ဇွန်လ 14 .2022 မှ ဇွန်လ 20 ..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

ဇွန်လ 14 .2022 မှ ဇွန်လ 20 ..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနဂၤေႏြ

ဘာမှာထွေထွေထူးထူး ညံ့မနေပေမဲ့ ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အခက်အခဲတွေများနေတတ်ပါ တယ်။အတွေးအခေါ်အယူအဆတွေအစွန်းရောက်နေတတ်ပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် ဒီအပတ်ထဲမှာသူ့ဘက် ကိုယ့်ဘက်မျှတအောင်ကြည့်ဖို့လိုပါတယ်။ အရာရာကိုရှုထောင့်ပေါင်းစုံကကြည့်ပြီးမှဆုံးဖြတ်ဆောင်ရွက်ပါ။ မိတ် ဆွေရင်းတွေကျန်းမာရေးညံ့တာမို့ ငွေအားလူအားနဲ့ကူညီပေးရတတ်ပါတယ်။

ဒီနေ့မှာစိတ်နဲ့လူနဲ့မကပ်ဘဲ ပြောတခြား၊ နားကြားတခြား အလွဲလွဲအချော်ချော်ဖြစ်မည်။ အရေးကြီးတဲ့ စာချုပ်စာတမ်း တွေအသိမ်းလွန်ပြီး ပျောက်ရှမည်။ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေမည်။

လုပ်သမျှ အလုပ်လူသိများသော် လည်း ရလဒ်ကောင်း ထွက်မလာသေးပေ။ လူအင်အား၊ ငွေအင်အား စိုက်ထုတ်လုပ်ဖြစ်မည်။ အလုပ်လျှောက်လျှင် ရလွယ်သည်။

လက်ကားစီးပွားများငွေရသော်လည်း အရင်းထဲပြန်ပါသွား မည်။ အိမ်ထောင်ရေးတွင် မပေါက်ကွဲအောင် သတိဖြင့်နေ နေရမည်။

ကိုယ့်ဘက်က အမှားတွေရှိခဲ့၍ ဆင်ခြင်နေရမည်။ ဆရာ၊ မိဘများနှင့် အဆင်မပြေဖြစ်မည်။ လက်ရှိချစ်သူထက် ပိုမိုချစ်ရမည့်သူ အားကိုးရမည့်သူတွေ့ဖြစ်မည်။
ဒါကြောင့်ပဲလက်ရှိချစ်သူအပေါ်စိတ်မပါ သလိုဖြစ်နေမည်။ စကားများ ရန်ဖြစ်ရင်း ကွဲရတတ်သည်။ ကျန်းမာရေးတွင် စိတ်မငြိမ်၊

အစားအသောက် မမှန်ဖြစ်မည်။ အကျိုးပေးဂဏန်း ( ၁၊ ၃၊ ၀ ) အထူးဟော ကံအင်အားနည်းနေမည်။
ယတြာ တရားဟောဓမ္မကထိကဆရာတော်များအား ဆေးဝါးလှူ၍ ဆုတောင်းပါ။

တနလၤာ

သွားစရာကိစ္စတွေ၊ခရီးအစီအစဉ်တွေ ရက်ရွှေ့ရတတ်ပါတယ်။ချေးငှားထားတဲ့ငွေကြေးကိစ္စတွေအတွက် စကားအခြေအတင်များရတတ်ပါတယ်။စန်းအားကောင်းနေတတ်ပြီး လူချစ်လူခင်များနေတတ်ပါတယ်။

အိမ်မွေး တိရစ္ဆာန်လေးအတွက်ပူပန်ရတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး နှစ်မျိုးနှစ်ခွကိစ္စတွေကြုံရတတ်ပါတယ်။ငွေကံ အားကောင်းပေမဲ့ ဝင်လိုက်၊ပြန်ထွက်သွားလိုက်နဲ့အဖတ်မတင်ဖြစ်ရလိမ့်မယ်။

စာရင်းဇယားများ အကြိမ်ကြိမ် ထပ်ပြင်နေရမည်။ ခရီးသွား၊ ဘုရားဖူး၊ ဟော်တယ်၊ ယာဉ်လုပ်ငန်းများ အောင်မြင်မည်။

