သရက်ကင်ရောင်းတဲ့ ဂျမ်းတောလေးကို ကြည့်ပြီး ရင်ထဲဝင်လာတဲ့ ဝမ်းနည်းဖွယ် အတွေးတစ

သရက်ကင်ရောင်းပြီး မိသားစုကို လုပ်ကျွေးနေတဲ့ ကလေးမလေးနဲ့ မိသားစုရဲ့ video ကို ကြည့်ပြီးတော်တော်လေး စိတ်ညစ်သွားတယ်။ ဒီနိုင်ငံမှာ ဒီလိုကလေးတွေ ဒီလိုမိဘတွေ ဒီလိုရှင်သန်မှုတွေကို မြင်နေတွေ့နေရတာပဲလေ။

မောင်နှမ ၁၀ ယောက်ရှိပြီး တစ်ယောက်မှ ၁၀ တန်းတောင် မအောင်ဘဲ ဖြစ်သလိုနေထိုင် ဖြစ်သလိုရှင်သန်နေကြရတာ။ ကလေးတစ်ယောက် ကောင်းကောင်းကြီးပြင်းလာဖို့ ပြင်ဆင်မှု ဘာဆိုဘာမှမရှိဘဲ လူ့လောကထဲ ဆွဲခေါ် ခံခဲ့ရတဲ့ ကလေးတွေပေါ့။

မိဘတွေကို ကြည့်တော့လည်း တာဝန်မကင်းတဲ့စိတ် အပြစ်ရှိတဲ့စိတ် တစ်စက်လေးမှ ရှိတဲ့ပုံမပေါ်ဘူး။ ဘာပြင်ဆင်မှုမှ မရှိဘဲ ကလေးတွေကို လူ့လောကထဲ ဆွဲခေါ်ခဲ့သလို အနာဂတ်အတွက်လည်း ဘာ plan မှ မရှိဘူး။ ဆေးထိုးလည်း မရဘူး။

တားလည်းမရလို့ မွေးတာဆိုပြီး ရယ်ရယ်မောမောပြောသွားပေမယ့် ကြည့်နေတဲ့ ကိုယ်ကတော့ တော်တော်လေးစိတ်ကုန်မိတယ်။

လူ့လောကထဲ ကလေးတွေခေါ်ပြီး အတူတူ မွဲခိုင်း အတူတူ ဒုက္ခခံခိုင်းနေတာပဲ။ ဒီနိုင်ငံမှာ တာဝန်မယူနိုင်ဘဲကလေးမမွေးဖို့ သားဆက်ခြားဖို့ ပညာပေးဖို့ အများကြီးလိုအပ်နေတယ်လို့ထင်တယ်။

ပညာတတ်တစ်ယောက်ဖြစ်ပြီး အဆင်ပြေတဲ့နေရာ တစ်ခုမှာရှိနေတဲ့ ကိုယ့်အခြေအနေမှာတောင် ကလေးတစ်ယောက်ကို ကိုယ့်ဘဝထဲလူ့လောကထဲ ဆွဲခေါ်ဖို့ တွေးတောင်မကြည့်ရဲဘူး။

ရုပ်ပိုင်းဆိုင်ရာအရ ပြည့်စုံရင်တောင်မှ စိတ်ပိုင်းဆိုင်ရာအရ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ယုံကြည်ချက်မရှိဘူး။ ကလေးတစ်ယောက် ကောင်းကောင်းကြီးပြင်းဖို့ အစစအရာရာ ပြည့်စုံမှ ပြင်ဆင်ပြီးမှ ကလေးယူသင့်တယ်။

ထမင်းရည်ပူ အတူတူသောက်နိုင်လို့ တဲအိုပျက်မှာ အတူတူနေနိုင်လို့ နှစ်ယောက်တစ်ဘဝ ထူထောင်ကြတာကိစ္စမရှိပေမယ့် ကိုယ့်ကလေးတွေအထိပါ ထမင်းရည်ပူအတူတူ သောက်ခိုင်းပြီး တဲအိုပျက်မှာ အတူတူနေခိုင်း ဒုက္ခခံခိုင်းတာတော့ မဟုတ်တော့ဘူးလေ။

ထက်မြက်နိုင်ဇင် ပြောသလိုပဲ လူမဟုတ်တဲ့ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ကြားက ဘေးထွက်ပစ္စည်းတွေ မဖန်တီးကြပါနဲ့။

(Myat Wutthmone Htike) (Myanmar Celebrity TV ထံမှ ပုံများကို ယူသုံးထားပါသည်