မိန်းကလေး များသို့ စကားလက်ဆောင်”
မိန်း က လေး ~~~ရေ….
ငယ်ရွယ်နုပျိုချိန်တွေဟာ သိပ်ကိုတန်ဖိုးရှိပါတယ်”
ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးထဲမှာပဲ မနေဘဲတစ်ခြားကမ္ဘာတစ်ခုမှာ ဘယ်လိုလူ တွေ ဘယ်လိုကြိုးစားရုန်းကန်နေကြသလဲ စူးစမ်းလေ့လာ ကြည့်ပါ။
ဖျတ်လတ်တဲ့ အရွယ် အပင်ပန်းခံနိုင်တဲ့ အချိန်မှာကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ပတ်ဝန်းကျင်နဲ့ ထိတွေ့ပါ။
မိန်း က လေး ~~~ ရေ…
သူများနဲ့ယှဉ်တိုင်း အရှိဂုဏ် မမီလို့ ဝမ်းမနည်း ပါနဲမိန်း ကလေး ဆိုတာ အသိပညာ ဗဟုသုတ တွေဖြတ်ထိုး ဥာဏ်ရှိဖို့ကတာ အရေးကြီး လိုအပ်တယ်”
စာအုပ် စာပေ များစွာ ဖတ်ပါ။ စာအုပ် တွေထဲမှာ ကိုယ် ဘာကိုလိုချင်လဲ ဘာတွေ သိချင်လဲ ရှာကြည့်ပါ။
လောကဓံ အမျိုးမျိုးနဲ့ ကြုံရတဲ့ အခါ ကြံခိုင်သန်မာပြီး…
ဖျတ်လတ် တက်ကြွမှု ရှိဖို့ ခွန်အားဖြည့် စာအုပ်တွေဖတ်ပါ။
မိန်း က လေး ~~~ရေ….
လူ တစ်ယောက် ကို မယိမ်း မယိုင် ရပ်တည်စေနိုင်တဲ့အချစ်တစ်ခု ရှိတယ် အဲဒါ ကိုယ့်ကုိကိုယ် ချစ်တတ်ခြင်းပဲ။
ကိုယ့် ကိုယ်ကုိယ် ချစ်တဲ့အတွက် ကြောင့် ကိုယ့်ကိုနာကျင်စေမယ့် လမ်းကို ဘယ်တော့မှ မရွေးချယ် ဘူး”
ဂုဏ်သိက္ခာ ကို အထင်အမြင်သေး ပျက်ပြား စေတဲ့အလုပ်တွေကို ရှောင်ရှားပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ရှိတဲ့ မိန်းကလေး တစ်ယောက် ဖြစ်အောင် နေထိုင် တတ်ခြင်းပါပဲ”
မိန်း က လေး ~~~ ရေ…
တန်ဖိုး ရှိတဲ့ မိန်းကလေး ဆိုတာ ဥစ္စာပစ္စည်း ပြည့်စုံခြင်းမပြည့်စုံခြင်း ၊ ပညာတတ်ခြင်း မတတ်ခြင်း နဲ့ မဆိုင်ပါဘူး။
ရုပ်လှတာ မလှတာ နဲ့လည်း ခွဲခြားလို့ မရနိုင်ပါဘူး”
လူ သားအချင်းချင်း စာနာတတ်တဲ့ သူ စိတ်ထားလှတဲ့ သူကိုယ့်ဣနြေ္ဒလေးနဲ့ကိုယ် အရာရာ တန်ဖိုးထားတတ်တဲ့ သူလှပတဲ့ ချစ်ခြင်းတွေနဲ့ ကိုယ့် ဘဝကြီး ကိုရောကိုယ့်ကို ချစ်တဲ့ သူတွေနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံး ကိုပါအလှတရားတွေ နဲ့ လှသထက် လှအောင် တည်ဆောက်ပေးနေခြင်း ဟာ တန်ဖိုး ရှိတဲ့ မိန်းကလေး တစ်ယောက်ပါပဲ”
မိန်း က လေး ~~~ ရေ…
တကယ်တော့ ကိုယ့်ကိုကိုယ် အရောင်တင်တဲ့မိန်းကလေး တွေတာ တောက်ပ တဲ့ အရောင်ထွက် တာပါ။
ဇိမ်ဘယ်လောက် ရှိရှိ အမှီအခို ဘဝမျိုးကို မမက်မောပါနဲ့ ကိုယ့်အားကိုယ် ကိုးပြီး လှပစွာ ရှင်သန်ပါ မိန်းကလေး..ရေ”
မေတ္တာများစွာဖြင့်
💙 ခိုင်(အညာမြေ) Z. M. Khaing💙
Leave a Reply