ထမင်း စားလို့ရပြီ… အဖွားမှာ သွားတွေ အကုန်ရှိသွားပြီ
အဖွား အသက် (၇၇)နှစ်တဲ့
သား (၂)ယောက်ရှိတယ်တဲ့…တယောက် မှ မကြည့်နိုင်ဘူးတဲ့
ဒါကြောင့် ရိပ်သာမှာ ကိုယ့်ဘာသာ နေဖို့ဆိုပြီ ဆက်သွယ် နေထိုင်ခဲ့တယ်တဲ့
အဖွား ဆေးခန်းရောက်လာတော့…သွား (၄)ချောင်းပဲ ရှိတယ်
အဖွား ပြောတဲ့ စကားလေး တခွန်းက…ကျနော့် ရင်ထဲအတော်ထိတယ်
` သား…အဖွား မသေခင် ထမင်း အားရပါးရ ဝါးပြီ စားချင်တယ် သားရယ်
ခုဆို အဖွား မဝါးနိုင်လို့ အရည်သောက် မြိုချနေရတာ
အဖွား ထမင်း ဝါးစားပြီ နေချင်သေးတယ်
ဟုတ် အဖွား…အဖွားက ထမင်း အားရပါးရ ဝါးပြီ စားချင်တယ်ဆို သွားတွေ ရှိမှ ရမှာ…သွားတွေ လုပ်မယ်ဆို (၂၄)ချောင်း ထပ်လုပ်ရမှာ…(၆)သိန်း ဝန်းကျင်လောက်ကုန်မှာ
ဟာ…အဲ့လောက်တောင်လား…အဲ့ဒါဆို နေပါစေတော့ သားရယ်…အဖွားမှာ မရှိဘူး…အဖွား ကံပေါ့ သားရယ်
ကဲ…စိတ်မကောင်း မဖြစ်နဲ့… သား အံကပ် လုပ်ပေးမယ်…ဟုတ်ပြီလား…နောက် တပါတ်နေရင်…အဖွား နဲ့ ပြန်စုံမယ်
တကယ် ပြောတာနော်…တကယ်နော်…ဒါဆို အဖွား ထမင်းစားလို့ရပြီ
နောက်တပါတ် ပြန်တွေ့တော့….
ကဲ…လာပါ ဗျ…အံကပ် တပ်ပေးမယ်နော်…အဖွား သွားတွေ ပြန်စုံပြီ
ဝမ်းသာလိုက်တာ…ကျေးဇူးတင်ပါတယ် သားရယ်…ခုဆို ထမင်းလဲ ဝါးပြီ စားလို့ရပြီ…ရယ်ရင်လဲ ရှက်နေစရာမလို…အားရပါးရ ရီလို့ရပြီ
ဒါဆို သဘောကျပြီပေါ့နော်…ကျေနပ်ပြီလား ??
ကျေနပ်ပြီ…ပျော်လိုက်တာ
ဒါဆို ဒီနေ့ကစပြီ…အားရပါးရ စားမယ် ဝါးမယ်…သွားဖြဲပြီပဲ အမြဲ ရီတော့နော်
❤️ အဖွား အပြုံးလေးက အလှဆုံး ဖြစ်သွားပြီ ❤️
•အော… မိဘဆိုတာ သားသမီး ဘယ်နှယောက်ဖြစ်ဖြစ် အဆင်မပြေတောင် ရအောင် ရှာကျွေးခဲ့တယ်…မိဘ တယောက်တည်း ကျွေးထားဖို့ကို သားသမီးတွေက မကျွေးမွေးနိုင်ကြဘူး
တကယ် အဆင်မပြေတဲ့ ဆင်းရဲနွမ်းပါး အဖိုးအဖွားများ သွားနှင့် ပတ်သက်ပြီ ပြသချင်ပါက ကျနော်တို့ Beauty တို့ လာခဲ့နော်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
☎ 09-5408437
Leave a Reply