ရင်ထဲ ပျော်လိုက်တာ…တွံ့တေးပြန်ရမှာ…ခု အစောကြီး ပြန်ရပြီ
ညနေ လက်ဖက်ရည်သောက်မလို့…ဆိုင်အဝင်နား အရောက်
`သားလေးရယ်…အမေကြီးကို အားပေးပါအုံး’ ဆိုပြီ…ရယ်ပြနေတဲ့ အမေကြီး မျက်နှာလေး
ဟုတ် အမေ…ဘယ်လိုရောင်းတုန်း ဗျ??
သပြေ (၁)ခက် – ၂၅၀ကျပ်ပဲ ပေးပါ…
နှင်းဆီကကော အမေကြီး ??
တစည်း – ၇၀၀ကျပ်ပဲပေးပါ သားရယ်
ဟုတ်ကဲ့…အမေကြီးက အသက်ဘယ်လောက်ရှိပြီလဲ?? ဘယ်ချိန်တည်းက ရောင်းတာလဲ??
(၆၅)နှစ်ကျော်ပါပြီ…မနက်မိုးလင်းတည်းက ထိုင်ရောင်းတာပါ သား
ဟုတ် အမေကြီး…နှင်းဆီတွေ အကုန်ယူမယ် ဗျာ
ဝမ်းသာလိုက်တာ…အရမ်းပျော်တာပဲ…သားရယ် သပြေလေးပါ ယူပါလား…အမေကြီး အိမ်ပြန်ချင်လို့ပါ
အမေကြီး အိမ်က ဘယ်မှာတုန်း??
တွံ့တေးမှာပါ သားရယ်…
ဟာ…အဝေးကြီး…ဒါဆို သပြေတွေ ကုန်မှ ပြန်မှာပေါ့??
ဟုတ်…အမေကြီး ဒါတွေကုန်မှ ပြန်လို့ရမှာ
ကဲ…သပြေပါ ယူမယ် ဗျာ…နှင်းဆီကော သပြေကော အမေကြီး စည်းပြီ တွက်ကြည့်ပေးနော်
သား နှင်းဆီ တသောင်း…သပြေ တသောင်းပဲ ပေးပါ သားရယ်
ရော့…အမေကြီး (50,000) Ks…..
ဟာ…သား ပိုက်ဆံတွေ အများကြီးပဲ…ပိုနေတယ် သားလေး
ပိုနေတာ အမေကြီး ကြိုက်တာ သုံးပါ
အမေကြီး ရင်ထဲ ဘယ်လိုပျော်မှန်းမသိဘူး…အရမ်း ဝမ်းသာတာပါ…အမေကြီး တွံ့တေးပြန်ချင်နေတာ…ခု ပြန်လို့ရပြီ…
သားပေးတာလေးနဲ့လဲ…တွံ့တေးက အိမ်လေး မိုးယိုတာ အမိုး မိုးလို့ရပြီ…အမေကြီး ဒီနေ့ မိုးချုပ်မှ မပြန်ရတော့ဘူး…အရမ်း ပျော်တာပဲ သားရယ်
ဒီလို အကုန် ရောင်းကုန်ပြီ…အိမ်ပြန်ရတာ ဒါ ပထမဆုံးပဲ သားရယ်
ဟုတ် အမေကြီး…ဂရုစိုက်ပြီပြန်ပါနော်…
အမေကြီး သားကို သေတဲ့ထိ မမေ့ဘူး…သတိရတိုင်း ဆုတောင်း ပေးနေမယ်…အမေကြီးသားလေးကို
•အော…ပစ္စည်း အကုန် ရောင်းရပြီ အိမ်အစောကြီး ပြန်ဖူးတာ ပထမဆုံးပဲတဲ့…နေပူမိုးရွာ တနေကုန်ရှာဖွေစားသောက်နေရတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေ အများကြီးပါလား
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
#ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
Leave a Reply