အများသိနိုင် ပြင်ဆင်နိုင် ကြိုတင်ရွှေ့ပြောင်းထားနိုင်ရန် ရှယ်ပေးပါ….

မန္တလေးတိုင်း စက်မှုမြို့သစ်သင်ပန်းကုန်းထဲ ၁၂၂ လမ်းနဲ့ ‌၁၂၃ လမ်းကြား အရှေ့အနောက်လမ်း ၄၉ လမ်းမှ၅၃ လမ်းအထိ ဧရိယာအတွင်း လမ်းကွက်များချရန် ဂရန်/စလစ်များမှအပ အာမို ကုမ္မဏီမှ ဝယ်ယူထားပြီးဖြစ်သဖြင့်အကုန်ဖျက်ဆီးနေပါသည်။

ရက်ခြားပြီးဖျက်မှာလို့သိရပါတယ်။

အထက်ပါဧရိယာမှာ လမ်း ၅၀ /၅၁ /၅၂ လမ်း‌ဧရိယာရှေ့နောက်နဲ့ ချောင်းဘေးကပ်ရက် အကုန်ပါမှာမို့ အဖိုးတန်ပစ္စည်းတွေရှိရင်

ကြိုတင်ရွှေ့ပြောင်းထားနိုင်ရန်နဲ့ အိမ်‌ဟောင်းကိုရောင်းလို့ရတာဖြုတ်ရောင်း၊ ရွှေ့လို့ရတာရွှေ့ နေရာရှာတန်သည်ရှာ ကြိုတင်လုပ်ဆောင်ပြီး နစ်နာမှုအနည်းဆုံးဖြစ်အောင် ကြိုတင်စီစဉ်နိုင်‌ရန် လေးစားစွာသတိပေးအပ်ပါတယ်ခင်ဗျာ။

၄၉ အရှေ့( ဋ) ရပ်ကွက်သစ်နဲ့ ဇီးအုပ်ရွာမများနဲ့ မသက်ဆိုင်ဘူးလို့တော့သိရ။

Edit အများသိနိုင် ပြင်ဆင်နိုင်ရန် ရှယ်ပေးပါ။

မြင်ကွင်း

စခနဲ့_အာမိုအင်အားစု_ပြည်သူ့အိုးအိမ်ဖျက်ဆီးနေစဉ်

ဗိုလ်တေ (စနေသား)

UNICODE








