ပန်းချီနဲ့ ကိုမိုးမာန်တို့ အဖွဲ့ ဖွင့်လှစ်ထားတဲ့ ဒီအခမဲ့ ဆေးခန်းနဲ့ အခမဲ့ ထမင်းဆိုင်လေး မှာ အဆင်မပြေတဲ့ သူတိုင်း သွားရောက်စားသုံး ပီး ကျန်းမာရေးနဲ့ ပတ်သတ်တာတွေ အခမဲ့ ကုသလို့ရပါတယ်။
လှူကြောင်း အမြဲပိုစ့်မတင်မိတာကလွဲလို့ ဖွင့်ထားတာ နည်းနည်းကြာပြီဖြစ်တဲ့ ဒီဆိုင်လေးက တောင်ဒဂုံက (၇) ရက်သားသမီးတော်တော်များများ သိကျမှာပါ အစက အလှူခံပုံးလေးလုပ်ထားပေမယ့် စားသွားကျတိုင်း၂၀၀/၁၀၀က လွှဲလို့ ပိုမထည့်သွားကျပါဘူး။
(အခမမဲ့မဟုတ်ပဲ ပေးချင်သလောက်ပေးတုန်းက) ရေရှည်ရပ်တည်ဖို့ အတော်ရုန်းကန်ရပါတယ် သို့သော် ပိုအဆင်ပြေစေချင်တဲ့စိတ်နဲ့ ဒီရက်ထဲ အစ်ကို့တိုင်ပင်မှုနဲ့ အခမဲ့စားသုံးလို့ရပါတယ်။
ဆေးခန်းကတော့ အမြဲအခမဲ့ပါပဲ တချို့ ပိုစ့်တွေဟာ လိုအပ်မှတင်တတ်တဲ့ အကျင့်ကြောင့် ဒီအသင်းလေးဟာ ရုန်းကန်ရင်း လှူရင်း ရပ်တည်လာခဲ့တာပါပဲ လေးစားလျက် ကိုမိုးမာန်။
လစဉ် ဘုရားဖူးမရောက်ဖူးတဲ့ သက်ကြီးရွယ်မိုတွေကို လစဉ် အလှည့်ကျ ဘုရားဖူးလိုက်ပို့ဖို့ ကားတစ်စီးအတွက်လဲ ကြိုးစားပေးလျက်ပါ။
တည်နေရာ တောင်ဒဂုံ ၅၆ ရပ်ကွက် ပုဂံလမ်းမကြီးပေါ် ဝနဝါသီဘုန်းကြီးကျောင်းရှေ့
unicode
Leave a Reply