ရေမသန့်မှုကြောင့် ဝမ်းပျက်မှု ကြုံမည်။ ညအိပ်မပျော် ဖြစ်မည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးအလုပ်များ အဆင်ပြေမှုတွေ ဆက်တိုက်ဖြစ်မည်။ အချစ်ရေးမှာနုပျိုငယ်ရွယ်သူများ၏ ချစ်မြတ်နိုးမှုကို ရမည်။

ဒါပေမယ့် နှလုံးသားက ချစ်ချင်သော်လည်း အလုပ်ကို ပိုမိုဦးစားပေးနေဖြစ်မည်။အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်၏ အနားမကပ်နိုင်အောင် အလုပ်ကိစ္စ၊လူမှုရေး၊ ဘာသာရေးများနှင့်ရှုပ်နေမည်။

နေအိမ်ရှိ အတူနေသူများအပေါ် စိတ်တိုင်းမကျဖြစ်မည်။ အိမ်ထောင်ဖက်အတွက် အောင်မြင် မှုတစ်ခု ရယူပေးဖြစ်လိမ့်မည်။ ပညာသင်ယူရန် အကောင်းဆုံးအချိန်ဖြစ်သည်။ အခွင့်အရေးများ ရရှိမည်။

သို့သော် ကိုယ့် အလုပ်နှင့် ကိုယ်ရှုပ်နေမည်။ အလုပ်နှင့်ဆိုင်သော ပညာရပ်များ လေ့လာဖြစ်မည်။အကျိုးပေးဂဏန်း ( ၃၊ ၇၊ ၀ )အထူးဟော ကံအကောင်းအဆိုးမျှနေမည်။ယတြာ ဘုရားရှင်အား အဖြူရောင်ပန်းများ လှူ၍ ဆုတောင်းပါ။

အဂၤါ
မိသားစုကိုယ်စီတိုင်း အလုပ်ကိုယ်စီရှိသူများ ဝင်ငွေကောင်းပေမယ့်အဖတ်မတင်ဖြစ်တတ်သည်။ မသိနားလည်သူတို့၏ အတွင်းရေး အရှုပ်ထုပ်များ ဖြေရှင်းပေးနေရမည်။

လုပ်ငန်းသစ်စခြင်း၊ ပြောင်းရွှေ့ရခြင်းများ မပြုလုပ်သင့်ပါ။ သတိနှင့် အေးဆေး သီးသန့်နေသင့်သော အချိန်ဖြစ်သည်။ မိတ်ဆွေတို့၏ အားပေးမှုကို ရမည်။

ကျန်းမာရေးကတော့အပူရှပ်၊ နှာစေးပြီး ကိုက်ခဲ နာကျင်မည်။ မိတ်ကောင်းဆွေကောင်းတွေရဲ့ ကောင်းသောအကူ အညီ တွေ ရလာတတ်ပါတယ်။

မိမိကိုပိုကောင်းတဲ့ လမ်း ကြောင်းကိုပြသပေးနိုင်မဲ့သူတွေနဲ့ကြုံရလိမ့်မယ်။ အလုပ်စီးပွားတွေကောင်းလာလိမ့်မယ်။ ငွေအစုလိုက်ဝင်လာနိုင်မဲ့ လမ်းကြောင်းတွေစတင်ပွင့်ပါလိမ့်မယ်။

သားသမီး အောက်လက်ငယ်သားတွေအတွက် စိတ်ချမ်းသာရမယ်။ ခရီးတို လေးတွေ သွားရတတ်ပါတယ်။

ချစ်သူ ရှိပြီးသူများအပြော မတတ်မှုကြောင့် စိတ်ကောက်သွားတတ်သည်။ အိမ်ထောင်ရေးကတော့အိမ်ထောင်ဖက်၏ အလုပ်အောင်မြင်မှု ဂုဏ်သတင်း ရရှိမည်။

မိမိထက် အစစသာနေမည်။ အိမ်ထောင်ဖက်ကြောင့် ဂုဏ်တတ်မည်။ စားကောင်းသောက်ဖွယ်များကို လက်ဆုံ စားဖြစ်မည်။ သာယာသော အိမ်ထောင်ရေးကောင်း ဖြစ်သည်။

