ပေါင်တံမှာရှိတဲ့ အဆီပိုတွေကို သဘာဝအတိုင်းဖယ်ရှားဖို့ လေ့ကျင့်ခန်း

ပေါင်တံမှာရှိတဲ့ အဆီပိုတွေကို သဘာဝအတိုင်းဖယ်ရှားဖို့ လေ့ကျင့်ခန်း

ပေါင်တံက တုတ်ခဲပြီး ခြေသလုံးလေးက သေးသေး လေးဖြစ်နေတဲ့အခါ ဘောင်ဘီဝတ်ရင် အရမ်းကို ကြည့်ရ ရုပ်ဆိုးစေပါတယ်။

ဒါ့ကြောင့် ပေါင်တံသွယ်လျပြီး ပေါင်မှာရှိတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်မဲ့ လေ့ကျင့်ခန်းနည်းလမ်းလေး တွေရှိပါတယ်။

ဒီလို ပေါင်တံက အဆီတွေ ချဖို့အတွက် ဘာပစ္စည်းကိရိယာမှ မလိုအပ်တာကြောင့် သင့်အတွက် ငွေကုန်၊ အလုပ်ရှုပ်တာမျိုးလဲ မဖြစ်စေပါဘူး။

၁။ Frog bridge

ပထမဦးစွာ ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်ပြီး အိပ်အနေအထားနဲ့ တံတောင်ဆစ်ကို ကွေးပြီး ထောင့်ထားပေးပါ။

ဒူးနှစ်လုံးကိုလဲ ထောင်ထားပေးပြီး ခြေထောက်နှစ်ခုကို စုပေးပါ။ ပြီးလျှင် ထိုပုံစံအတိုင်း အပေါ်ကို ကော့တင်ပေးရမှာဖြစ်ပါတယ်။

အပေါ်ကို ကော့တင်တဲ့အခါ ခြေထောက်နှစ်ဖက်က စုနေပြီး ဒူးခေါင်း ၂ဖက်က ကားပြီး မြှောက်တင်ဖို့ အရေးကြီးပါတယ်။ ထိုနည်းအတိုင်း ၁၅ကြိမ်လောက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၂။ Squats

ကီထိုင်ခြင်းကိုကြိုက်တဲ့သူနည်းပေမဲ့ ခန္ဓာကိုယ်အောက်ပိုင်းအတွက်တော့ အရမ်းကို ထိရောက်တဲ့ လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။

ပထမဦးစွာ ပခုံး အကျယ်အတိုင်း သင့်ခြေထောက်နှစ် ဖက်ကို ချဲထားပေးပါ။ ပြီးလျှင့် ကျောကို ကော့ထား ပြီး ထိုင်ချလိုက်ပါ။

ကီထိုင်တဲ့အခါ အပြည့်ထိုင်ချတာမျိုးမဟုတ်ဘဲ ကုလားထိုင်ပေါ်မှာ ထိုင်ချသလို အနေအထားလောက်ပဲ ကီထိုင်ပေးပါ။ ထိုနည်းအတိုင်း ၁၅ကြိမ်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

၃။ Double pulse squat jumps

ပုံမှာ ဖော်ပြထားသလို ကီးထိုင်ပြီး ပြန်ထတဲ့အခါမှာ ခြေဖျားထောက်ပြီး အနည်းငယ်ခုန်ပေးရမှာဖြစ်ပါတယ်။

၃၀စက္ကန့်လောက်အချိန်ပေးပြီး ထိုနည်းအတိုင်း ၃ကြိမ်လောက်ပြုလုပ်ပေးသင့်ပါတယ်။ ဒီနည်းလမ်းက သင့်ပေါင်မှာရှိတဲ့အဆီတွေကို ချေဖျက်ပေးနိုင်ပါတယ်။

၄။ Lunges

ပထမဦးစွာ ပခုံးရဲ့ အကျယ်အဝန်းအတိုင်း သင့်ခြေထောက်ကို ချဲထားပေးပါ။ ပြီးလျှင်ပုံမှာဖော်ပြထားသလို ညာခြေကိုရှေ့တတ်ပါ။

ကွေးဆန့်တဲ့ ဒူးဆစ်အနေအထားက ထောင့်မှန်အနေအထားလောက်ရောက်အောင် ကွေးချပါပြီး ထိုင်ထလုပ်ပါ။

ထိုကဲ့သို့ ထိုင်ထလုပ်တဲ့အခါ လက်နှစ်ဖက်က ခါးမှာထောက်ထားပေးရမှာဖြစ်ပြီးဘယ်ညာ တစ်လှည့်စီ အကြိမ် ၂၀ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၅။ Gate swings

ခြေထောက်နှစ်ဖက်ကို ချဲပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်မှာ ပတ်လက်လှန်ထောက်ထားပေးပါ။ ပြီးလျှင် ထိုအနေအထားအတိုင်း ပုံမှပြထားတဲ့ ပုံစံရောက်အောင် ကီထိုင်ချပြီးပေးပါ။

ကီးထိုင်ပြီး ပြန်ထတဲ့အခါ ခန္ဓာကိုယ်ကို အနည်းငယ် ခုန်ပြီးခြေပြန်ချတဲ့အချိန် ခြေနှစ်ဖက်ကို ကြက်ခြေခပ် အနေအထားရောက်အောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထိုနည်းအတိုင်း စက္ကန့် ၄၀ လောက် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

၆။ Diamond kicks

ပထမဦးစွာ ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်အိပ်ပြီး လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ကပ်ထားပေးရမှာဖြစ်ပါတယ်။

ခြေထောက်နှစ်ဖက်ကို မိုးပေါ်ထောင်ပြီး ကားပါ။ ကားပြီးလျှင် ပြန်စုပါ။ စုပြီးလျှင် ခြေဖဝါးနှစ်ဖက်ကို ထိပြီး ပုံ ၃မှာဖော်ပြထားသလို အနည်းငယ်ကွေးချပေး ပါ။

ထိုအဆင့ျ ၃ဆင့ျကို ဖွေးဖွေးနဲ့ မှနျမှနျ အခြိနျ ၂မိနဈ ခှဲလေောကျပေးပွီးပွုလုပျပေးသင့ျပါတယျ။