လမ်းဘေး မအိပ်ရတော့ဘူး…အိမ်ငှါးလို့ရပြီ
အဖွား ဒေါ်လှကြည်
အသက် (၇၀)နှစ်…အမ (၇၂)နှစ်နဲ့ အတူ နေတယ်တဲ့
နေ့လည်စာ စားပြီ အပြန်…
လက်ဖက်ရည်လေး သောက်ချင်လို့ပါ…သားရယ် အားပေးပါဆိုတဲ့ စကားသံကြောင့်….
အဖွား…ဘာတွေ ရောင်းတာတုန်း??
ကရမက် သား…အရမ်း ကောင်းတယ် သွေးလိမ်း…အသက်ရှည်တယ် သား
ဟုတ် အဖွား…ဘယ်လိုရောင်းတုန်း??
(၁)တုံး – ၁သောင်းပါ သားရယ်… သားယူမယ်ဆို (၈)ထောင်ပဲ ပေးပါ…စျေးဦးပေါက် လက်ဖက်ရည်လေး သောက်ချင်လို့ပါ
ဟုတ် အဖွား…အကုန် ယူမယ်ဆို ဘယ်လောက်ကျလဲ??
ဟယ်…တကယ်ကြီးလား…အဖွား မသိဘူး…သား တွက်ပြီ ပေးပါ သားရယ်
ဟုတ် အဖွား…(၅)သောင်းကျတယ်…ဒါနဲ့ အဖွားက တယောက်တည်း နေတာလား…ဘယ်မှာနေတုန်း??
အဖွားက (၇၂)နှစ်အရွယ် အမကြီးနဲ့နေတယ်…တွံ့တေးဘက်မှာပါ…ခုတော့ လမ်းဘေးလေးမှာ တဲလေးနဲ့ နေတယ်
အမ်…လမ်းဘေးမှာ တဲထိုးနေတာလား ??
ဟုတ်တယ်လေ…အိမ်မငှါးနိုင်ဘူး…အိမ်ရှင်က အိမ်လစာ မပေးနိုင် ဆင်းခိုင်းတော့…အဖွားတို့ လမ်းဘေးနေတယ်
ဟုတ် အဖွား…ခု မိုးတွေလဲ ရွာနေတော့…ဒါကုန်ရင် ပြန်မှာပေါ့ ??
ပြန်မှာ…ပြန်မှာ…ပူနဲ့ အဖွားက အိမ်ပြန်ချင်နေတာ…မိုးတွေရွာတော့
ဟုတ် အဖွား…ရော့ (100,000) Ks
ဟာ…သား ပိုက်ဆံတွေ အများကြီး…အဖွားကို ပေးတာလား??
ဟုတ် အဖွား…အဖွားကို ပေးတာပေါ့…သုံးချင်တာ သုံးဗျာ🙏🏻🙏🏻🙏🏻
ဟာ…ပျော်လိုက်တာ…ပျော်လိုက်တာ….အိမ်ငှါးလို့ရပြီ…မမကြီးလဲ အိမ်လေးနဲ့ လုံခြုံနေလို့ရပြီ…ပျော်လိုက်တာ
ဟုတ် အဖွား…ပိုက်ဆံတွေ သေချာသိမ်းသွားနော်…ဂရုစိုက်ပြန်နော် 🙏🏻
ဝမ်းသာတယ်ဟေ့… လမ်းဘေးမနေရတော့ဘူး…အိမ်ငှါးလို့ရပြီ…အဖွား ပျော်လွန်းလို့ သားကို ဖက်နမ်းချင်တယ်
အဖွား နမ်းချင် နမ်းပေါ့ အဖွားရဲ့…အဖွားရဲ့ သားပဲ
(အဖွား ဖက်ကို နမ်းကော…အားရပါးရကို ပါးကို နမ်းတာ )
အဖွား သွားတော့မယ်…တာ့တာ…ပျော်တယ် ဟေ့…ပျော်တယ်ဟေ့
(ခုန်ပေါက်နေရော )
•အော…ဒီနေ့ အဖွား အပြုံး အလှဆုံးပါပဲဗျာ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
09-5408437
unicode
09-5408437
Leave a Reply