ပညာရေး မှာတော့သင်ယူလိုစိတ်အားနည်းနေမည်။ပညာရေး အထောက်အကူပစ္စည်းများ ပျောက်ဆုံးမည်။ ပညာရေးအတွက် အချိန်များ ရပေမယ့်မိမိကလိုက်မလုပ်ချင်ဖြစ်မည်။

အကျိုးပေးဂဏန်း (၅၊ ဝ၊ ၇ ) အထူးဟော ငွေကိုအသုံးနဲ့ အဖြုန်းနားလည်ပါ။ယတြာ အမဲသား စားသုံးမှုရှောင်ကြဉ်ခြင်းက ဒီအပတ်အတွက်ယတြာပါ။

ဗုဒၶဟူး/ရာဟု

အနည်းငယ်သတိထားစရာများတဲ့ကာလပါပဲ။ အဘက်ဘက်ကနေ သိက္ခာကျစရာကြုံနေတတ်ပါတယ်။ လုပ်ငန်းခွင်မှာတော့ မိမိမသိတဲ့ကိစ္စကို မသိဘူးပြောပါ။ တက်ယောင်ကားမလုပ်ပါနဲ့။

လုပ်မိပါက အပြစ်တွေမိမိ ပေါ်ပုံချခြင်းခံနေရနိုင်ပါတယ်။သားသမီးငယ်တွေရှိရင် ရေကစားခြင်းကို သတိပြုပါ။

မိမိတို့အနားမှာရှိမှသာ ရေကူးတာမျိုး၊ရေကန်နားသွားတာမျိုးကိုခွင့်ပြုပါ။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့လဲ ပုံမှန်လေးပဲ လည်ပတ်နေပါ လိမ့်မယ်။

အိပ်ရေးဝဝအိပ်ပါ။ ဗိုက်နာ၊ဗိုက်အောက်မည်။ ပတ်ဝန်းကျင်ဆူညံသံများကြောင့် စိတ်ညစ်ရမည်။ မိသားစုလုပ်ငန်းများ ငွေဝင်မည်။ မြေယာ၊အဆောက်အအုံ၊ယာဉ်များကောင်းကျိုးပေးမည်။

စာရင်းမှား၍ ငွေစိုက်ရမည်။မရှန်းပါနဲ့။အလုပ်အပေါ်စိတ်နှစ်ထားပါ။ အကျိုးဆောင်နှင့် စပ်တူလုပ်ငန်းများ အကျိုးမပေး ပြဿနာပေါ်မည်။ ဆက်သွယ်ရေးဆိုင်ရာ ခက်ခဲမှုများ ကြုံမည်။ ချစ်သူနှင့် ခဏတာ ခွဲနေရမည်။

လက်ထပ်ရန်ဝေးနေမည်။ လက်ထပ်ဖို့စီစဉ်ပြီးသူများ အခက်အခဲအနည်းငယ်ကြုံမည်။ အိမ်ထောင်ရေးမှာတော့သာယာသော အိမ်ထောင်ရေးဖြစ်မည်။

ဒါပေမယ့်အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည် သို့မဟုတ် ခရီးဝေး ထွက်ခွာရလိမ့် မည်။ အိမ်တွင်းရေး သာယာမည်။ သင်တန်းတွေစုံအောင် လိုက်တတ် နေသော်လည်း လိုက်မမီနိုင်၊ သိလွယ်၊ မေ့လွယ်ဖြစ်မည်။

အကျိုးပေးဂဏန်း (၃၊ ၅၊ ဝ) အထူးဟော အလုပ်များ၊ကိစ္စများနေတတ်သည်။ယတြာ ဘုရားဖူးခရီးထွက်သူများအား အလှူငွေပေးပြီး အဆင်ပြေရာလှူခိုင်းလိုက်ပါ။

ကြာသပတေး

ဒီကာလမျာအရှုပ်ထုပ်များ ရှင်းနေရမည်။ ရန်ပြုခံရမည်။ ခရီးဝေးထွက်ဖြစ်မည်။ သူတစ်ပါး၏ သိမ်းသွင်းမှု ခံရမည်။ ဖခင်ရဲ့လုပ်ငန်းတွေကိုကူညီလုပ်ပေးရင်းကနေမိမိလုပ်ငန်းများလဲ ငွေဝင်မည်။

