သင့်လက်ချောင်း ပုံသဏ္ဍန်လေးတွေက ပြောပြမယ့် သင့်အကြောင်း

ဒီတစ္ပတ္မွာ လက္ေခ်ာင္းပံုသ႑န္ေလးေတြ ကတစ္ဆင့္ လူတစ္ေယာက္ရဲ႕ ကုိယ္ရည္ကိုယ္ေသြးေတြကို ေလ့လာတဲ့ အေၾကာင္းကို ဂႏၳဝင္မဂၢဇင္းမွ တင္ဆက္သြားမွာ ျဖစ္ပါတယ္။

ေအာက္ဖက္မွာေတာ့ ပံုသ႑န္အမ်ိဳးမ်ိဳးနဲ႔ လက္ပံုစံေတြန႔ဲ တစ္ပံုခ်င္းစီကို ကုိယ္စားျပဳတဲ့ လူတစ္ေယာက္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးေလးေတြကို ေဖာ္ျပထားပါတယ္။

ကဲ ဂႏၳဝင္ရဲ႕ ပရိသတ္ၾကီးလည္း မိမိတို႔လက္ေလးေတြကို ခံုေပၚတင္ျပီး လက္ေခ်ာင္းေလးေတြက ေျပာတဲ့ ကိုယ့္အေၾကာင္းေလးေတြ ျပန္တိုက္ၾကည့္ဖို႔ အခုပဲ စမ္းၾကည့္လုိက္ရေအာင္။ ဤေဆာင္းပါးကို ဂႏၲဝင္ မဂၢဇင္းမွ ေရးသားတင္ဆက္ျခင္း ျဖစ္သည္။

၁။ အထက္ေဖာ္ျပပါ (A) ပံုထဲကအတိုင္း လက္သူၾကြယ္က လက္ညွဳိးထက္ ရွည္တဲ့ လက္ေခ်ာင္းပိုင္ရွင္ေတြဟာ စဲြေဆာင္မႈရွိျပီး ခ်စ္ခင္ႏွစ္သက္ဖြယ္ ေကာင္းသူေတြ ျဖစ္ၾကပါတယ္။

သူတို႔ဟာ ျပႆနာေျဖရွင္းရာမွာ တဖက္ကမ္းခတ္ ကြ်မ္းက်င္တာေၾကာင့္ အေျခအေနတိုင္းကို အေကာင္းဆံုး ရပ္တည္ႏိုင္ၾက သူေတြပါ။ တစ္ခုခုဆို စိတ္ထဲ သိုဝွက္ထားတာထက္ ရင္ဆိုင္ေျဖရွင္းရတာကို ႏွစ္သက္ၾကတယ္။

သူတို႔ဟာ ဘာပဲလုပ္လုပ္ ကိုယ္ခ်င္းစာတရား လက္ကိုင္ထားတတ္ၾကတယ္။ မ်ားေသာအားျဖင့္ ဒီလိုလက္ပိုင္ရွင္ေတြဟာ သိပၸံပညာရွင္၊ အင္ဂ်င္နီယာ၊ စစ္သားေတြနဲ႔ ပေဟဋိကြ်မ္းက်င္သူေတြ ျဖစ္ၾကပါတယ္။

၂။ ပံု (B) မွာ ျပထားတဲ့ အတိုင္း လက္ညိွဳးက လက္ခလယ္ထက္ ပိုရွည္ေနတဲ့ လက္ေခ်ာင္းပိုင္ရွင္ေတြဟာ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ အျပည့္ရွိျပီး အလုပ္လုပ္တဲ့အခါ အဆံုးသတ္သည္အထိ တာဝန္ယူ လုပ္ေဆာင္တတ္ၾကပါတယ္။

