ဟာ…မိုးရွာလို့ စျေးဦးမပေါက်သေးတာ…ခုတော့ အိမ်ပါ ပြန်ရပြီ
အသက် (၈၀)ကျော် အဖိုးတယောက် မိုးရေထဲ ထီးမပါ မိုးကာလေးဖြင့်…ဘာတွေလဲ မသိ ထိုင်ရောင်းနေတာ တွေ့လိုက်မိ
အဖိုး ဘာတွေရောင်းတာတုန်း ??
ဗန်ဒါစေ့တွေပါ သားရယ်…
ရောင်းကောင်းလား…ဘယ်လိုရောင်းတုန်း ဗျ ??
ခုနကမှ ရောက်တာ သားရယ်…မိုးတွေရွာနေလို့ စျေးဦးမပေါက်သေးပါဘူး သားရယ်
တထုပ် (၃၀၀)ကျပ်ပါ သား…ဗူးက တဗူး (၃,၀၀၀)ကျပ်ပါ သား
ဟူတ် အဖိုး…အထုပ်က ဘယ်နှထုပ်ရှိလဲ…ဗူးကကော ??
ဗူးကတော့ (၅)ဗူး ရှိတယ် သား…အထုပ်ကတော့ အများကြီးပဲ သား
အဖိုး…မိုးတွေ ရွာနေပြီ အိမ်ပြန်ချင်လား??
ပြန်ချင်တာပေါ့ သားရယ်…ဒါလေးတွေ ရောင်းရအုံးမှာ…အိမ်လခ ပေးဖို့ရှိသေးတယ်…ဒါလေးတွေ ရောင်းရအုံးမှာ
ကဲ…အိမ်ပြန်ချင်ရင် ပြန်ရမယ်ဗျာ…သား အားလုံး ယူမယ်…အထုပ်လေးတွေ တူတူ တွက်ကြမယ်နော်
အဖိုး…အထုပ်က (၄၀)ထုပ်ရှိတယ်…ဗူးက (၅)ဗူးနော်…စုစုပေါင်း (27,000 Ks) ကျတယ်နော်
ရော့ အဖိုး 50,000 Ks (၅ထောင်တန်လေး အထပ်လိုက်ပေးတော့)
ဟာ…သားလေး ပိုက်ဆံတွေ ပိုနေတယ်…အဖိုး ဘယ်လောက် ပြန်အမ်းရမှာလဲ
ပိုနေတာလား…ပိုနေရင် အဖိုး အိမ်လစာအတွက် ပေးလိုက်လေနော်
အမ်…ကျေးဇူးတင်ပါတယ် သားလေးရယ်…ခုနပဲ ရောက်တယ်…မိုးရွာလို့ မရောင်းရဘူး ထင်တာ…ခု အိမ်ပြန်ရပြီ
ဟုတ် အဖိုး သား သွားပြီနော်…ဂရုစိုက်ပြန်ပါနော်
သား…သား ထီးကျန်ခဲ့တယ် (လှမ်းအော်ပေးရှာတယ်)
အဖိုးတွက် ထားခဲ့တာ…မယူတော့ဘူး…မိုးရေထဲ နေမကောင်းဖစ်မယ် ထီးဆောင်းပြီ ပြန်နော်
အဖိုး အရမ်းပျော်နေတဲ့ အပြုံးလေးတွေနဲ့ ပြုံးကြည့်ပြီ ကျန်ခဲ့ရှာတယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
unicode
☎ 09-5408437
Leave a Reply