ညီမကိုယ်တိုင်ရိုက်လေး မလိုချင်ဖူးလားလို့ Cb ကနေ မေးလာတဲ့ ညီမငယ်လေးနဲ့ အပြင်မှာ တွေ့သောအခါ….
ဟဲ … ဟဲ … ကိုယ်က လူလည်လေ။
unicode
ညီမကိုယ်တိုင်ရိုက်လေး မလိုချင်ဖူးလားလို့ Cb ကနေ မေးလာတဲ့ ညီမငယ်လေး
ည ကပေါ့ဗျာ Cbကနေ လာပြောတယ် ။
” အကိုရေ …. ညီမ ကိုယ်တိုင်ရိုက်တာလေး မလိုချင်ဘူးလား? ” တဲ့ ။
ဟဲ … ဟဲ … ကိုယ်က လူလည်လေ။
” ယူပါဘူး … အလိမ်အညာတွေ ကြောက်တယ် ။ ငွေလွှဲဝင်ပြီးသွားရင် ဘလော့ခ်သွားမှာပေါ့…” လို့ ပြန်ပြောလိုက်တယ် ။
” မလိမ်ရပါဘူး အကိုရယ် ။ မယုံရင် အပြင်မှာ လူတွေ့ငွေရှင်း လုပ်မလား? ” တဲ့ ။
ဒါမျိုးကတော့ သိပ်မဆိုးဘူး ။ စိတ်ချရလောက်တယ်ဆိုပြီး ချိန်းလိုက်တယ် ။
အပြင်မှာ ဆုံတော့ ငွေပေးရတာ သိပ်မများပါဘူး ။ ငါးထောင်ထဲပါ ။
ငွေပေးပြီးတာနဲ့ ” ကဲ ဘယ်မှာလဲ? ညီမရဲ့ ကိုယ်တိုင်ရိုက်လေး  ” ဆိုတော့ ” မလောပါနဲ့ အကိုရဲ့၊ လာမှာပေါ့ ” ဆိုပြီး…..
” ဖျောင်း ” ကနဲ ရိုက်ချလိုက်တာများ….. မျက်လုံးထဲ မီးတောင်ပွင့်သွားတယ် ။
” အကို … ထပ်လိုချင်သေးလား? ကိုယ်တိုင်ရိုက်လေးလေ…” ဆိုလို့ မနည်းတားယူရတယ် ။
ငလူးမလေး … လက်သံပြောင်ချက် !!
Credit မူရင်းရေးသားသူ