သူတို႔ဟာ လူေတြန႔ဲ မေရာယွက္ဘဲ သီးျခား ရပ္တည္ရတာကို သေဘာက်ၾကတယ္။ သူတို႔ေလွ်ာက္လွမ္းမယ့္ ပန္းတိုင္ဆီ ဘယ္ေလာက္အခက္အခဲ အတားအဆီးမ်ားမ်ား ဇဲြၾကီးၾကီးနဲ႔ ေလွ်ာက္လွမ္းတတ္ၾကသူေတြပါ။

ကိုယ့္မွာရွိတဲ့ အရာေတြကို တန္ဖိုးထားသလို တစ္ခါတစ္ေလမွာေတာ့ အသစ္အသစ္ေတြကို ရွာေဖြလိုၾကတယ္။

၃။ ပံု (C ) မွာ ျပထားသလို လက္ညွိဳးနဲ႔ လက္သူၾကြယ္ အရြယ္အစားညီေနတဲ့ လက္ေခ်ာင္းပိုင္ရွင္ေတြကေတာ့ နားေအးပါးေအး ေနတတ္ၾကသူေတြပါ။ သူတို႔ဟာ အဆင္မေျပမႈ၊ ပဋိပကၡေတြကို မလိုလားၾကပါဘူး။

ေပါင္းသင္းဆက္ဆံေရး ေကာင္းသူေတြ ျဖစ္သည့္အားေလ်ာ္စြာ လူေတြနဲ႔ ရင္းနီ ခင္မင္ရတာကို ႏွစ္သက္ၾကပါတယ္။ ခ်စ္သူအေပၚ အရမ္းသစၥာရွိျပီး ေႏြးေထြး ၾကင္နာတတ္သူေတြပါ။

သို႔ေပမယ့္ သူတို႔တကယ္ ေဒါသထြက္ ေပါက္ကဲြျပီဆိုရင္ေတာ့ ေၾကာက္စရာ ေကာင္းလြန္းလွပါတယ္။ ဒါေၾကာင့္ သူတို႔ သည္းခံႏိုင္တဲ့ အတိုင္းအတာ တစ္ခုေက်ာ္သြားေအာင္ေတာ့ အမွားမလုပ္မိဖို႔ လိုအပ္ပါတယ္။

ကဲ… စာဖတ္ပရိသတ္ၾကီးရဲ႕ လက္ေခ်ာင္းေလးေတြကေရာ ဘယ္ အညႊန္းပံုေလးကို ကိုယ္စားျပဳပါလိမ့္။ တိုက္ဆိုင္တာေလးေတြရွိခဲ့ရင္ ကိုယ့္ထင္ျမင္ယူဆခ်က္ေတြနဲ႔ Comment Box ကတစ္ဆင့္ မွ်ေဝေပးၾကပါအံုးေနာ္။

သေဘာက် ႏွစ္သက္ခဲ့ရင္ Share ဖို႔မေမ့နဲ႔ေနာ္။

unicode

ဒီတစ်ပတ်မှာ လက်ချောင်းပုံသဏ္ဍန်လေးတွေ ကတစ်ဆင့် လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို လေ့လာတဲ့ အကြောင်းကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အောက်ဖက်မှာတော့ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ လက်ပုံစံတွေနဲ့ တစ်ပုံချင်းစီကို ကိုယ်စားပြုတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ဖော်ပြထားပါတယ်။

ကဲ ဂန္ထဝင်ရဲ့ ပရိသတ်ကြီးလည်း မိမိတို့လက်လေးတွေကို ခုံပေါ်တင်ပြီး လက်ချောင်းလေးတွေက ပြောတဲ့ ကိုယ့်အကြောင်းလေးတွေ ပြန်တိုက်ကြည့်ဖို့ အခုပဲ စမ်းကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ အထက်ဖော်ပြပါ (A) ပုံထဲကအတိုင်း လက်သူကြွယ်က လက်ညှိုးထက် ရှည်တဲ့ လက်ချောင်းပိုင်ရှင်တွေဟာ စွဲဆောင်မှုရှိပြီး ချစ်ခင်နှစ်သက်ဖွယ် ကောင်းသူတွေ ဖြစ်ကြပါတယ်။

