ဆိုက်ကား ပြင်ပြီအပြန်…ဝက်သားဟင်းလေး ဝယ်ပြီ ထမင်းစားမယ်
အဖိုး ဦးမြင့်လွင်….အသက် (၇၀)ကျော်ပြီတဲ့
ယုဇနဥယျာဉ်မြို့တော် စတည်တည်းက ဆိုက်ကားနင်းတာတဲ့
အရင်က အရမ်းချမ်းသာတယ်တဲ့…ကံကြမ္မာ အလှည့်အပြောင်းမှာ….
မနက် အဖိုးဆီရောက်တော့…
အဖိုး ဆိုက်ကား အားလား ဗျ??
ဘယ်သွားမလဲ သား…အဖိုး ခဏနေ ဆိုက်ကားပြင်ရမှာမလို့…ဝေးရင် မလိုက်တော့ပါဘူး သားရယ်
မဝေးဘူး အဖိုး…ဒီနားလေးပဲ…ရှေ့လမ်းတင်ပဲ
အေး…အေး ဒါဆို တက် သား
မဟုတ်ဘူး အဖိုး…အဖိုးက ဘေးက ထိုင်လိုက်…သားက နင်းမယ် ဟေ……..
ဟုတ်တယ်လေ…တခါတလေ ထိုင်စီးကြည့်ပါအုံး ဗျ
ရောက်ပြီ အဖိုး….ဘယ်လောက်ကျလဲ ??
ဟေ…သားဟာက လမ်းလေး ကူးရုံကို…သား ပေးချင်သလောက်ပေးပါ သားရယ်
ရော့…အဖိုး (50,000)Ks… အဖိုး ဆိုက်ကားငှါးခပါ အဖိုး
ကျေးဇူးတင်ပါတယ် သားရယ်…အဖိုး ဆိုက်ကားလေး ပြင်ပြီ…အပြန် ဝက်သားဟင်းလေး ဝယ်ပြီ ထမင်းစားမယ်
အဖိုးက ဝက်သားကြိုက်တာလား…ဒါဆို သားနဲ့ တူတယ်
အသားထဲမှာ ဝက်သား အကြိုက်ဆုံးပဲ သားရယ်…ဒါမဲ့ အဖိုးကျ မစားနိုင်ပါဘူး…တခါတလေ စားဖို့တောင် အဆင်မပြေဘူး သားရယ်…ဒါကြောင့် ဝက်သားဟင်းလေးနဲ့ ဝယ်စားမယ်
ဟုတ် အဖိုး…စားနော်…သား နောက်မှ ထပ်လာခဲ့မယ်နော်… ဂရုစိုက်နင်းနော် အဖိုး
•အော…ကျနော်တို့ တခါတလေဆို ဝက်သားကို စားတာများပြီ မစားချင်လောက် အီခဲ့ပေမဲ့…တချို့အဖိုးအဖွားတွေကျ အရမ်းကြိုက်တာတောင် တခါတလေ စားဖို့ မတတ်နိုင်ကျဘူး
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
Leave a Reply