လက်ဝတ်ရတနာများ ပျောက် ကွယ်၊ ပျက်စီးလွယ်မည်။ သားသမီးတို့၏ အကျိုးကျေးဇူး ခံစားရမည်။ ကျန်းမာရေးကတော့အစာမကြေ၊ ဗိုက်နာ၊ လေပွမည်။ မျက်စိနာမည်။ ဝမ်းချုပ်မည်။

ရေသောက် နည်းမှုကြောင့် ဆိုင်ရာ ရောဂါရလွယ်မည်။ အထူးသဖြင့် အပျော်လွန်တဲ့စိတ်ကိုဖျောက်ပစ်ဖို့လိုပါတယ်။ ငွေကြေးအသုံးအစွဲများနေပြီး မလိုအပ်တာ တွေဝယ်နေမိတတ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အလုပ်များနေလို့ ကျန်းမာရေးကို လျစ်လျူရှုမိရာ ကနေ ရောဂါတွေဝင်လာတတ်ပါတယ်။ အိမ်ပြောင်း နေရာပြောင်း အလုပ်ပြောင်းတွေလဲ ကြုံလွယ်တဲ့ကာလဖြစ်ပါ တယ်။

မထင်မှတ်ဘဲ ရပ်ဝေးခရီးတွေလဲ ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးတွင် တိတ်ဆိတ် ငြိမ်သက်နေမည်။ အိမ်ထောင်ရေးအညံ့အဆိုး မရှိပါ။အိမ်ထောင်ဖက်၏ ကျန်းမာရေးညံ့တတ်သည်။

အချစ်ရေးတွင် လိုက်တမ်းပြေးတမ်း ကစားနေရသလို ဉာဏ်ကို လွှာသုံးနေရမည်။ မိမိဖြစ်ချင်တာတွေပဲဇွတ်ပြောနေလို့မရပါ။ ပညာရေးတွင် လေ့လာရေး ခရီးများ ထွက်ဖြစ်မည်။

အားကစားများသင်ရန်အခွင့်အရေးပေါ်မည်။အကျိုးပေးဂဏန်း ( ၂၊ ၅၊ ၆) အထူးဟော ကျန်းမာရေးဂရုစိုက်သင့်တဲ့နေ့ရက်တွေပါ။ယတြာ သက်ကြီးရွယ်အိုများအား ဆေးဝါးလှူ၍ ဆုတောင်းပါ။

သောကြာ

ကောင်းသောကံတွေပေါ်ထွန်းနေလိမ့်မယ်။ အဘက်ဘက်က အဆင်ပြေမှုတွေကြုံနေရတတ်ပါတယ်။ အလုပ်ကောင်း၊နေရာကောင်းရလာတတ်ပါတယ်။

ငွေကံကောင်းသလို ဝင်သမျှငွေလဲ အထွက်နည်းနေပါလိမ့်မယ်။ အလှူအတန်းကိစ္စတွေကြုံရမယ်။ အလှအပနဲ့ဆိုင်သောအလုပ်များ အားကောင်းလာတတ်ပါတယ်။

အကြွေးတွေပြန် ရလာနိုင်သလို ပေးစရာရှိလဲ ပေးလာနိုင်ပါလိမ့်မယ်။ ဘာသာရေး၊ကုသိုလ်ရေး အလုပ်များအချိန်ပေးလုပ်ဖြစ်နေမည်

။ရောင်းအား၊ ဝယ်အား ကောင်းနေချိန်ဖြစ်သည်။ မြေယာ၊ ဆောက်လုပ်ရေး၊ စက်မှုဆိုင်ရာများ အကျိုးပေးမည်။

အလုပ်သမား အခက်အခဲဖြစ်မည်။အထက်လူကြီး၊ဆရာသမားတွေဆီကအကူအညီရ လွယ်နေမည်။ ကျန်းမာရေးကတော့ဆေးစားမှားမည်။ ကျော်ဘက်အခြမ်း နာကျင်ကိုက်ခဲမည်။ အိပ်မပျော်ဖြစ်မည်။

