြီး အများကြီးရောင်းရတာ ဝမ်းသာစရာပဲ

ဟုတ် အဖိုး…ရောင်းတာ ကြာပြီလား??

မကြာသေးပါဘူး သားရယ်…အဖိုး အရင်တုန်းက စာသင်တာ သားရဲ့…ကိုဗစ် စဖြစ်တည်းက စာမသင်ရတော့တာ

အော…အဖိုးက ဘယ်ဘာသာ သင်တာတုန်း??

English ပါ သားရယ်…သင်္ဘောသားတွေ တခြား အိမ်ခေါ်သင်တာတွေရှိတယ်

တယောက်ဘယ်လောက်ယူလဲ အဖိုး??

တယောက်ကို တလ (၅)သောင်းပါ သားရယ်

ဟုတ် အဖိုး…ဒါနဲ့ သား ခိုစာကျွေးတာနဲ့ သံပုရားသီးဖိုး ဘယ်လောက်ကျလဲ အဖိုး??

(၂၀၀၀)ပဲ ပေးပါ သားရယ်🥺…..

ဟုတ် အဖိုး…ရော့ (50,000) Ks… သားအတွက် ဒီတလစာ English စာဖိုးပါ အဖိုး

သားရယ်…အဖိုး ဝမ်းသာလိုက်တာ…အရင်လို တပည့်တွေနဲ့ပဲ English ပြန်သင်ချင်တာ

ဟုတ် အဖိုး…သားလဲ ဆေးခန်းက ကလေးတွေကို English စာ သင်ပေးဖို့ရှိတယ်…မကြာခင် အဖိုး စာပြန်သင်ရမှာပါ

ကျေးဇူးတင်ပါတယ် သားရယ်…စာပဲ ပြန်သင်ချင်တာ

•အော…အဖိုးအဖွားတွေ အရမ်းသနားဖို့ကောင်းတာပဲ…ဝါသနာက စာသင်ချင်ပေမဲ့…ဘဝက စျေးရောင်းနေရတယ်

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437

unicode

























09-5408437