ပျော်လိုက်တာ အဖေကြီးရယ်….ကျမတို့ ဒီ…သားလေးကြောင့် လျှောက်မပတ်ရတော့ဘူး…..
လာ…အိမ်ပြန်ကြမယ် အဖေကြီးရေ…..
အဖိုးက အသက် (၈၁)နှစ် ရှိပီတဲ့… အဖွားက (၇၉)နှစ် ရှိပြီတဲ့
လင်မယား (၂)ယောက်….မနက်ဆို… တွံ့တေးဘက်ကနေ….ရန်ကုန် တက်လာကြတယ်….
တလမ်းဝင် တလမ်းထွက် ပဲကောက်ညှင်းထုပ် ငှက်ပျော်ကောက်ညှင်းထုပ်လေးတွေ လိုက်ရောင်းကြတယ်….
ကျနော်လဲ… အပြင်သွားရင်း ဗိုက်ဆာ….အဖိုးအဖွားတို့နှင့် ကွက်တိတိုး….
အဖိုးအဖွား…ဘယ်လိုရောင်း? ?
အသေး… ၃ထုပ် 1,000 Ks
အကြီး… ၁ ထုပ် 500 Ks
ဟုတ် အဖွား…ဘယ်နှထုပ် ရှိတုန်း? ?
အများကြီးပဲ သားလေး….
ဟုတ်…အဲ့ အများကြီး အကုန် သား…ယူမယ်…အဖွား တွက်ကြည့်လိုက်နော်….
အကုန်….23,000 Ks သားရေ…
ဟုတ် အဖွား….
ရော့…. ဒါက မုန့်တွက် 25,000 Ks နော်….ဒါက အဖိုးနဲ့အဖွား လိုရာသုံးဖို့ 50,000 Ks နော်
အဖွားတို့ မိုးရွာနေပြီနော်….အိမ်ပြန်တော့နော် ☺☺
ကျေးဇူးတင်လိုက်တာ…သားလေးရယ်…အဖွားတို့ လျှောက်မပတ်ရတော့ဘူး…
ဖေကြီးရေ…လက်ဖက်ရည်လေး သောက်ပြီ….ကျမတို့ ပြန်ကြမယ်
• ကျနော်တို့တွေ အေးဆေး လက်ဖက်ရည်ဆိုင် ထိုင် မုန့်စားနိုင်ပေမဲ့…..တချို့ အဖိုးအဖွားတွေ….နေပူမရှောင် မိုးရွာမရှောင် တလမ်းဝင် တလမ်းထွက် နဖူးမှ ချွေး ခြေမကျတဲ့ထိ ရောင်းမှ လက်ဖက်ရည်လေးသောက်နိုင်ကြတာ
အဖိုးအဖွားတွေအတွက် အမြဲ ကူညီနိုင်တဲ့သူ ဖြစ်ရပါစေ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
– 095408437
unicode
– 095408437
Leave a Reply