“တိုင်းပြည် သေဒဏ်သင့်နေသဖြင့် ယနေ့ ဘုရားပိတ် သည်”

“တိုင်းပြည် သေဒဏ်သင့်နေသဖြင့် ယနေ့ ဘုရားပိတ် သည်” စာတန်း ရွှေတိဂုံဘုရားမုခ်ဦးဝ၌ ချိတ်ဆွဲ

ဧရာဝတီ၊ ဇွန် ၁၂၊ ၂၀၂၂

ယနေ့ နံနက်စောစောတွင် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော် စောင်းတန်းမုခ်ဦးဝ၌ “တိုင်းပြည် သေဒဏ်သင့်နေသဖြင့် ယနေ့ ဘုရားပိတ်သည်” ဆိုသည့် စာတန်းအား ရန်ကုန်လူထုသပိတ်မှ ချိတ်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုနှင့်အတူ ဇွန်လ ၁၃ ရက်တွင် ကျရောက်မည့် နယုန်လပြည့်နေ့၌ ဘုရားစေတီပုထိုးများသို့ သွားရောက် ဖူးမျှော်ခြင်းမပြုဘဲ ဘုရားရင်ပြင်တော်ပေါ်၌ တိတ်ဆိတ်ခြောက်ခြားစေခြင်းဖြင့် စစ်အာဏာရှင်ကို သပိတ်မှောက် ဆန္ဒထုတ်ဖော်ကြရန် ရန်ကုန်လူထုသပိတ်က ပြည်သူများအား တိုက်တွန်း နှိုးဆော်ခဲ့ကြသည်။

ဓာတ်ပုံ- YRF

unicode




