မြင်တဲ့သူတိုင်း ထိတ်လိန့်သွားရမယ့် ဘုရင့်နောင်ခုံးကျော်တံတား အက်ကွဲမှု ဓာတ်ပုံများ…

ယနေ့ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကတော့ ဘုရင့်နောင် ခုံးကျော်တံတားရဲ့ လက်ရှိအခြေအနေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ ဘုရင့်နောင် ခုံးကျော်တံတားကြီး ကွဲအက်ပျက်စီးနေပုံကို တွေ့ရပါတယ်။

၂၀၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဘုရင့်နောင် ခုံးကျော် တံတားကြီးဟာ ဆယ်နှစ် မပြည့်ခင်မှာဘဲ ဒီလိုတွေ ဖြစ်လာတာကြောင့် လူအများက ထိတ်လန့် အံ့အားသင့်နေကြတာ ဖြစ်ပါတယ်။

ဘုရင့်နောင်နှစ်ထပ်ခုံးကျော် တံတားမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဖြင့် လေးဖက် ဦးတည်ကာ တည်ဆောက်ထား ပြီး အရှေ့အနောက်ဦးတည်သော တံတား မှာ သမိုင်းဘူတာရုံခုံးကျော်တံတားနှင့် ဆက်သွယ်တည်ဆောက်ထားပြီး အဆိုပါ အရှေ့အနောက် ဦးတည်ခုံးကျော်တံတားသည် တောင်မြောက်ဦးတည် ခုံးကျော်တံတားအား ဖြတ်ကျော်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

အရှေ့အနောက်ဦးတည်ခုံးကျော်တံတား၏ အရှည်မှာ ၁,၉၆၉ ပေဖြစ်ပြီး ခံနိုင်ရည် တန်၆၀ နှင့် တောင်မြောက်ဦးတည် ခုံးကျော်တံတား၏ အရှည်မှာ ၁,၄၄၄ ပေဖြစ်ပြီး ခံနိုင်ရည် တန် ၇၅ ဖြစ်ကာ RC concrete တံတားအမျိုးအစားဖြစ် ကာ ရှစ်လမ်းသွား ခုံးကျော်တံတားဖြစ်ပါတယ်။

ယင်း ဘုရင့်နောင်ခုံးကျော်တံတားကြီး များသည် ရှစ်လမ်းသွားဖြစ်တာကြောင့် မော်တော်ယာဉ်အသေးစား၊ ဘတ်စ်ကားများနှင့် ကုန်တင်ကားများ ပါ ဖြတ်သန်းသွားလာနိုင်တာ ဖြစ်ပါတယ်။

ယခု အက်ကွဲလာတဲ့ နေရာတွေက တံတားဘေးဘောင်ကပဲ ဖြစ်တာလား၊ တံတားရဲ့ အတွင်းမှာ ဘယ်လောက် အခြေအနေဆိုးနေလဲဆိုတာ တတ်ကျွမ်းတဲ့ပညာရှင်တွေအနေနဲ့ အမြန်စစ်ဆေးသင့်ပြီ ဖြစ်ပါတယ်။

ဆယ်နှစ်တောင် မပြည့်သေးတဲ့ တံတားတစင်းအနေနဲ့ ယခုလို အက်ကွဲလာတာ မဖြစ်သင့်ကြောင်း၊ တည်ဆောက်စဉ်က အရည်အသွေးကို ခိုပြီး တည်ဆောက်ခဲ့တာ ဖြစ်နိုင်ကြောင်း၊ ဦးသိန်းစိန် ခေတ် ဖြစ်တာကြောင့် ဖြတ်စား လာဘ်စား ဘယ်လောက် လုပ်ခဲ့တယ်ဆိုတာ မှန်း မရကြောင်း ပြည်သူတွေက မှတ်ချက် ပေးနေကြပါတယ်။

မြို့တော် အင်္ဂါရပ်နဲ့ မညီညွတ်တဲ့ အဆိုပါ အက်ကွဲပျက်စီးနေမှုတွေကို အမြန်ဆုံး ပြုပြင်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။