အိမ်ထောင်ရေးတွင် ရန်ဖြစ်သော်လည်း မယ်နှင့်မောင် တူညီလိုက်ဖက်စွာ အလုပ်လုပ်ဖြစ်မည်။ နှစ်ယောက်လုံးမှ ဝင်ငွေရနေမည်။ မာနချင်းပြိုင်၊ စကားနိုင်လု၊ ငြင်းခုန်ရသော်လည်း အတွဲညီသော အိမ်ထောင်ရေးကာလဖြစ်မည်။

ပညာရေးကြိုးစားချင်စိတ်ရှိနေမည်။ အလုပ်လုပ်ရင်း အွန်လိုင်းကနေပညာသင်ဖြစ်မည်။ အချစ်ရေးမှာတော့စိတ်လေရသော အချစ်ဖြစ်မည်။ အချစ်နှင့်ပတ်သက်၍ သိက္ခာကျခံရမည်။

ကိုယ်ကစချစ်သော်လည်း သူကကိုယ့်ကိုဥပေက္ခာ ပြုထားတတ်ပါတယ်။အကျိုးပေးဂဏန်း ( ၁၊ ၂၊ ၄ ) အထူးဟော ကံမြင့်မားနေမည်။ယတြာ ပရိတ်ပဋ္ဌာန်းတွေမပြတ်ရွတ်ခြင်းဖြင့် ပိုမိုကံကောင်းစေပါလိမ့်မယ်။

စေန
စပ်တူအကျိုးဆောင် လုပ်ငန်းများ လုပ်ဖြစ်မည်။ ခရီးသွား၊ ဟိုတယ်၊ အနုပညာလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်း မည်။ သားသမီးနှင့် အသိပညာရှိမှု၊မိဘအပေါ် သိတတ်မှုများကြောင့

စိတ်ချမ်းသာရတတ်ပါသည်။လူချစ် လူခင်များတဲ့ကာလဖြစ်တာကြောင့် ကူညီမဲ့သူပေါများနေတတ် သည်။ စုတ်အားကောင်းနေတာမို့ အိမ်ထောင် သည်ဆို ထိန်းသိမ်းဖို့လိုပါတယ်။

အလုပ်ပိုတွေများနေပြီး အကူအညီ လာတောင်းသူတွေများနေတတ်ပါတယ်။ ကျန်းမာရေးကတော့နုပျိုလန်းဆန်း သော အချိန်ဖြစ်သည်။ အိပ်ပျော် အစားအသောက်ကောင်း နေမည်။

များသောအားဖြင့် ကျန်းမာရေးကောင်းနေမည်။ အမျိုး သမီးများ အလှကုန်ပစ္စည်းအသစ်များစတင်မသုံးသင့်တဲ့ကာ လဖြစ်ပါတယ်။ ဒီကာလအတွင်းခရီးတွေဆက်နေမည်။

ခရီးမများပါကရပ်ဝေးကဧည့်သည်များ ရောက်လာမည်။ အိမ်ထောင်ရေးတွင် မျက်နှာချင်းဆိုင်တိုင်း စကားများ ရန်ဖြစ်ရမည်။

နှစ်ယောက်စလုံး မာနချင်းပြိုင် ငြင်းဖြစ်မည်။ အချစ်ရေးတွင် ငယ်ရွယ်နုပျိုသူကိုမှ ချစ်နေမိမည်။ ပြန်ချစ်ခံရမည်။

မိမိ တပည့်လက်သားကို ပညာသင် ပေးရာမှ ချစ်စိတ်ဝင်လာလိမ့်မည်။ ပညာရေးမှာတော့ပညာသင်ကြားရန် အကောင်းဆုံး အခွင့်အရေး ရလာမည်။ သင်္ချာအားနည်းမည်။

လက်တွေ့ ဆိုင်ရာ ဘာသာရပ်များ ထူးချွန်မည်။အကျိုးပေးဂဏန်း ( ၃၊ ၆၊ ဝ) အထူးဟော စိတ်ချမ်းသာပျော်ရွှင်ရတတ်သည်။ ယတြာ မွေးနံထောင့်မှ ဘုရားအား ရေသပ္ပာယ်၍ ဆုတောင်းပါ။

ရရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာအောင်သိုက်

Credit – Original Writer