သူတို့ဟာ ပြဿနာဖြေရှင်းရာမှာ တဖက်ကမ်းခတ် ကျွမ်းကျင်တာကြောင့် အခြေအနေတိုင်းကို အကောင်းဆုံး ရပ်တည်နိုင်ကြ သူတွေပါ။ တစ်ခုခုဆို စိတ်ထဲ သိုဝှက်ထားတာထက် ရင်ဆိုင်ဖြေရှင်းရတာကို နှစ်သက်ကြတယ်။

သူတို့ဟာ ဘာပဲလုပ်လုပ် ကိုယ်ချင်းစာတရား လက်ကိုင်ထားတတ်ကြတယ်။ များသောအားဖြင့် ဒီလိုလက်ပိုင်ရှင်တွေဟာ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ၊ စစ်သားတွေနဲ့ ပဟေဋိကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။

၂။ ပုံ (B) မှာ ပြထားတဲ့ အတိုင်း လက်ညှိုးက လက်ခလယ်ထက် ပိုရှည်နေတဲ့ လက်ချောင်းပိုင်ရှင်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု အပြည့်ရှိပြီး အလုပ်လုပ်တဲ့အခါ အဆုံးသတ်သည်အထိ တာဝန်ယူ လုပ်ဆောင်တတ်ကြပါတယ်။

သူတို့ဟာ လူတွေနဲ့ မရောယှက်ဘဲ သီးခြား ရပ်တည်ရတာကို သဘောကျကြတယ်။ သူတို့လျှောက်လှမ်းမယ့် ပန်းတိုင်ဆီ ဘယ်လောက်အခက်အခဲ အတားအဆီးများများ ဇွဲကြီးကြီးနဲ့ လျှောက်လှမ်းတတ်ကြသူတွေပါ။

ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားသလို တစ်ခါတစ်လေမှာတော့ အသစ်အသစ်တွေကို ရှာဖွေလိုကြတယ်။

၃။ ပုံ (C ) မှာ ပြထားသလို လက်ညှိုးနဲ့ လက်သူကြွယ် အရွယ်အစားညီနေတဲ့ လက်ချောင်းပိုင်ရှင်တွေကတော့ နားအေးပါးအေး နေတတ်ကြသူတွေပါ။ သူတို့ဟာ အဆင်မပြေမှု၊ ပဋိပက္ခတွေကို မလိုလားကြပါဘူး။

ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေ ဖြစ်သည့်အားလျော်စွာ လူတွေနဲ့ ရင်းနီ ခင်မင်ရတာကို နှစ်သက်ကြပါတယ်။ ချစ်သူအပေါ် အရမ်းသစ္စာရှိပြီး နွေးထွေး ကြင်နာတတ်သူတွေပါ။

သို့ပေမယ့် သူတို့တကယ် ဒေါသထွက် ပေါက်ကွဲပြီဆိုရင်တော့ ကြောက်စရာ ကောင်းလွန်းလှပါတယ်။ ဒါကြောင့် သူတို့ သည်းခံနိုင်တဲ့ အတိုင်းအတာ တစ်ခုကျော်သွားအောင်တော့ အမှားမလုပ်မိဖို့ လိုအပ်ပါတယ်။

ကဲ… စာဖတ်ပရိသတ်ကြီးရဲ့ လက်ချောင်းလေးတွေကရော ဘယ် အညွှန်းပုံလေးကို ကိုယ်စားပြုပါလိမ့်။ တိုက်ဆိုင်တာလေးတွေရှိခဲ့ရင် ကိုယ့်ထင်မြင်ယူဆချက်တွေနဲ့ Comment Box ကတစ်ဆင့် မျှဝေပေးကြပါအုံးနော်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။