ရေကြည်နယ်တွင် ရှေ့ဟောင်းဘုရားများ တွေ့ရှိ…
Credit… Post & All Photos
ပြန်လည်မျှဝေပါသည်။
Sai Min Thant
unicode
ရေကြည်နယ်တွင် ရှေ့ဟောင်းဘုရားများ တွေ့ရှိ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကက္ကူကြီးကျေးရွာမှာ ဇွန် ၇ ရက် မနက်ပိုင်းက ရှေ့ဟောင်းစေတီ ၉ ဆူကို ပြန်လည်ပြုပြင်ဖို့ စေတီပတ်လမ်းဖောက်လုပ်ရာမှာ ရှေးဟောင်းရုပ်ပွားတော်တွေ တွေ့ရှိခဲ့ပါတယ်။
“အလှူရှင်တွေက ဘုရားကိုလာကြည့်တော့ ပြန်လယ်ပြုပြင်မယ်ဆိုပြီး လိုင်းတူးတာမှာ ဘုရားတွေ တွေ့ရှိတာဖြစ်တယ်”လို့ ကက္ကူကြီးကျေးရွာ ရာဇသေန ဆုတောင်းပြည့်ကျောင်းတိုက်ဆရာတော်က မိန့်ကြားပါတယ်။
တွေ့ရှိတဲ့ ရှေးဟောင်းရုပ်ပွားတော်တွေဟာ ၁၁ ဆူလောက်ရှိပြီး မမြင်ဘူးတဲ့ ဘုရားတွေလည်း ပါတယ်လို့ဆိုပါတယ်။
အဲဒီရုပ်ပွားတော်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော်လောက်က ရုပ်ပွားတော်တွေ ဖြစ်နိုင်တယ်လို့လည်း ရပ်မိရပ်ဖ ဦးဖိုးထွားက ပြောပါတယ်။
တူးဖော်တွေ့ရှိတဲ့ ဘုရားရုပ်ပွားတော်တွေကို ပြည်သူတွေ ဖူးမြော်နိုင်အောင် ကက္ကူကြီးကျေးရွာ ရာဇသေန ဆုတောင်းပြည့်ကျောင်းတိုက်ကြီးမှာ စီစဉ်ထားတယ်လို့ သိရပါတယ်။ ။
Credit… Post & All Photos
🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ
ပြန်လည်မျှဝေပါသည်။
Sai Min Thant